ဘင်္ဂလားဒေရှ့်
ဆန္ဒပြမှု ပြင်းထန်နေ
၂၀၂၄ ခုနှစ်၊
ဇူလိုင်၊ ၂၄ ရက်
![]() |
| ဘင်္ဂလာဒေရှ့်ကျောင်းသားများ ဆန္ဒပြနေပုံ |
ဘင်္ဂလားဒေ့ရှ်မှာ
အစိုးရအလုပ်အကိုင်ခွဲတမ်းစနစ်ကို ဆန္ဒပြတဲ့ ကျေင်းသားတွေဟာဆိုရင် အခုဆိုရင် လူခြောက်
ဦးထက်မနည်း သေးဆုံးခဲ့ပြီး၊ ၄၀၀ ကျော်လောက် ဒဏ်ရရှိနေပါတယ်။ ဒီလိုဆန္ဒပြ အုံကြွမှုတွေကြောင့်
ဘင်္ဂလာဒေရှ့် အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကိုလည်း ပိတ်ပင်ထားပါတယ်။
ဇူလိုင်လ
(၁၆) ရက်နေ့ကတည်းက စတင်လာတဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုဟာဆိုရင် တဖြေးဖြေးနဲ့
ပြင်းထန်လာနေပါတယ်။ ဒီဆန္ဒပြပွဲကို ရဲတွေက ရော်ဘာတုတ်တွေ၊ မီးခိုးဗုံးတွေ၊ ရော်ဘာ ကျည်ဆံတွေနဲ့
ပစ်ခတ်ပြီး လူစုကွဲအောင် လုပ်နေပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဟာဆိုရင်
လူဦးရေ သန်း ၁၇၀ ရှိပြီး လူငယ် ၃၂ သန်းနီးပါးမှာ အလုပ်နှင့် ပညာသင်ကြား ခွင့်အတွက်
လက်လှမ်းမီနိုင်မှု မရှိ ဖြစ်နေပါတယ်။ လူဦးရေများပြီး အလုပ်အကိုင် မရှိတာကြောင့် အလုပ်လက်မဲ့
ဖြစ်တာတွေကို လျော့ချနိုင်ဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေရှ့်
အစိုးရက ဒီအချက် တွေကို လစ်လျူရှုခဲ့ပါတယ်။
ဒီကျောင်းသားလှုပ်ရှားမှုမှာ
သေဆုံးဒဏ်ရာ ရတာတွေရှိတဲ့အပြင်၊ ဖမ်းဆီးခံရတာတွေလည်းရှိနေပါတယ်။ ကျောင်းသားတွေကို ကျောင်းပြင်ပကိုထွက်ခိုင်းပြီး
လုံခြုံရေးတင်းကျပ်ထားပါတယ်။
