နိဒါန်း
ထိုင်းနိုင်ငံရေးလောကမှာ
ဩဇာအရှိန်အဟုန်ရော လူအကြိုက်အများဆုံးရော ဖြစ်ခဲ့တဲ့ ရှင်နာဝပ် မိသားစုဟာ ဆိုရင် အခုဆိုရင်
သက်ဆင်ရှင်နာဝပ်သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်က အသက်ငယ်အဆုံးနဲ့ ထိုင်းဝန်ကြီးချုပ်နေရာကို
ရယူသွားခဲ့ပါတယ်။ ရှင်နာဝပ် မိသားစုဟာဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ
အတော်လေး အောင်မြင်နေ တာဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်တွေက
ကျဆင်းနေတဲ့ အနေအထားမှာရှိနေပြီး မတည်ငြိမ်း သေးတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို
သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ဟာ ထိုင်နိုင်ငံရဲ့ စီးပွားရေးနဲ့ တည်ငြိမ်းမှု တွေကို
ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကတော့ ပေထုံတန်ရဲ့ ထိုင်းနိုင်ငံပေါ်မှာ
ထားတဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ အများကြီးသက်ဆိုင်နေပါလိမ့်မယ်။ ယခင်က ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့
အဖေဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့က ဘယ်လိုပုံစံတွေနဲ့ ထိုင်းနိုင်ငံနဲ့ပေထုံတန်ရဲ့ အပေါ်မှာပါ
လွှမ်းမိုးသွားမလဲဆိုတာကလည်း ထိုင်း လူထုတွေက စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။
သက်ဆင်ရှင်နာဝပ် အကြောင်း
ဒီတော့
နောက်ကြောင်းကို ပြန်ကြောက်ရမယ်ဆိုရင် သက်ဆင်ရှင်နာဝပ်ဆိုသူဟာ ထိုင်းနိုင်ငံတွင် (Advanced Info
Service) မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့
စီးပွားရေးမှာ အအောင်မြင်ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပါတယ်။ သက်ဆင်ဟာ ၁၉၉၄ ခုနှစ်က
နိုင်ငံရေးလောက်ကထဲ စတင်ဝင်ရောက်ခဲ့ပြီးတော့ ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာကို
ဆက်ခံခဲ့ပါတယ်။ သက်ဆင်ရှင်နာဝပ်ဟာ ထိုင်နိုင်ငံမှာ ငွေကြေးချမ်းသာသူ လည်းဖြစ်၊ ဝန်ကြီးချုပ်လည်း
ဖြစ်လာတော့ အတော်လေးကို ရေးပန်းစားတဲ့ လူတဦးဖြစ်လာပါတယ်။ သက်ဆင် ဝန်ကြီးချုပ်ဖြစ်ချိန်
ထိုင်နိုင်ငံရဲ့ စီးပွားရေးတွေကောင်းခဲ့ပြီး ပြည်သူဆင်းရဲမှုတွေကို လျော့ချနိုင်ခဲ့တဲ့အတွက်
လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့်လို့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ငွေကြေးတက်နိုင်တဲ့
သူကအာဏာရှိနိုင်ပေမယ့်လို့ စစ်တပ်ကိုတော့ ငွေနဲ့အာဏာယူလို့မရပါဘူး။ ဒါကြောင့် ၂၀၀၆
ခုနှစ်မှာ ထိုင်းစစ်တပ်က နိုင်ငံကိုစစ်အာဏာသိမ်း လိုက်ပါတော့တယ်။ သက်ဆင်ရှင်လည်း ထိုင်းနိုင်ငံကနေ
ထွက်ပြေးသွားခဲ့ပါတယ်။
သက်ဆင်ထွက်ပြေးရသည့်အကြောင်း
၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းချိန်မှာ သက်ဆင်ရှင်နာဝပ်
ဝန်ကြီးချုပ်အစိုးရအဖွဲ့လည်း ပြုတ်ထွက် သွားပြီးနောက် သက်ဆင်ကို အမှု (၄) မှုနဲ့ တရားစွဲခဲ့ပါတယ်။
