Sunday, September 8, 2024

ရှင်နာဝပ်အစီအမံနဲ့ ထိုင်းစစ်တပ်သင့်မြတ်ရေး



နိဒါန်း

ထိုင်းနိုင်ငံရေးလောကမှာ ဩဇာအရှိန်အဟုန်ရော လူအကြိုက်အများဆုံးရော ဖြစ်ခဲ့တဲ့ ရှင်နာဝပ် မိသားစုဟာ ဆိုရင် အခုဆိုရင် သက်ဆင်ရှင်နာဝပ်သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်က အသက်ငယ်အဆုံးနဲ့ ထိုင်းဝန်ကြီးချုပ်နေရာကို ရယူသွားခဲ့ပါတယ်။ ရှင်နာဝပ် မိသားစုဟာဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အတော်လေး အောင်မြင်နေ တာဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်တွေက ကျဆင်းနေတဲ့ အနေအထားမှာရှိနေပြီး မတည်ငြိမ်း သေးတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ဟာ ထိုင်နိုင်ငံရဲ့ စီးပွားရေးနဲ့ တည်ငြိမ်းမှု တွေကို ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကတော့ ပေထုံတန်ရဲ့ ထိုင်းနိုင်ငံပေါ်မှာ ထားတဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ အများကြီးသက်ဆိုင်နေပါလိမ့်မယ်။ ယခင်က ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ အဖေဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့က ဘယ်လိုပုံစံတွေနဲ့ ထိုင်းနိုင်ငံနဲ့ပေထုံတန်ရဲ့ အပေါ်မှာပါ လွှမ်းမိုးသွားမလဲဆိုတာကလည်း ထိုင်း လူထုတွေက စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။

သက်ဆင်ရှင်နာဝပ် အကြောင်း

ဒီတော့ နောက်ကြောင်းကို ပြန်ကြောက်ရမယ်ဆိုရင် သက်ဆင်ရှင်နာဝပ်ဆိုသူဟာ ထိုင်းနိုင်ငံတွင် (Advanced Info Service) မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အအောင်မြင်ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပါတယ်။ သက်ဆင်ဟာ ၁၉၉၄ ခုနှစ်က နိုင်ငံရေးလောက်ကထဲ စတင်ဝင်ရောက်ခဲ့ပြီးတော့ ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့ပါတယ်။ သက်ဆင်ရှင်နာဝပ်ဟာ ထိုင်နိုင်ငံမှာ ငွေကြေးချမ်းသာသူ လည်းဖြစ်၊ ဝန်ကြီးချုပ်လည်း ဖြစ်လာတော့ အတော်လေးကို ရေးပန်းစားတဲ့ လူတဦးဖြစ်လာပါတယ်။ သက်ဆင် ဝန်ကြီးချုပ်ဖြစ်ချိန် ထိုင်နိုင်ငံရဲ့ စီးပွားရေးတွေကောင်းခဲ့ပြီး ပြည်သူဆင်းရဲမှုတွေကို လျော့ချနိုင်ခဲ့တဲ့အတွက် လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့်လို့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ငွေကြေးတက်နိုင်တဲ့ သူကအာဏာရှိနိုင်ပေမယ့်လို့ စစ်တပ်ကိုတော့ ငွေနဲ့အာဏာယူလို့မရပါဘူး။ ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က နိုင်ငံကိုစစ်အာဏာသိမ်း လိုက်ပါတော့တယ်။ သက်ဆင်ရှင်လည်း ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။

သက်ဆင်ထွက်ပြေးရသည့်အကြောင်း

၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းချိန်မှာ သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်အစိုးရအဖွဲ့လည်း ပြုတ်ထွက် သွားပြီးနောက် သက်ဆင်ကို အမှု (၄) မှုနဲ့ တရားစွဲခဲ့ပါတယ်။ အဲ့ဒီအမှုတွေကတော့ ၂၀၀၄ ခုနှစ်မှာ ပို့ကုန်-သွင်းကုန် ကဆင့် မြန်မာနိုင်ငံကို ငွေကြေး ၄ ဘီလျှံအထိချေးပေခဲ့ပါတယ်။ ရာထူးအာဏာကို အလွဲသုံးစားမှုတွေအပြင် ၂ လုံးထီ နဲ့ ၃ လုံးထီကို စတင်ဖို့လုပ်ခဲ့တာတွေလည်း ပါရှိပါတယ်။ နောက်တချက်က ရှင်နာဝပ် မိသားစုပိုင်တဲ့ ထုတ်ကုန်တွေ ကို ပြည်သူတွေ သုံးစွဲနိုင်အောင် အတိုးနည်းနည်းနဲ့ ချေးပေးမှု စတဲ့အချက်တွေနဲ့ တရားစွဲခဲ့ပါတယ်။ ဒီလို အမှုတွေကို သက်ဆင်က ရင်မဆိုင်ဘဲ ၂၀၀၈ ခုနှစ်မှာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို သက်ဆင်က လွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး နိုင်ငံရဲ့ ဘဏ္ဍာငွေတွေ ထိခိုက်လာတဲ့အတွက် အခုလို စစ်တပ်က အာဏာသိမ်း တာ အပြင် တရားစွဲဖို့လုပ်တာလို့ မှက်ချက်ပြုလို့ရပါတယ်။

ယင်လပ် ရှင်နာဝပ်အကြောင်း

ယင်လပ်ရှင်နာဝပ်ဟာ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လုပ်ငန်းတွေကို ဦးဆောင်ပြီး စီးပွားရေးမှာ နာမေကြီးတဲ့ ယင်လပ်ဟာ ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အနိုင်ရခဲ့ပါတယ်။ ယင်လပ်ဟာ  နိုင်ငံရေးထက် စီးပွားရေးကို အလွန်စိတ်အားထက်သန်သူတဦးဖြစ်ပါတယ်။ ယင်လပ်မှာ ထိုင်းဝန်ကြီးချုပ်နေရာကို သက်တမ်းပြည့် ထမ်းဆောင်ခဲ့ရသူတယောက်မဟုတ်ပေ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ အရောက်မှာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး ယင်လပ်အား တရားရင်ဆိုင်စေခဲ့ပါတယ်။ ယင်းလပ်ရှင်နာဝပ်ဟာ ဆန်အမတော်ကြေးအစီအစဉ် မအောင်မြင်သည့်အတွက် အပြစ်ဒဏ်ခံရန်ရှိသော်လည်း ယင်လပ်ဟာ ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွား ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ယင်လပ် ပြည်ပထွက်ပြေးချိန်မှာတောင် ဖမ်းဝရမ်းတွေလည်း ထုတ်ခဲ့ပါသေးတယ်။

