ကျွန်တော်တို့
လူရယ်လို့မွေးဖွားလာပြီးဆိုရင် လူ့ဂုဏ်သိက္ခာအညီနေထိုင်နိုင်ဖို့အတွက် လူ့အသိုင်းအဝိုင်းမှာသင့်တင့်လျောက်
ပတ်အောင် နေထိုင်နိုင်ဖို့အတွက် လူ့ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းရပါတယ်။လူ့အသိုင်းအဝိုင်းဆိုတာ
မတူကွဲပြားတဲ့ ရောင်စုံကာလာများနဲ့ဖွဲ့စည်းထားတာမို့ မတူညီတဲ့အကြောင်းအရာတွေများစွာရှိတက်ပါတယ်။ဒါပေမယ့်
မတူကွဲပြားတာက ပြသာနာမဟုတ်ပါဘူး မတူကွဲပြားခြင်းကို ခွဲခြားဆက်ဆံလိုက်မယ်ဆိုရင်တော့
ပြသာနာဖြစ်သွားပါပြီ အဲ့တော့မတူညီတဲ့ လူ့အသိုင်းအဝိုင်း တွေမှာလွတ်လပ်စွာရှင်သန်နိုင်ဖို့
၊ လွတ်လပ်စွာတွေးခေါ်နိုင်ဖို့တွက် လွတ်လပ်တဲ့လူ့ အဖွဲ့အစည်းတွေရှိဖို့ လိုပါတယ်။ မတူညီ
တဲ့အသိုင်းအဝိုင်းတွေနဲ့အတူ ကျွန်တော်တို့က ကမ္ဘာကြီးကိုလှပအောင်ဖန်တီးနိုင်ဖို့တွက်
အရည်အချင်း တွေဆိုတာလဲ လိုလာပါတယ်။ဘာကြောင့်လိုအပ်သလဲဆိုရင် မတူညီတဲ့နေရာတွေမှာ ပြသာနာဆိုတာဖြစ်ပေါ်
တက်ပါတယ် တနည်းအားဖြင့် ဆိုရင်တော့ပဋိပက္ခပေ့ါ။ဒီပဋိပက္ခတွေကိုဆိုတာလဲ အကြောင်းအမျိုးမျိုးကြောင့်
နေရာဒေသမရွေး ဖြစ်တက်ပါ တယ်။
ပဋိပက္ခတခုဖြစ်လာပြီးဆိုလို့ရှိရင်လဲ
ဘယ်လိုအကြောင်းတရာတွေက ပဋိပက္ခအသွင်းကိုဖြစ်စေတာလဲဆိုတာ ဆန်းစစ်ဖို့လိုလာပါ တယ်။ပဋိပက္ခဆိုတာ
“အမှိုက်ကအစ ပြာသာဒ်မီးလောင်ဆိုသလို”
တဖြည်းဖြည်းနဲ့တိုက်စားလာတက်ပါတယ်။ဒါကြောင့် ပဋိပက္ခ
ဖြစ်စေနိုင်တဲ့ အခြေခံချက် (၃) ချက်ရှိပါတယ် -
၁။ပဋိပက္ခကိုဖြစ်စေနိုင်တဲ့အခြေခံအကြောင်းတရား
ကျွန်တော်တို့
ပဋိပက္ခတခုကို ပထမဦးဆုံးဖြစ်စေနိုင်တာကတော့ လူသားတယောက်တဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေ
ကြောင့်ပါပဲ လူတယောက်ဟာ မွေးဖွားလာတာနဲအမျှ လူ့ဂုဏ်သိက္ခာနဲ့အညီ ဝတ်စားဆင်ယင်မှုတွေ၊
ဝမ်းဝအောင် ဖြည့်တင်း နိုင်မှုတွေ နှင့် နေထိုင်စရာအခင်းအကျင်းလေးတွေက လိုအပ်လာပါတယ်။လူသားတယောက်ဟာ
အသက်ရှင်ရပ်တည်နိုင်ဖို့ တွက် စားဖို့၊ ဝတ်ဖို့ ၊ နေထိုင်ဖို့တွက် ရုန်းကန်ရပါလိမ့်မယ်။ဒီလိုမျိုး
ရုန်းကန်နေတဲ့အချိန်တွေမှာ အဆင်မပြေမှုတွေဖြစ်လာ မယ်ဆိုရင် တောင်းလာမယ် ၊ တောင်းလို့မရရင်
ခိုးလာမယ်၊ ခိုးလိုမရရင် လုလာမယ်၊ ဓါးမြတိုက်လာမယ် နောက်ဆုံး အုပ်စုဖွဲ့ ပြီးအနိုင်ကျင့်မှုတွေ
ဖြစ်လာမယ်လူ့ကျင့်ဝတ်တွေကို ဖောက်ဖျတ်လာမယ် ဒါတွေဟာ ပြသာနာတွေဖြစ်လာဖို့တွက် အခြေခံ
အကြောင်းတရားတွေပဲဖြစ်တယ်။
အဲ့ဒီနောက်