အဲ့ဒီအမှုတွေကတော့ ၂၀၀၄ ခုနှစ်မှာ ပို့ကုန်-သွင်းကုန် ကဆင့် မြန်မာနိုင်ငံကို ငွေကြေး
၄ ဘီလျှံအထိချေးပေခဲ့ပါတယ်။ ရာထူးအာဏာကို အလွဲသုံးစားမှုတွေအပြင် ၂ လုံးထီ နဲ့ ၃ လုံးထီကို
စတင်ဖို့လုပ်ခဲ့တာတွေလည်း ပါရှိပါတယ်။ နောက်တချက်က ရှင်နာဝပ် မိသားစုပိုင်တဲ့ ထုတ်ကုန်တွေ
ကို ပြည်သူတွေ သုံးစွဲနိုင်အောင် အတိုးနည်းနည်းနဲ့ ချေးပေးမှု စတဲ့အချက်တွေနဲ့ တရားစွဲခဲ့ပါတယ်။
ဒီလို အမှုတွေကို သက်ဆင်က ရင်မဆိုင်ဘဲ ၂၀၀၈ ခုနှစ်မှာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို သက်ဆင်က လွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး နိုင်ငံရဲ့
ဘဏ္ဍာငွေတွေ ထိခိုက်လာတဲ့အတွက် အခုလို စစ်တပ်က အာဏာသိမ်း တာ အပြင် တရားစွဲဖို့လုပ်တာလို့
မှက်ချက်ပြုလို့ရပါတယ်။
ယင်လပ် ရှင်နာဝပ်အကြောင်း
ယင်လပ်ရှင်နာဝပ်ဟာ
အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လုပ်ငန်းတွေကို ဦးဆောင်ပြီး စီးပွားရေးမှာ နာမေကြီးတဲ့
ယင်လပ်ဟာ ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အနိုင်ရခဲ့ပါတယ်။
ယင်လပ်ဟာ နိုင်ငံရေးထက် စီးပွားရေးကို အလွန်စိတ်အားထက်သန်သူတဦးဖြစ်ပါတယ်။
ယင်လပ်မှာ ထိုင်းဝန်ကြီးချုပ်နေရာကို သက်တမ်းပြည့် ထမ်းဆောင်ခဲ့ရသူတယောက်မဟုတ်ပေ။ ၂၀၁၁
ခုနှစ်ကနေ ၂၀၁၄ အရောက်မှာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး ယင်လပ်အား တရားရင်ဆိုင်စေခဲ့ပါတယ်။
ယင်းလပ်ရှင်နာဝပ်ဟာ ဆန်အမတော်ကြေးအစီအစဉ် မအောင်မြင်သည့်အတွက် အပြစ်ဒဏ်ခံရန်ရှိသော်လည်း
ယင်လပ်ဟာ ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွား ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ယင်လပ်
ပြည်ပထွက်ပြေးချိန်မှာတောင် ဖမ်းဝရမ်းတွေလည်း ထုတ်ခဲ့ပါသေးတယ်။
ပေထုံတန် ရှင်နာဝပ် အာဏာရလာချိန်
ပေထုံတန်ရှင်နာဝပ်
ဟာယခင် သက်ဆင်ရှင်နာဝပ်ရဲ့ သမီးတဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့
MFP ပါတီဟာဆိုရင် ထိုင်းဘုရင်စနစ်ကို
ပြုပြင်ပြောင်းလဲဖို့ကြိုးစားတာကြောင့် ပါတီဖျက်ဆီးခံလိုက် ရပါတယ်။ အဲ့ဒီနောက်မှာ ဒုတိယမဲအများဆုံးအနိုင်ရတဲ့
ဖွေထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် ဆရတ်သာကို ရွေးချယ်ခဲ့ ပါတယ်။ ဒါပေမယ့်လို့ ဆရတ်သာဟာ
ဝန်ကြီးချုပ်နေရာကို ကျင့်ဝတ်ဖောက်ဖျက်မှုပုဒ်မတွေကြောင့် ရာထူးမှ နှုတ်ထွက် သွားခဲ့ရပြန်ပါတယ်။
ဒါနဲ့ ပေထုံတန်ဟာ ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ခံရသူဖြစ်လာပါတော့တယ်။ ပေထုံတန် ဝန်ကြီးချုပ်ဖြစ်လာတာဟာ
တိုက်ဆိုင်မှုတွေအများကြီးရှိခဲ့ပါတယ်။ ပေထုံတန် ဝန်ကြီးချုပ်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့
MFP ပါတီဟာ ဆိုရင်လည်း ပါတီဖျက်သိမ်းရတဲ့အပြင် ပါတီခေါင်းဆောင်တွေပါ နိုင်ငံရေးလောကနေ
၁၀ နှစ်အထိ တားမြစ်ခံလိုက်ပါ တယ်။ နောက်ထပ် သူမရဲ့ ပါတီကပဲ ဝန်ကြီးချုပ်ရာထူးယူထားတဲ့