ပေထုံတန် ရှင်နာဝပ် အာဏာရလာချိန်

ပေထုံတန်ရှင်နာဝပ် ဟာယခင် သက်ဆင်ရှင်နာဝပ်ရဲ့ သမီးတဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ MFP ပါတီဟာဆိုရင် ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားတာကြောင့် ပါတီဖျက်ဆီးခံလိုက် ရပါတယ်။ အဲ့ဒီနောက်မှာ ဒုတိယမဲအများဆုံးအနိုင်ရတဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် ဆရတ်သာကို ရွေးချယ်ခဲ့ ပါတယ်။ ဒါပေမယ့်လို့ ဆရတ်သာဟာ ဝန်ကြီးချုပ်နေရာကို ကျင့်ဝတ်ဖောက်ဖျက်မှုပုဒ်မတွေကြောင့် ရာထူးမှ နှုတ်ထွက် သွားခဲ့ရပြန်ပါတယ်။ ဒါနဲ့ ပေထုံတန်ဟာ ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ခံရသူဖြစ်လာပါတော့တယ်။ ပေထုံတန် ဝန်ကြီးချုပ်ဖြစ်လာတာဟာ တိုက်ဆိုင်မှုတွေအများကြီးရှိခဲ့ပါတယ်။ ပေထုံတန် ဝန်ကြီးချုပ်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ MFP ပါတီဟာ ဆိုရင်လည်း ပါတီဖျက်သိမ်းရတဲ့အပြင် ပါတီခေါင်းဆောင်တွေပါ နိုင်ငံရေးလောကနေ ၁၀ နှစ်အထိ တားမြစ်ခံလိုက်ပါ တယ်။ နောက်ထပ် သူမရဲ့ ပါတီကပဲ ဝန်ကြီးချုပ်ရာထူးယူထားတဲ့ ဆရတ်သာဟာလည်း ပြစ်မှုတွေနဲ့ နှုတ်ထွက်ပေးခဲ့ရပါတယ်။ ဒါတွေက ပေထုံတန် ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် အရင်းအနှီးတွေပြောရင်လည်း မှားမယ်မထင်ပါဘူး။

သက်ဆင်ပြည်တော် ပြန်ဝင်ချိန်

၁၅ နှစ်ကြာပြည်ဘဝဖြစ်ခဲ့တာ သက်ဆင်ရှင်နာဝပ်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ၊ ဖွေထိုင်းပါတီတို့ မဲအနိုင်ရချိန်မှာ ထိုင်းနိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာပါတယ်။ သူပြန်လည်ရောက်ချိန်မှာ ထိုင်းတရားရုံးက ထောင် (၈) နှစ်ကျခံရန် အတွက် အမိန့်ချမှတ်ခဲ့သော်လည်း သက်ဆင်ဟာ ကျန်းမာရေးကိုအကြောင်းပြပြီးတော့ ဆေးရုံတက်ပြပါတော့တယ်။ ထိုင်းစစ်တပ်ကလည်း သက်ဆင်ပြန်လာတာကို ကြိုဆိုခဲ့ပြီး ပြန်လည်သင့်မြတ်ရေးလုပ်မယ်လို့‌လည်း ပြောကြားခဲ့ ပါတယ်။ အဲ့ဒီနောက် သက်ဆင်ကို ထိုင်းဘုရင်က သက်ဆင်ကျခံရမယ့် ထောင်ဒဏ်တွေအတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တချိန်လုံးအာဏာသိမ်းလာတဲ့ စစ်တပ်က သက်ဆင်ပြန်လာချိန် ကြိုဆိုခဲ့ပြီးတော့ သက်ဆင်းရဲ့ သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ကိုလည်း ဝန်ကြီးချုပ်အဖြစ်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေးအရ ရော နိုင်ငံရေးအရပါ အရှိန်ဩဇာကြီးမားတဲ့ ရှင်နာဝပ်မိသားစုနဲ့ ထိုင်းစစ်တပ်တို့ ဘယ်အထိသင့်မြတ်နိုင်မလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

နိဂုံးချုပ်

သက်ဆင်နဲ့ ထိုင်းစစ်တပ်ဟာ သင့်မြတ်ရေးအတွက် နားလည်ထားမှုရှိနေချိန်မှာ ပေထုံတန် ဝန်ကြီးချုပ်က လွှတ်တော် အစိုးရသစ်ဖွဲ့တဲ့အထဲမှာ ထိုင်းစစ်တပ်ရဲ့ပါတီအားလုံးချန်လှပ်ထားခဲ့ပါတယ်။ ဒီလိုချန်လှပ်ခံရခြင်းဟာ ထိုင်းစစ်တပ် အတွက်အနာကို ဒုတ်နဲ့ ထိုးဆွလိုက်သလိုပါပဲ။ နောက်တချက်က သက်ဆင်ဟာ မြန်မာ စစ်တပ်နဲ့ အတိုက်အခံတော်လှန်ရေးတပ်တွေအကြားမှာ ငြိမ်းချမ်းပွဲစားလိုလိုနဲ့ ကြားဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ယခင် မြန်မာနိုင်ငံကို ၄ ဘီလျှံငွေချေးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့်လို့ ယခုချိန်မှာလည်း သက်ဆင်ဟာ ထိုင်းနိုင်ငံစစ်တပ် ရဲ့ ခွင့်ပြုချက်မရှိဘဲ သူရဲ့ သဘောနဲ့ လုပ်ဆောင်နေပါတယ်။ အခြားတဖက်မှာ ပေထုံတန်က နိုင်ငံရေးထက် စီးပွားရေး ကို စိတ်အားထက်သန်သူဖြစ်ပြီး ဝန်ကြီးချုပ်နေရာကိုရွေးချယ်ခံလိုက်ရတာဟာ သူ့အတွက်ကြိုးဆွဲရာကရမယ့် ပုံစံ‌ တွေမြင်တွေ့နေရပါတယ်။ ထိုင်းနိုင်ငံရေးဇာတ်ခုံမှာ ရှင်နာဝပ်မိသားစုက စစ်တပ်ကိုချန်လှပ်ခဲ့မယ်ဆိုရင် နောက်ထပ် အာဏာသိမ်းမှုပုံစံတွေကတော့ တွေ့မြင်ကောင်းမြင်လာရနိုင်ပါတယ်။ သက်ဆင်လိုနိုင်ငံရေးကို ငွေကြေးတွေပုံအော သုံးပြီး လုပ်ချင်သလိုလုပ်မယ့်ဆိုတဲ့ အတွေးနဲ့ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုတွေက သင့်မြတ်ရေးကိုတကယ်ပဲ ဦးတည်နိုင်မလားဆိုတာ wait & See ပါခင်ဗျာ။

 

 

 

 

 

 

 

Saturday, September 7, 2024

ရခိုင်မှာ စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်နှင့် သွားလာခွင့်ကို လုံးဝပိတ်ပင်လာ



ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ, ကျောက်ဖြူ နှင့် ဂွ ဘက်ကို ကုန်စည်သယ်ယူခွင့်တွေကို ယခင် ကထက်ပိုပြီး လုံခြုံရေးတင်ကျပ်မှုတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေသောကြောင့် ဒေသခံတွေကြား စားဝတ်နေရေး အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါသည်။