ထပ်မံဖြစ်ပွားနိုင်တဲ့အချိန်တွေက အာဏာကိုအလွဲသုံးလုပ်ကြတဲ့အချိန်တွေ၊ နိုင်ငံတခု၏တည်ဆောက်ဆဲကာလ
တွေမှာဆိုရင် ပိုပြီးတော့ကို လူ့အခွင့်အရေးချိုးမှုတွေက များတက်ပါတယ်။ အာဏာကိုအလွဲသုံးစားလုပ်လာကြပြီးဆိုရင်
တရားဥပဒေဆိုတာလဲ ကင်းမဲ့လာပါတယ်။တရားဥပဒေ ကင်းမဲ့လာပြီဆိုလို့ရှိရင်လဲ အုပ်ချုပ်ရေးတခု၏
အထက်/ အောက် တွေက တကိုယ်တော် အကျိုးစီးပွားတွေကို လုပ်ဆောင်လာတက်ကြပြီး အရမ်းကိုမတရားမှုပြုလုပ်လာတက်ကြပါတယ်
ဆိုတော့ တယောက်ကိုတယောက် တစုကို တစု မတရားလွှမ်းမိုးလာပြီဆိုရင် သေချာတယ် ပဋိပက္ခဖြစ်လာဖို့တွက်
အခွင့်အရေး ကပိုပြီးလာပါတယ်။
ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့
ပဋိပက္ခတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်လဲ ၊ ဘာသာရေးခွဲခြားကြောင့် ခရုဆိတ်စစ်ပွဲလိုမျိုးဖြစ်သွားတာ
တွေရှိသလို ၊ လူမျိုးရေးခွဲခြားကြောင့် တောင်အာဖရိကလိုမျိုးစစ်ပွဲတွေ ၊ ဖိနှိပ်မှုတွေကြောင့်ဖြစ်လာတဲ့
မြန်မာနိုင်ငံလို ပြည်တွင်း စစ်တွေက ဒီနေ့ချိန်ထိ မြင်တွေ့နေရတုန်းပါပဲ။ သဘာဝအရင်းအမြစ်တွေနဲ့
သူတပါးနယ်မြေ တွေကို လောဘ ရမ္မမီးတွေကြောင့် ပ/ဒု ကမ္ဘာစစ်ပွဲလိုမျိုးတွေဟာလဲ ကျွန်တော်တို့တွက်
သင်ခန်းယူရမယ့်အချက်တွေပါပဲ။ဒီလို ပဋိပက္ခတွေ ကြောင့် လူသန်းပေါင်းများစွာ အပြစ်မဲ့စွာနဲ့
လူသားမဆန်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်။ဒါတွေကို မမြင်နိုင်ဘူးဆိုရင်တော့ သေချာတယ် ငြိမ်းချမ်းရေးဟာ
ဘယ်တော့မှဖြစ်လာမဟုတ်ပါဘူး။
၂။ပဋိပက္ခတွေကြောင့်ဘာအကျိုးဆက်တွေ
ဖြစ်လာလဲ
ဒီလိုပဋိပက္ခတွေဖြစ်လာပြီးဆိုရင်
အများအားဖြင့်တော့ ဆိုးကျိုးတွေကအတော်များပါတယ်။ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင် မှာ ဆိုလို့ရှိရင်
ဆိုဗီးယက်ပြည်ထောင်စုထဲက နိုင်ငံငယ်လေးတွေက ကွဲထွက်သွားခဲ့တယ်။မြန်မာနိုင်ငံမှာဆိုရင်လဲ
နိုင်ငံရေးပဋိပက္ခ တွေကြောင့် စစ်ပွဲဖြစ်လာတယ် စစ်ပွဲဖြစ်တွေကြောင့် အသက်ပေါင်းများစွာဆုံးရှုံးရတယ်
အိုးမဲ့၊အိမ်မဲ့တွေဖြစ်လာရတယ်။ အပြစ်ရှိလို့ အပြစ်ဒဏ်ခံရတာမျိုးမဟုတ်တော့ပဲ အပြစ်ရှိပါတယ်ဆိုတဲ့
စွပ်စွဲချက်တွေကြောင့် အသက်တွေကို ပိုးမွှားတကောင် ကဲ့သို့ အလွယ်လေးကို သတ်ဖြတ်နေကြတာတွေ
ရှိလာပါတယ်။ဒါတွေကိုက ပဋိပက္ခတွေကြားက အပြစ်မဲ့သူတွေရဲ့ မြေစာပင် ဘဝတွေပါပဲ။နောက်ပြီးတော့
စစ်ပွဲတွေဖြစ်လာပြီဆိုလို့ရှိရင်လဲ ထိုနိုင်ငံရဲ့စီးပွားရေး ၊ လူမှုရေး၊ ယဉ်ကျေးမှုတွေ၊