ဆရတ်သာဟာလည်း ပြစ်မှုတွေနဲ့ နှုတ်ထွက်ပေးခဲ့ရပါတယ်။ ဒါတွေက ပေထုံတန် ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက်
အရင်းအနှီးတွေပြောရင်လည်း မှားမယ်မထင်ပါဘူး။
သက်ဆင်ပြည်တော် ပြန်ဝင်ချိန်
၁၅
နှစ်ကြာပြည်ဘဝဖြစ်ခဲ့တာ သက်ဆင်ရှင်နာဝပ်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ၊ ဖွေထိုင်းပါတီတို့ မဲအနိုင်ရချိန်မှာ
ထိုင်းနိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာပါတယ်။ သူပြန်လည်ရောက်ချိန်မှာ ထိုင်းတရားရုံးက
ထောင် (၈) နှစ်ကျခံရန် အတွက် အမိန့်ချမှတ်ခဲ့သော်လည်း သက်ဆင်ဟာ ကျန်းမာရေးကိုအကြောင်းပြပြီးတော့
ဆေးရုံတက်ပြပါတော့တယ်။ ထိုင်းစစ်တပ်ကလည်း သက်ဆင်ပြန်လာတာကို ကြိုဆိုခဲ့ပြီး ပြန်လည်သင့်မြတ်ရေးလုပ်မယ်လို့လည်း
ပြောကြားခဲ့ ပါတယ်။ အဲ့ဒီနောက် သက်ဆင်ကို ထိုင်းဘုရင်က သက်ဆင်ကျခံရမယ့် ထောင်ဒဏ်တွေအတွက်
လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တချိန်လုံးအာဏာသိမ်းလာတဲ့ စစ်တပ်က
သက်ဆင်ပြန်လာချိန် ကြိုဆိုခဲ့ပြီးတော့ သက်ဆင်းရဲ့ သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ကိုလည်း
ဝန်ကြီးချုပ်အဖြစ်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေးအရ ရော နိုင်ငံရေးအရပါ အရှိန်ဩဇာကြီးမားတဲ့
ရှင်နာဝပ်မိသားစုနဲ့ ထိုင်းစစ်တပ်တို့ ဘယ်အထိသင့်မြတ်နိုင်မလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။
နိဂုံးချုပ်
သက်ဆင်နဲ့
ထိုင်းစစ်တပ်ဟာ သင့်မြတ်ရေးအတွက် နားလည်ထားမှုရှိနေချိန်မှာ ပေထုံတန် ဝန်ကြီးချုပ်က
လွှတ်တော် အစိုးရသစ်ဖွဲ့တဲ့အထဲမှာ ထိုင်းစစ်တပ်ရဲ့ပါတီအားလုံးချန်လှပ်ထားခဲ့ပါတယ်။
ဒီလိုချန်လှပ်ခံရခြင်းဟာ ထိုင်းစစ်တပ် အတွက်အနာကို ဒုတ်နဲ့ ထိုးဆွလိုက်သလိုပါပဲ။ နောက်တချက်က
သက်ဆင်ဟာ မြန်မာ စစ်တပ်နဲ့ အတိုက်အခံတော်လှန်ရေးတပ်တွေအကြားမှာ ငြိမ်းချမ်းပွဲစားလိုလိုနဲ့
ကြားဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ယခင် မြန်မာနိုင်ငံကို ၄ ဘီလျှံငွေချေးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့်လို့
ယခုချိန်မှာလည်း သက်ဆင်ဟာ ထိုင်းနိုင်ငံစစ်တပ် ရဲ့ ခွင့်ပြုချက်မရှိဘဲ သူရဲ့ သဘောနဲ့
လုပ်ဆောင်နေပါတယ်။ အခြားတဖက်မှာ ပေထုံတန်က နိုင်ငံရေးထက် စီးပွားရေး ကို စိတ်အားထက်သန်သူဖြစ်ပြီး
ဝန်ကြီးချုပ်နေရာကိုရွေးချယ်ခံလိုက်ရတာဟာ သူ့အတွက်ကြိုးဆွဲရာကရမယ့် ပုံစံ တွေမြင်တွေ့နေရပါတယ်။
ထိုင်းနိုင်ငံရေးဇာတ်ခုံမှာ ရှင်နာဝပ်မိသားစုက စစ်တပ်ကိုချန်လှပ်ခဲ့မယ်ဆိုရင် နောက်ထပ်
အာဏာသိမ်းမှုပုံစံတွေကတော့ တွေ့မြင်ကောင်းမြင်လာရနိုင်ပါတယ်။ သက်ဆင်လိုနိုင်ငံရေးကို
ငွေကြေးတွေပုံအော သုံးပြီး လုပ်ချင်သလိုလုပ်မယ့်ဆိုတဲ့ အတွေးနဲ့ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုတွေက
သင့်မြတ်ရေးကိုတကယ်ပဲ ဦးတည်နိုင်မလားဆိုတာ wait & See ပါခင်ဗျာ။

No comments:
Post a Comment