ရခိုင်တွင် တိုက်ပွဲစဖြစ်သည့်အချိန်မှစ၍ စစ်ကောင်စီက စစ်တွေမြို့ကို ခရီးသွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင် ခွင့်တွေ ကန့်သတ်ထားပါသည်။ ထို့နောက် လမ်းတံတားတွေကို မိုင်းခွဲဖျက်စီးတာတွေ, ကုန်လမ်းရေလမ်း ပိတ်တာ တွေ, ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်တာတွေ, စစ်တွေ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ် တာတွေနဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေကို ပေါ်ပေါ်တင်တင်ကျူးလွန်လာခဲ့ပါသည်။ ယခု စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကို ခြံစည်းရိုးခတ်ရန် စစ်ကောင်စီက ပြင်ဆင်နေတာကိုလည်း တွေ့ရပါသည်။

မေလ (၂၉) ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာသားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ဩဂုတ်လ (၃၀) ရက်နေ့မှာ ဖမ်းဆီခံထားရသည့် ဗျိုင်းဖြူရွာသား (၁၄၁) ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ထောင်ချခဲ့ပြီး, စက်တင်ဘာ (၆) ရက်နေ့မှာ ထပ်မံ၍ (၉၃) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ ပါသည်။

စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ဖို့အတွက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ် ဂွမြို့ကအဝင် အထွက်လမ်းတွေကိုလည်း  ဩဂုတ်လ ၂၇ ရက်ကစပြီး ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်လျက်ရှိတဲ့ ဂွမြို့မှာလည်း ဧရာဝတီတိုင်းဘက်မှ ကုန်စည်သယ်ယူခွင့်တွေကို လုံးဝပိတ်ပင် လိုက်ပါသည်။ ထိုသို့ ပိတ်လိုက်ခြင်းကြောင့် ဂွမြို့တွင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေပြတ်လပ်နေပြီး ထမင်း ချက်ရန် ဆန်တောင် ဝယ်ရခက်နေသည်ဟု ဒေသခံတဦးဆီမှ သိရှိရပါသည်။ ယခုလို ပိတ်လိုက်ခြင်းဟာ ကုန်စည်တွေ သာမက လူသွားလာခွင့်တွေကို ပိတ်လိုက်တာလို့ သိရှိရပါသည်။

ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းပိုင်တွေအားလုံးကို ဖြတ်တောက် ထားတာဖြစ်ပြီး အစပိုင်းတွင် စစ်ကောင်စီကို ငွေလာဘ်ထိုး၍ သွားလာလို့ရသော်လည်း ယခုဆိုလျင် စစ်ကောင်စီ လက်အောက်ခံများကလွဲ၍ မည်သူမှသွားလာခွင့်မရတော့ကြောင့် ဂွဒေသခံတဦးထံမှ သိရှိရပါသည်။

Friday, August 30, 2024

ခဲ တလုံးနဲ့ ငှက်နှစ်ပစ်ဖို့ကြိုးစားနေတဲ့ တရုတ်

 

တရုတ်က TNLA ကိုသတိပေးခြိမ်းခြောက်စာ





ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူတိုက်ပွဲဆင်လာတဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို တရုတ်က စစ်ပွဲတွေချက်ချင်းရပ်တန့်ဖို့ ဖိအားပေးလာတာမျိုးကိုတွေ့ရပါတယ်။ ဩဂတ်(စ်)လ ၂၉ နေ့စွဲနဲ့ တရုတ်-မြန်မာနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်တပ်ဟာ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီ၏ ပေးပို့စာအမည်နဲ့ တရုတ်ပြည်နယ်စပ်ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားအသက်ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိစစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောက်ရွက်ရမည်။ သို့မဟုတ်ပါက တရုတ်ဘက်မှ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင် မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်ဟု ခြိမ်းခြောက်ရေးသားထားတဲ့ စာကို TNLA ထံပို့ခဲ့ကြောင်း သတင်းပျံ့နှံမှုတွေဖြစ်လာခဲ့ပါတယ်။

TNLA ဟာဆိုရင် ၁၀၂၇ စစ်ဆင်ရေးအပိုင်းတွေ မှာ မြောက်ပိုင်းညီနောင် (၃) ဖွဲ့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ မန္တလေး MDY-PDF စတဲ့ စစ်ကောင်စီကိုတော်လှန်တဲ့ အင်အားစုတွေနဲ့ ရွက်ရွက်ချွန်ချွန် တိုက်ပွဲဝင်ခဲ့တာကိုတွေ့ရပါတယ်။

တရုတ်အနေနဲ့ မြောက်ပိုင်း(၃) ဖွဲ့ရဲ့ စစ်ရေးကစားနေပုံ စစ်ကောင်စီအပေါ်မှာလည်း ဘယ်လိုကူညီပေးနေပုံ နှစ်ဖက်ပုံစံနဲ့ နိုင်ငံရေးကစားကွက်တွေကို ကျွန်တော်အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ အခုလို စစ်ကောင်စီကိုတိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဆီကို ခြိမ်းခြောက်တဲ့ပုံစံတွေနဲ့ စာပို့လာမယ်လို့ ထင်မထားခဲ့ပါဘူး။

စစ်အာဏာရှင်အမြစ်ပြုတ်ဖို့အတွက် တိုက်နေကြတဲ့ တော်လှန်ရေးအင်အားစုကို ဒီလိုခြိမ်း ခြောက်တဲ့ စာပို့လာတာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အင်အားစုတွေအားလုံးကို စော်ကားလိုက်တာနဲ့ တူတူပါပဲ။ စစ်ကောင်စီကလည်း တရုတ်ကို မြန်မာနိုင်ငံက သယံဇာတတွေနဲ့ လာဘ်ထိုးတယ်။ ပြီးတော့ မြောက်ပိုင်း (၃) ရဲ့နိုင်ငံရေးစံတွေကို ပြောင်းလဲခိုင်းတယ်။

တရုတ်ကလည်း မြန်မာနိုင်ငံကရတဲ့ သယံဇာတအကျိုး အမြတ်တွေကို ဈေးပေါပေါနဲ့ ရသမျှကိုနှိုက်ယူချင်တယ်။ ပြီးတော့ စစ်ကောင်စီကို သူတို့ရဲ့ဩဇာအောက်မှာ ရောက်လာအောင် အစတုန်းက ရှမ်းမြောက်တိုက်ပွဲတွေနဲ့ အကျပ်ကိုင်ခဲ့တယ်။ ဆိုတော့ တရုတ်က မြန်မာနိုင်ငံရှိ တဲ့ တော်လှန်ရေးအင်အားစုတွေကို ချုပ်ကိုင်ဖို့ကြိုးစားလာနေတယ်ဆိုတာ အခုဆိုရင် ပိုလို့တောင် ပုံပေါ်လာပါပြီ။

