နိုင်ငံရေးအဖွဲ့အစည်းချို့နဲ့ ဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ (IDNSC) ကို ဇူလိုင် (၁၄) ရက် အစည်းအဝေးဆုံးဖြတ်ချက် အရ ဖွဲ့စည်းကြောင်းကို ယနေ့ ဩဂတ်စ်၊ (၁) ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။ IDNSC ဧရာဝတီနိုင်ငံရေးအစုအဖွဲ့တရပ်တွင် ကရင်၊ ရခိုင်၊ ဗမာ လူမျိုးတို့ပါဝင်ပြီး ကရင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
ဧရာဝတီသည် ကရင်၊ ရခိုင်၊ မွန်၊ ဗမာ၊ ချင်း တိုင်းရင်းသားများအတူတကွနေထိုင်သော ဒေသတခုဖြစ်ပြီး မတူညီသော သမိုင်းကြောင်းအစဉ်လာ၊ ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံတမ်းတွေနဲ့ အတူယှဉ်တွဲနေထိုင်းလာ ကြောင်းဖော်ပြထားပါတယ်။ ဧရာဝတီကို အကြမ်ဖက်စစ်ကောင်စီများလွှမ်းမိုးအုပ်စိုးမှုအောက် တော်လှန်ပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်အမျိုးသားပြည်နယ် တည်ဆောက်မယ်လို့ ဆန္ဒထုတ်ဖော်ထားပါတယ်။
ဧရာဝတီကို အမျိုးသားပြည်နယ်အဖြစ်တည်ဆောက်သည့်အခါမှာ ၂၀၀၈ ခုနှစ်လောက် တိုင်းရင်းသားလက်နက်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေ စုပေါင်းရေးဆွဲခဲ့တဲ့ FCDCC ဒုတိယမူကြမ်းပါ အတိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားပြည်နယ်အဖြစ် တည်ဆောက်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။
IDNSC ၏ ရည်ရွယ်ချက်မှာ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စစ်(၃) စစ်ကို တိုက်ဖျက်မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီဖြင့် အမျိုးသားများပြည်နယ် တည်ဆောက်ရန်ဖြစ်ကြောင်းကို ထုတ်ဖော်ထားပါတယ်။



No comments:
Post a Comment