ဖွံဖြိုး တိုးတက်မှုတွေက အစကျဆင်းသွားပါတယ်။ အဲ့တော့ လူတွေဟာ ဆင်းရဲခြင်းဆိုတဲ့ ဒဏ်တွေကိုခါးစီးပြီးတော့
ခံစားရပါတယ်။ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း
ဒဏ်ရာတွေနဲ့ ကျန်ရှိနေပါ တယ်။ဒါတွေကိုဘယ်သူ တွေက တာဝန်ယူ ဖြေရှင်းမှာလဲ ဘယ်သူတွေက တာဝန်ခံမှာလဲ။တာဝန်ယူတယ်ဆိုရင်
တာဝန်ခံမှု တော့ရှိရမှာဖြစ်ပါတယ်။
၃။ဒီပဋိပက္ခတွေဖြစ်လာအောင်
ဘယ်သူတွေက ဖန်တီးတာလဲ
ပြသာနာတခုဖြစ်လာပြီးဆိုရင်
အဲ့ဒီပြသာနာတွေကို ဖန်တီးတဲ့သူတွေဆိုတာလဲ ရှိလာပါတယ်။ပဋိပက္ခတခုဖြစ်လာဖို့တွက်က “
မီးလောင်ရာ လေ့ပင်ဆိုသလို”
အားပေးအားမြှောက် ပြုတဲ့သူတွေရှိပါတယ်။တနည်းအားဖြင့်တော့
မြန်မာစစ်တပ်ကို အရေးယူနိုင်ဖို့တွက် ကမ္ဘာနိုင်ငံတွေက ဘယ်လောက်ပဲပြောနေပါစေ တရုတ်လို
ဗီတိုအာဏာရှိတဲ့ နိုင်ငံနှင့် ရုရားလို ဗီတို အာဏာ ရှိတဲ့နိုင်ငံတွေက ကန့်ကွပ်နေမယ်ဆိုရင်
ဒါက မြန်မာစစ်တပ်ကို ထပ်ပြီးလူသတ်ခိုင်နေတာနဲ့တူတူပါပဲ။နောက်ပြီးတော့ အစွန်းရောက်တဲ့သူတွေပေါ့
အမျိုးသားရေးတခုကို ဖော်ဆောင်ဖို့တွက် တည်ဆောက်ဆဲကာလမှာ အစွန်းရောက်တဲ့ဝါဒတွေကို ကျင့်သုံးနေမယ်ဆိုရင်
ဥပမာ - ငါနဲ့မတူ ငါ့ရန်သူ ပုံစံမျိုးတွေကျင့်သုံးနေမယ်ဆိုရင် ဒါဟာ ပဋိက္ခကို အသက်ရှည်စေမယ့်
လမ်းကြောင်းတွေဖြစ်သွားနိုင်ပါတယ်။တဆတ်တည်းမှာပါပဲ မိသားစုတစုဖြစ်စေ၊ အဖွဲ့အစည်းတခုဖြစ်စေ
၊ နိုင်ငံတခုပင်ဖြစ် စေ၊ အုပ်ချုပ်သူတွေက ညံ့ဖျင်းနေမယ်ဆိုရင်လဲ ဒါကပဋိပက္ခအသွင်းကို
ဆောင်ကျဉ်းသွားပါလိမ့်မယ်။
ဒါကြောင့်
ဒီလိုပဋိပက္ခတွေမဖြစ်လာအောင် ဘယ်လိုတားဆီးရမလဲဆိုတာ ဘယ်အပိုင်းကိုအရင်ဆုံးပြုပြင်ရမလဲဆိုတာ
ကျွန်တော်တို့လူ့ အဖွဲ့အစည်းတွေမှာ ကောင်းမွန်တဲ့ စဉ်းစားချက်တွေရှိဖို့လိုပါတယ်။ကျွန်တော်တို့က
လူတယောက်ရဲ့ အသက် ဆိုတာ လမ်းဘေးမှာရောင်းနေတဲ့ ကင်းစွန်း၊ဟင်းရွက်တွေရောင်းသလိုမျိုး
ဝယ်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။အဲ့တာကြောင့် ဒီပဋိပက္ခအသွင်ကနေ ငြိမ်းချမ်းရေးအသွင်းကိုပြောင်းလာပြီး
အမျိုးသားစီးပွားပြန်လည်ထွန်းကားလိုဖို့လိုပါမယ်။ဒါမှလဲ လူတ ဦးချင်းစီဟာ လွတ်လပ်စွာအသက်ရှင်ရပ်တည်နိုင်မယ်၊
လွတ်လပ်စွာတွေးခေါ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် စိုးရိမ်ကြောင်းကြ မှုကင်းစွာဖြင့်
လူသားတို့၏ဘဝရပ်တည်နိုင်မှသာလျင် ကမ္ဘာကြီးကိုအလှဆင်နိုင်မှာလဲဖြစ်ပါတယ်။
စောမြတ်သွီး
ရေးသည်။

No comments:
Post a Comment