TNLA လို လက်နက်အင်အား လူအင်အားအရင်းအမြစ်ရှိတဲ့ တပ်ဖွဲ့တခုကို အခုလိုစာပို့ဖိအားပေးလာတာဟာ တကယ်ကို ယုတ္တိမတန်တဲ့ လုပ်ရပ်တခုဖြစ်ပေမယ့်လို့ အံ့ဩစရာတခုလည်းဖြစ်ပါတယ်။ TNLA ဘက်က အခုချိန် ဘာတုံ့ပြန်မှုမှမရှိသေးပေမယ့် TNLA အနေနဲ့ တရုတ်ပြောတဲ့ စကားကိုနားထောင်မလား စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူတွေဘက်က တော်လှန်ရေးလက်ကိုင်တခုအနေနဲ့ ရပ်တည်မလားဆိုတာကတော့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အခင်းအကျင်းတခုဖြစ်ပါတယ်။ တရုတ်က စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်တွေကြားမှာ ငြိမ်းချမ်းရေးပွဲစားလိုလိုဘာလိုလိုနဲ့ သူတို့ရဲ့ဩဇာလွှမ်းမိုးဖို့ အကွက်တွေရွေ့နေတာလည်း ဖြစ်ပါတယ်။

၁၀၂၇ ဒုတိယပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကျောက်မဲ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားသလို MNDAA ကလည်း လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် တခုလုံးကိုသိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီသမိုင်းမှာ စစ်တိုင်းဌာနချုပ်တခုလုံး ကျဆုံးတာဟာ တကယ့်ကိုသမိုင်းဆိုးတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ MNDAA နဲ့လည်း နည်းနည်းဆက်စပ်ပြောချင်ပါတယ်။

MNDAA နဲ့ စစ်ကောင်စီတို့ လျှိုဝျက်ဆွေးနွေးထားချက် လည်းရှိတယ်လို့ သိရပါတယ်။ MNDAA က လားရှိုးကိုစစ်ကောင်စီကိုပြန်ပေးမယ် ပြီးရင် ကိုးကန့်ကို တိုင်းရင်းသား အဖြစ်အသိအမှတ်ပြုခိုင်မယ် ဝ တို့ပုံစံလိုမျိုး လောက်ကိုင်ကနေ ကွမ်းလုံအထိကို အုပ်ချုပ်မယ် နယ်စပ်အသိ အမှတ်ပြုမှုအတွက် စစ်ကောင်စီက ပြန်ပြီးအလံထောင်လို့ရတယ်ဆိုပြ အွန်လှိုင်းသတင်းတွေအရ ဖတ်ရပါတယ်။ ဒါပေမယ့် အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လာရှိုးမှာ MNDAA ရဲ့အလံနဲ့အတူ မြန်မာအလံကို အတူထောင်ထားတဲ့အကြောင်းကို ဒီနေ့မှာ ဖတ်လိုက်ပါတယ်။ ဆိုတော့ ဒါတွေက တကယ်ကို တိုက်ဆိုင်လာပါ တယ်။

နောက်တချက်က စစ်ကောင်စီရဲ့ လားရှိုးတိုင်းစစ်ဌာနချုပ်ကျပြီးနောက် တရုတ်ကို ပိုပြီးအပူအပြင်းကပ်လာတာ ကိုတွေ့ရပါတယ်။ တရုတ်ကို သိန်းစိန်လွှတ်လိုက်၊ စိုးဝင်ကိုလွှတ်လိုက် သန်ရွှေနဲ့ တွေ့ခိုင်းလိုက်နဲ့ သောကတွေ တော်တော်ရောက်နေပုံရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအထိကို ဆင်လာတဲ့အနေအထား ဖြစ်ပါတယ်။ တရုတ်က စစ်ကောင်စီကိုပဲ ဆွေးနွေးတာမဟုတ်ပါဘူး။ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတွေကို တရုတ်နိုင်ငံထိခေါ်ပြီးတော့ မက်လုံးတွေနဲ့ ညွန်ကြားချက်တွေပေးလိုက်ပုံရပါတယ်။ ပြီးတော့ တရုတ်က မြန်မာအရေးကို အာဆီယံအထိပါ တက်ပြီးတော့ ပြောခဲ့ပါသေးတယ်။

ဆိုတော့ အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် တရုတ်က TNLA ကို စစ်ပွဲရပ်တန့်ဖို့အခုလို ခြိမ်းခြောက်လာတာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အင်အားစုတွေအားလုံးကို သတိပေးလိုက်တာနဲ့တူတယ်ဆိုတာ သိထားဖို့လိုပါတယ်။ တရုတ်က ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ တရုတ်ရဲ့ လုပ်ကွက်တွေက မြန်မာပြည်က အကျိုးစီးပွားတွေကိုသာ သူတို့က မဟာဗျူဟာအရ ဆွဲထားတာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကိုပါ ထိန်းချုပ် နိုင်ဖို့ မဟာဗျူဟာအရကြိုးပမ်းလာတာဖြစ်ပါတယ်။ ဒါတွေကို တော်လှန်ပြည်သူတွေ သိဖို့လိုပါတယ်။ ကျွန်တော် တို့တော်လှန်ပြည်သူတွေက စစ်ကောင်စီကိုပဲ တိုက်နေလို့မရပါဘူး ပြည်ပဝင်လာတဲ့ စွက်ဖက်မှုတွေကိုပါ တော်လှန်ပြည်သူတွေ အင်အားစုတွေက အချိတ်အဆတ်မိမိနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ စွက်ဖက် တာတွေကို ထိုင်ကြည့်နေကြမယ်ဆိုရင် စစ်ကောင်စီက ပိုပြီးသက်ဆိုးရှည်လာနိုင်တယ်ဆိုတာကို သတိပေးလိုက် ရပါတယ်။


စောမြတ်သွီး ရေးသည်။

Wednesday, August 21, 2024

ထိုင်းတရားရေးကဏ္ဍ ပြောင်းလဲဖို့လိုကြောင်း MFP ပါတီခေါင်းဆောင် ဖိထာ ပြော

 


ထိုင်းနိုင်ငံရဲ့ အခင်းအကျင်းဟာဆိုရင် ဆယ်စုနှစ်တွေကြာအောင်ကို နိုင်ငံရေးရှုပ်ထွေးလှပြီး အများအမြင်မှာ ပြောင်းလဲတယ်လို့ ထင်ရပေမယ့်လဲ တရားစီရင်ရေးကို ပြင်ပအဖွဲ့အစည်းတွေက ဝင်ရောက်နှောက်ယှက်နေတာ ကြောင့် ဒီမိုကရေစီအင်အားစုပါတီတွေနဲ့ စစ်တပ်ဩဇာခံအဖွဲ့တွေကြား အပြိုင်အဆိုင်တွေဖြစ်နေပြီး တရားစီရင် ဆုံးဖြတ်တဲ့နေရာမှာ တဝဲလည်လည်ဖြစ်နေတာကြောင့် လူထုအတွက် အကျိုးမရှိ နဂိုနေရာတိုင်းပဲ ပြန်ရောက် နေတယ်လို့ MFP ပါတီခေါင်းဆောင် ဖိထာ က ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

MFP ပါတီခေါင်းဆောင် ဖိထာက ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ မဲဆွယ်စည်းရုံးခဲ့တာကြောင့် ထိုင်းတရား ရုံးက MFP ပါတီ ဖျက်သိမ်းခံရပြီး ပါတီခေါင်းဆောင်အများစုဟာဆိုရင် နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်အထိ ပိတ်ခံထား ရပါတယ်။ ဒါပေမယ့် MFP ပါတီနဲ့ ခေါင်းဆောင် ဖိထာဟာ သူရဲ့နိုင်ငံရေးခံယူချက် ပြောင်းလဲမသွားဘဲ ပါတီကိုပုံစံ တမျိုးနဲ့ နာမေပြောင်းကာ အခြားခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။

ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာဟာဆိုရင် စစ်တပ်ထောက်ခံသူတွေနဲ့ နောက်မြီးဆွဲသမားတွေက အာဏာလွှမ်းမိုးထား ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေပါတယ်။ စစ်တပ်ထောက်ခံတဲ့ပါတီတွေနဲ့ လူတွေက ထိုင်းနိုင်ငံမှာ အာဏာရလာ တာကြောင့် ထိုင်းတရားရေးမဏ္ဍိုင်ဟာ ပြောင်းလဲဖို့လိုလာတာဖြစ်ပါတယ်။

ထိုင်နိုင်ငံရဲ့ ဝန်ကြီးချုပ် Srettha Thavisin ဟာဆိုရင်လည်း ရာထူးကဖယ်ရှားခံခဲ့ပြီးနောက် ဖွေထိုင်းပါတီ ကလည်းဖြစ် ထိုင်းနိုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့ သက်ဆင်သမီးလည်းဖြစ်သူ ပေထုံတန်ဟာ ဝန်ကြီးချုပ်နေရာကို ရယူခဲ့ပါတယ်။ တဆက်တည်းမှာပဲ သက်ဆင်ဟာဆိုရင် ပြစ်ဒဏ်ကျခံနေရတဲ့အချိန်မှာပဲ ထိုင်းဘုရင်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သောင်းသောင်းဖြာဖြာ မဲအများဆုံးအနိုင်ရခဲ့ MFP ပါတီဟာဆိုရင် နိုင်ငံအတွင်းအစိုရဖွဲ့ခွင့်မရဘဲ ထိုင်းဘုရင်စနစ်ဝေဖန်ပြောဆိုတာကြောင့် ပါတီပါဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံတွင်းက နိုင်ငံရေးရပ်တည်ချက်နဲ့ အမြော်အမြင်ရှိတဲ့ လူငယ်တယောက်ရဲ့ လုပ်နိုင်စွမ်းတွေကို တရာဥပဒေတွေနဲ့ ပိတ်ပင် လိုက်တာလည်းဖြစ်ပါတယ်။

MFP ပါတီ ဖျက်သိမ်းခံရတာ ဖိထာ နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံရတာ၊ ဝန်ကြီးချုပ် Srettha Thavisin ရာထူးဖယ်ရှား ခံရတာနဲ့ ပေထုံတန် ဝန်ကြီးချုပ်ဖြစ်တာ ပြီးနောက် ထိုင်းဘုရင်အမိန့်နဲ့ ပေထုံတန်ဖခင် သက်ဆင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရတာတွေဟာဆိုရင် အချိန်သိပ်မကွာခဲ့ပါဘူး။ အချိန်နဲ့တပြေးညီ အကွက်ကျကျ ထိုင်းနိုင်ငံ ရေးလောက ဟာပြောင်းလဲခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ပြည်သူရွေးချယ်လိုက်တဲ့ အနိုင်ရပါတီနဲ့ စစ်တပ် ဘုရင်စနစ်ကြား ဩဇာခံသူတွေဟာဆိုရင် ဆန့်ကျင့်မှုတွေဖြစ်ခဲ့ပြီး အာဏာသိမ်းမှုတွေလည်း ကြုံခဲ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ထိုင်းတရာဥပဒေနဲ့ ပြည်သူတွေဟာဆိုရင် တရားမျှတမှုမရှိဖြစ်နေပါ တယ်။

MFP ပါတီခေါင်းဆောင် ဖိထာ နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံရပေမယ့် နိုင်ငံအတွင်းပြုပြင်ပြောင်းလဲရေးတွေမှာ ကြိုးစားအားထုတ်သွားမှာဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 


မျောက်ကျောက်ရောဂါကူးစက်မှု အရှေ့တောင်အာရှအထိပြန့်နှံ့လာ

 


အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံတွင် M Pox ရောဂါ စတင်ဖြစ် ပွားခဲ့ပြီးနောက် အာဖရိကတိုက်ရှိ အခြားသော နိုင်ငံများ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန်ဒါ စသည့်နိုင်ငံအများစုတွင်လည်း ကူးစက်ပျံ့နှံ့ လာကာ ယခုဆိုရင် အရှေ့တောင်အာရှနိုင်ငံထဲအထိ ကူးစက်ပျံ့နှံ့လာသည်ကို တွေ့မြင်ရပါသည်။ နောက်ဆုံး ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတကာ၏ စိုးရိမ်စရာအဖြစ် "ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  မှ သြဂတ်(စ်) လ (၁၄) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။


မျောက်ကျောက်ရောဂါတွင် အမျိုးအစားအဖြစ် Clade 1 နှင့် Clade 2 ဟု နှစ်မျိုးရှိပြီး အသက်ရူလမ်းကြောင်းမှ တဆင့်ကူးစက်နိုင်သလို၊ လိင် မှတဆင့်လည်း ကူးစက်နိုင်ပါသည်။ Mpox ရောဂါသည် ကူးစက်နှုန်းမြင့်တက်လျက် ရှိပြီး သေဆုံးသွားသည်အထိရှိသည်ဟု WHO ၏ထုတ်ပြန်ချက်များအရ သိရှိရပါသည်။


Mpox ရောဂါကူးစက်ခံရသူများသည် အရေပြားတွင် အနီကွက်များ တဖြေးဖြေးထွက်လာပြီး ခန္ဓာကိုယ်တခုလုံး ပြန့်နှံ့သွားခြင်း၊ ကြွက်သားများနာခြင်း၊ ငှက်ဖျားကဲ့သို့ အဖျားတက်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ပြည်တည်နာကဲ့သို့ အနာများဖြစ်ပွားလေ့ရှိပါသည်။ ထို့ကြောင့် ရောဂါကူးစက်ခြင်းမရှိသူများသည် လက်ဆေးခြင်း၊ Mask တပ်ခြင်းတို့ ပြုလုပ်သင့်ပြီး ကူးစက်ခံရသူများနှင့်လည်း တိုက်ရိုက်ထိတွေ့ခြင်းများကိုလည်း ရှောင်ရှားရမည်ဖြစ်ပါသည်။


ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကမ္ဘာ့နိုင်ငံ ၁၁၆ နိုင်ငံ တွင် မျောက်ကျောက်ရောဂါ ဖြစ်ခဲ့သူ လူနာ ၉၉၀၀၀ ဦးရှိခဲ့ပြီး သေဆုံးသွားခဲ့သူ ၂၀၈ ဦးရှိကြောင်းလည်း သိရှိရပါ သည်။


ယခုအရှေ့တောင်အာရှနိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်လာနေပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၈၈ ဦး၊ ဗီယက်နမ်တွင် ၄၆ ဦး၊ စင်္ကာပူတွင် ၁၀ ဦး၊ ဖိလစ်ပိုင်တွင် ၁ ဦးနှင့် ထိုင်းနိုင်ငံတွင် ဩဂတ်(စ်)လ (၁၉) ရက်နေ့ နောက်ဆုံးရ လူနာ ၁၀၀ ဦးထိရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ တွေ့ရပါသည်။ မြန်မာနိုင်ငံ အတွင်း မျောက်ကျောက်ရောဂါ ကူးစက်သည့် လူနာမရှိသေးကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။


မျောက်ကျောက်ရောဂါသည် နိုင်ငံတကာစိုးရိမ်မှုအဆင့်ထိ သတ်မှတ်ထားပြီး ကူးစက်မှုနှုန်းမှာ ကိုဗစ်(၁၉) ပုံစံဖြင့် ကဲ့သို့ ကူးစက်နိုင်ပါသည်။ ယခုချိန် မျောက်ကျောက်ရောဂါ ကူးစက်မှုနိုင်ငံပေါင်း (၂၀) ကျော်ထိ ကူးစက်နေပြီး ရောဂါဖြစ်ပွားမှု (၁၇,၀၀၀) ကျော်ရှိကာ သေဆုံးသူ (၅၇၁) ဦးထိရှိလာနေကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်များအရသိရသည်။

Sunday, August 11, 2024

ချင်းပြည်တင်းမာမှု တစေ့တကြောင်း

 


ဒီတခေါက် ချင်းပြည်ဖက်က အခြေအနေတွေက စစ်ကောင်စီနဲ့ တင်းမာတာထက် ချင်းပြည်ကောင်စီ(CC) နဲ့ အာရက္ခတပ်တော် (ULA/AA) ကြား တင်းမာမှုက ပိုမြှင့်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တင်းမာ မှုရှိတယ် ဆိုတာကလည်း နိုင်ငံရေးအရ မီဒီယာတိုက်ခိုက်မှုထက် သိပ်မပိုတာကို တွေ့ရပါတယ်။ ချင်းပြည် ကောင်စီ(CC) အနေနဲ့ အာရက္ခတပ်တော် (ULA/AA) က ချင်းပြည်မှာ လက်မခံဘူးဆိုရင် ပလက်ဝကို စတင်ပြီး တိုက်ခိုက်အချိန်ကတည်း ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် လုပ်ခဲ့သင့်တယ်။ ဒါပေမယ့် ချင်းပြည် ကောင်စီ(CC) အနေနဲ့ လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချင်းပြည်ကောင်စီ(CC) က ပလက်ဝ ဘက်မှာ ဘာသက်ရောက်မှုမရှိလို့ဘဲ။ တနည်းအားဖြင့်ပြောရရင် ပလက်ဝဘက်မှာ ချင်းပြည်ကောင်စီ(CC) ကို ထောက်ခံမှုအားနည်းတဲ့နေရာလည်းဖြစ်ပါတယ်။ ချင်းမှာက လူမျိုးများတော့ ပိုက်နက်နယ်မြေတွေက သူနေရာနဲ့ သူ ရှိပါတယ်။ ဆိုတော့ ချင်းပြည်ကောင်စီ(CC) အနေနဲ့ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ ချင်းပြည်နဲ့ပတ်သက်လို့ အရင်တုန်းက ဆောင်းပါးတပုဒ်ရေးဖူးပါတယ်။ အဲ့ထဲမှာပါလည်း အပြည့်အစုံရေးထားပါ တယ်။

ပလက်ဝ ချင်းပြည်ထဲရောက်သွားပုံ

တကယ်တော့ ရခိုင်နယ်မြေတွေ တဖြေးဖြေးဆုံးရှုံးသွားတာ တနည်းအားဖြင့် အလုခံလိုက်တာဟာ ပလက်ဝ တခု တည်းမဟုတ်ပါ။ အခြားနေရာတွေလည်း ပါရှိပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်လေ့လာမိသလောက်တော့ ချပြသွားမှာပါ။ ရခိုင်ပြည်သည် ဗမာပြည်၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အရှေ့ဘက်တွင် မကွေးတိုင်း၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ဧရာဝတီတိုင်း၊ မြောက်ဘက်တွင် ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ (၁၈၂၄) အင်္ဂလိပ်၊ ဗမာစစ်အပြီးတွင်ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရခိုင်ပြည်၏နယ်နမိတ်မှာ မြောက်ပိုင်းတွင် ချင်းပြည်နယ် ပလက်ဝတောင်တန်းဒေသမှ တောင်ပိုင်းနဂရေအငူနှင့် ဟိုင်ကြီးကျွန်းအထိ ကျယ်ပြန့်ခဲ့သည်။ ရခိုင်ပြည်၏ နယ်နမိတ်အကျယ်အဝန်းသည်မှာလည်း (၂၁၆၉၄ ) စတုရန်း မိုင် ရှိခဲ့သည်။ သို့ရာတွင် ရခိုင်တောင်ပိုင်းဒေသ ကျောက်ချွန်းမြစ်မှ နဂရေအငူအထိ ရှည်လျားသော နယ်မြေများ အား ဗြိတိသျှတို့က အုပ်ချုပ်ရေးယန္တရား ပိုမိုလွယ်ကူရေးအတွက် ဒုတိယအင်္ဂလိပ်-ဗမာစစ်အပြီး ခရာဇ်နှစ် (၁၈၅၃) တွင် ပုသိမ်ခရိုင် (ယခုဧရာဝတီ တိုင်း) အတွင်းသို့ ထည့်သွင်းလိုက်လေသည်။ ထိုကြောင့် ရခိုင်ပြည်၏ နယ်နိမိတ်မှာ (၂၁၆၉၄) စတုရန်းမိုင်မှ (၁၈၉၄၅) စတုရန်းမိုင် ခန့် လျော့ကျသွားလေသည်။

အိန္ဒိယ-ဗမာ ခွဲရေး၊ တွဲရေးပြဿနာအပြီး (၁၉၃၇) တွင် အင်္ဂလိပ်အက်ဥပဒေအရ နတ်မြစ် အနောက်ဘက်ကမ်း (၃၇) မိုင်ရှည်လျားသော အနောက်ဘက်ကမ်းရိုးတန်းအား အိန္ဒိယနိုင်ငံ၏အုပ်ချုပ်ရေးလက်အောက်သို့ သွတ်သွင်း လိုက်သောကြောင့် ရခိုင်ကမ်းရိုးတန်းအလျားမှာ (၄၈၀) မိုင်မှ (၄၄၃) မိုင်သို့ လျောဆင်းသွားခဲ့သည်။ ထို့ပြင် ဗမာပြည်လွတ်လပ်ရေးရပြီး (၁၉၅၃) တွင် ယခုပလက်ဝခရိုင်ဟုခေါ်သော ရခိုင်မြောက်ပိုင်း တောင်တန်းဒေသ ကိုလည်း ချင်းပြည်နယ်ထဲသို့ဆွဲသွင်းခြင်းခံလိုက်ရသည့်အတွက် ယခုလက်ရှိ ဗမာပြည်တွင် သတ်မှတ်ထားသော ရခိုင်ပြည်နယ်၏နယ်နိမိတ်အကျယ်အဝန်းမှာ (၁၄၂၀၀) စတုရန်းမိုင်မျှသာ ကျန်ရှိတော့ သည်။

ချင်းညီနောင်နဲ့ အာရက္ခတပ်တော် (ULA/AA) ရဲ့အချိတ်အဆက်

အာရက္ခတပ်တော် (ULA/AA) ဟာဆိုရင် ချင်းညီနောင်တပ်ဖွဲ့တွေကို အများကြီးကူညီဖူးပါတယ်။ စစ်သင်တန်း၊ လက်နက်၊ ရိက္ခာ စသည်ဖြင့်ပေါ့လေ။ ဆိုတော့ အာရက္ခတပ်တော် (ULA/AA) အနေနဲ့ ချင်းပြည်သူတွေနဲ့ ချင်းတပ်ဖွဲ့တွေကို အကောင်းဆုံး အိမ်နီးနားချင်းမိတ်ဆွေဖြစ်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ ချင်းနဲ့ ရခိုင်က အနီးကပ်ဆုံးသော အိမ်နီးချင်းမိတ်ဆွေတွေဖြစ်တာမို့ ရခိုင်အကြောင်းကိုချင်းသိသလို၊ ချင်းအကြောင်းကို လည်း ရခိုင်တွေသိပါတယ်။ ဆိုတော့ အာရက္ခတပ်တော် (ULA/AA) အနေနဲ့လည်း စစ်ကောင်စီကို နိုင်ငံအနှံ့မှာ ဘုံရန်သူအနေနဲ့ စစ်တိုက်နေရတဲ့အချိန်မှာ ချင်းပြည်ကောင်စီ(CC) ဒီလို အွန်လှိုင်းတိုက်ခိုက်မှုတွေ လုပ်နေတာ ဟာ ရန်သူအားသာစေတဲ့အချက်တွေဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် အာရက္ခတပ်တော် (ULA/AA) ကို ချင်းပြည်မှာ ရှိတဲ့ ချင်းပြည်သူနဲ့ ချင်းတပ်ဖွဲ့တွေက ထောက်ခံမှုအပြည့်အဝရရှိနေတာကို မြင်ရတော့ ချင်းပြည်ကောင်စီ(CC) အနေနဲ့ ULA/AA ကိုဆန့်ကျင်လည်း အကြောင်းထူးမှာ မဟုတ်ပါဘူး။ ချင်းညီနောင် (CB) ဟာဆိုရင် အာရက္ခတပ်တော် (ULA/AA) နဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်ချင်နေပေမယ့်လို့ CC ကဟန့်တားမှုတွေ လုပ်ဆောင် နေတာကို ပြည်သူတိုင်းက သိနေပါတယ်။ ချင်းညီနောင် (CB) ဟာဆိုရင် အခုဆိုရင် အာရက္ခတပ်တော် (ULA/AA) အကူအညီနဲ့ အများကြီးကို အောင်မြင်တဲ့အနေအထားကိုရောက်နေပါပီ။ အခုဆိုရင် ချင်းညီနောင် (CB) က မြို့ သိမ်းနိုင်တဲ့အဆင့်ထိရောက်သွားပါပြီ။ ချင်းညီနောင် (CB) တိုရဲ့ တိုက်ပွဲဟာဆိုရင် အောင်မြင်မှုတွေရလာပြီး အာရက္ခတပ်တော် (ULA/AA) နဲ့အတူတူ အောင်ပွဲခံနေရတာကို မြင်တွေ့ရပါတယ်။ ဒါတွေက ချင်းညီနောင် (CB)နဲ့ အာရက္ခတပ်တော် (ULA/AA) တို့ကြားက တကယ်ကိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေလို့ ပြောလို့ရပါတယ်။

 

ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC)

ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) တို့ကြားက ဆက်ဆံရေးဟာဆိုလို့ရှိရင် တင်းမာတဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ချင်းပြည်ကောင်စီ (CC) အနေနဲ့ ချင်းညီနောင် (CB) အဖွဲ့ကို တိုက်ခိုက်နိုင်တဲ့အနေအထား မတွေ့ရပါဘူး။ ဒါကြောင့် သိပ်စိုးရိမ်စရာတော့မရှိပါဘူး။ တဖက်မှာ အာရက္ခတပ်တော် (ULA/AA) နောက်ခံရှိတာမို့ CC အဖွဲ့က မလုပ်နိုင်ပါဘူး။  ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) တို့ဘာကြောင့် တင်းမာတဲ့အနေအထား မှာရှိနေလည်းဆိုရင် CB ဘက်ကတော့ တရားဝင်ပြောကြားထားတာတွေရှိပါတယ် ချင်းပြည်မှာ CB အနေနဲ့ CC ကို အကူအညီတွေတောင်းခဲ့ပါတယ်။ အထူးသဖြင့် CC ကိုချုပ်ကိုင်ထားတဲ့ CNF/CNA ပေါ့လေ။ CNF/CNA ဟာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အစောဆုံး မဟာမိတ်လုပ်ထားတဲ့အဖွဲ့လည်းဖြစ်သလို့ CNF/CNA က အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာဆလိုင်း လျန်မှုန်းဆိုလို့ရှိရင်လည်း NUG မှာ ဝန်ကြီးတဦးလည်းဖြစ်ပါတယ်။ ဆိုတော့ ဒေါက်တာဆလိုင်း လျင်မှုန်းက ဖက်ဒရယ်ဝန်ကြီးဆိုတော့ ချင်းပြည်နဲ့ NUG တို့ရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံဟာ ပုံစံတွေတူရင်လည်းတူနိုင်ပါတယ်။ ဒါပေမယ့် ချင်းပြည်ရဲ့ ဖွဲ့စည်းပုံက CNF/CNA တို့ရဲ့ တခုတည်းသော ချုပ်ကိုင်မှုနဲ့ မဖြစ်နိုင်ဘူးဆိုတာကို ချင်းညီနောင် (CB) က သက်သေပြနေသလိုပါပဲ။

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ဖို့အတွက် ချင်းညီနောင်တွေ တဖွဲ့ချင်း CNF/CNA တပ်ဖွဲ့စီမှာ အကူအညီ တောင်းခံခဲ့တာရှိပါတယ်။ ဒါပေမယ့် အကူအညီမရခဲ့ပါဘူ။ သူတို့ဆီက အကူအညီမရလို့ အာရက္ခတပ်တော် (ULA/AA) ဆီမှာ အကူအညီတောင်းခံတယ်။ လက်နက်တွေတောင်ရသေးတယ်။ ဒီတော့ တခါတလေ စဉ်စားရတာ တွေက တကယ်ကို ယုတ္တိမဆန်တဲ့ဟာတွေရှိပါတယ်။ ကိုယ့်အချင်းချင်း မိသားစုတွေက မရနိုင်တဲ့ မေတ္တာတွေ အခြားသူတွေဆီကရနိုင်တယ်ဆိုတာကို တော်လှန်ရေးမှာ သက်သေပြပါတယ်။ ULA/AA ရဲ့ အကူအညီနဲ့ CB ဟာ လက်နက်ခဲယမ်း၊ အင်အားအပါအဝင် နိုင်ငံရေး၊ စစ်ရေးအားလုံးကို လုပ်နိုင်တယ်။ မြို့သိမ်းနိုင်တဲ့ အဆင့်ထိကို ရောက်ခဲ့တယ်။ တကယ်လို့သာ ဒီလိုအခွင့်အရေးမျိုးတွေသာ CNF/CNA ရရှိခဲ့မယ်ဆိုရင် CB အနေနဲ့ ရော ချင်းပြည်သူအနေနဲ့ပါ တကယ်ကောင်းတဲ့ ဆက်ဆံရေးမျိုးတွေ ပိုင်ဆိုင်နိုင်ခဲ့မှာပါ။


ဝ မရှိဘဲ ဝိလုပ်ချင်နေသော CNF/CNA

အထက်မှာ ကျွန်တော် နှိုင်းယှဉ်ပြသွားသလိုပါပဲ CNF/CNA ကသာ အာရက္ခတပ်တော် ULA/AA ကို ချင်းပြည်နယ်ထဲ က မောင်းထုတ်ချင်တယ်ဆိုရင် ချင်းပြည်သူနဲ့ အခြားချင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထောက်ခံမှုလည်း လိုလိမ့် မယ်။ ဒါပေမယ့် CNF/CNA နဲ့ကိုယ်ချင်းပြည်ထဲက အဖွဲ့အစည်းတွေကို အရင်ဆုံးစည်းလုံးညီညွတ်အောင် လုပ်သင့် ပါတယ်။ ချင်းပြည်သူတွေတောင်မှ ညီညွတ်မှုမရှိဘဲ ULA/AA ကို မောင်းထုတ်နေတာဟာ တကယ်ကို ရယ်စရာ ကောင်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပလက်ဝဆိုတာလည်း သမိုင်းအရပြောရမယ်ဆိုလို့ရှိရင် ရခိုင်နယ်မြေပဲ ဖြစ်ပါ တယ်။ အခုချိန်မှာ အာရက္ခတပ်တော် ULA/AA ဟာ ချင်းပြည်လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်ကို အတူ လက်တွဲပြီးတိုက်ပွဲဝင်ပေးနေသော မိတ်ဆွေကောင်းလည်း ဖြစ်ပါတယ်။ သို့သော် မိတ်ဆွေကို ရန်သူလို မြင်နေမယ် ဆိုရင် ဒါဟာကောင်းတဲ့လက္ခဏာတွေဖြစ်လာမှာမဟုတ်ပါဘူး။

ချင်းပြည်မှာ ULA/AA က ကူညီပေးနေတာရှိပါတယ်။ ဒါပေမယ့်လို့ ချင်းညီနောင် CB ကိုရော ULA/AA ကိုပါ ထိုးနှက် မှုပြုလုပ်လာတာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ဒါပေမယ့် အနည်းငယ်ထိခိုက်မှုကလွဲလို့ ကြီးကြီးမားမား ဖြစ်လာ တာကိုတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် အဲ့လို ကြီးကြီးမားမားတွေလည်း ဘယ်သူမှဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ဆိုတော့ ULA/AA အနေနဲ့လည်း နိုင်ငံရေးအရ စိတ်ရှည်ထားပုံရပါတယ်။ ဒါပေမယ့် ချင်းတပ်ဖွဲ့ဝင် အချင်းချင်း ထိတွေ့မှုကြားမှာ မဟာမိတ်ပူးပေါင်းတပ်တွေ “ပဲလှော်ကြား ဆားညှပ်” ဆိုသလို ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီလို ပြဿနာတွေကမကြီးထွားလာခင်မှာ ထိန်းသိမ်းနိုင်ကြမယ်ဆိုရင် စစ်ကောင်စီကိုတိုက်တဲ့နေရာမှာ ပိုအား ကောင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ရန်သူအကြိုက်လုပ်ပေးနေတဲ့ ပုံစံမျိုးဖြစ်နေရင်တော့ နောက်ဆတ်တွဲ ထိတွေ့မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို မျှဝေလိုက်ပါတယ်။

 

Thursday, August 1, 2024

ဧရာဝတီကို အမျိုးသားများပြည်နယ် အဖြစ် (FCDCC) မူအရ ဖွဲ့စည်းမည်

 








နိုင်ငံရေးအဖွဲ့အစည်းချို့နဲ့ ဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ (IDNSC) ကို ဇူလိုင် (၁၄) ရက် အစည်းအဝေးဆုံးဖြတ်ချက် အရ ဖွဲ့စည်းကြောင်းကို ယနေ့ ဩဂတ်စ်၊ (၁) ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။ IDNSC ဧရာဝတီနိုင်ငံရေးအစုအဖွဲ့တရပ်တွင် ကရင်၊ ရခိုင်၊ ဗမာ လူမျိုးတို့ပါဝင်ပြီး ကရင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။


ဧရာဝတီသည် ကရင်၊ ရခိုင်၊ မွန်၊ ဗမာ၊ ချင်း တိုင်းရင်းသားများအတူတကွနေထိုင်သော ဒေသတခုဖြစ်ပြီး မတူညီသော သမိုင်းကြောင်းအစဉ်လာ၊ ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံတမ်းတွေနဲ့ အတူယှဉ်တွဲနေထိုင်းလာ ကြောင်းဖော်ပြထားပါတယ်။ ဧရာဝတီကို အကြမ်ဖက်စစ်ကောင်စီများလွှမ်းမိုးအုပ်စိုးမှုအောက် တော်လှန်ပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်အမျိုးသားပြည်နယ် တည်ဆောက်မယ်လို့ ဆန္ဒထုတ်ဖော်ထားပါတယ်။


ဧရာဝတီကို အမျိုးသားပြည်နယ်အဖြစ်တည်ဆောက်သည့်အခါမှာ  ၂၀၀၈ ခုနှစ်လောက် တိုင်းရင်းသားလက်နက်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေ စုပေါင်းရေးဆွဲခဲ့တဲ့ FCDCC ဒုတိယမူကြမ်းပါ အတိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားပြည်နယ်အဖြစ် တည်ဆောက်သွားမည်ဟု  ထုတ်ပြန်ထားပါတယ်။


IDNSC ၏ ရည်ရွယ်ချက်မှာ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စစ်(၃) စစ်ကို တိုက်ဖျက်မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီဖြင့် အမျိုးသားများပြည်နယ် တည်ဆောက်ရန်ဖြစ်ကြောင်းကို ထုတ်ဖော်ထားပါတယ်။






ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...