အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံတွင် M Pox ရောဂါ စတင်ဖြစ် ပွားခဲ့ပြီးနောက် အာဖရိကတိုက်ရှိ အခြားသော နိုင်ငံများ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန်ဒါ စသည့်နိုင်ငံအများစုတွင်လည်း ကူးစက်ပျံ့နှံ့ လာကာ ယခုဆိုရင် အရှေ့တောင်အာရှနိုင်ငံထဲအထိ ကူးစက်ပျံ့နှံ့လာသည်ကို တွေ့မြင်ရပါသည်။ နောက်ဆုံး ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတကာ၏ စိုးရိမ်စရာအဖြစ် "ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သြဂတ်(စ်) လ (၁၄) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
မျောက်ကျောက်ရောဂါတွင် အမျိုးအစားအဖြစ် Clade 1 နှင့် Clade 2 ဟု နှစ်မျိုးရှိပြီး အသက်ရူလမ်းကြောင်းမှ တဆင့်ကူးစက်နိုင်သလို၊ လိင် မှတဆင့်လည်း ကူးစက်နိုင်ပါသည်။ Mpox ရောဂါသည် ကူးစက်နှုန်းမြင့်တက်လျက် ရှိပြီး သေဆုံးသွားသည်အထိရှိသည်ဟု WHO ၏ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
Mpox ရောဂါကူးစက်ခံရသူများသည် အရေပြားတွင် အနီကွက်များ တဖြေးဖြေးထွက်လာပြီး ခန္ဓာကိုယ်တခုလုံး ပြန့်နှံ့သွားခြင်း၊ ကြွက်သားများနာခြင်း၊ ငှက်ဖျားကဲ့သို့ အဖျားတက်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ပြည်တည်နာကဲ့သို့ အနာများဖြစ်ပွားလေ့ရှိပါသည်။ ထို့ကြောင့် ရောဂါကူးစက်ခြင်းမရှိသူများသည် လက်ဆေးခြင်း၊ Mask တပ်ခြင်းတို့ ပြုလုပ်သင့်ပြီး ကူးစက်ခံရသူများနှင့်လည်း တိုက်ရိုက်ထိတွေ့ခြင်းများကိုလည်း ရှောင်ရှားရမည်ဖြစ်ပါသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကမ္ဘာ့နိုင်ငံ ၁၁၆ နိုင်ငံ တွင် မျောက်ကျောက်ရောဂါ ဖြစ်ခဲ့သူ လူနာ ၉၉၀၀၀ ဦးရှိခဲ့ပြီး သေဆုံးသွားခဲ့သူ ၂၀၈ ဦးရှိကြောင်းလည်း သိရှိရပါ သည်။
ယခုအရှေ့တောင်အာရှနိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်လာနေပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၈၈ ဦး၊ ဗီယက်နမ်တွင် ၄၆ ဦး၊ စင်္ကာပူတွင် ၁၀ ဦး၊ ဖိလစ်ပိုင်တွင် ၁ ဦးနှင့် ထိုင်းနိုင်ငံတွင် ဩဂတ်(စ်)လ (၁၉) ရက်နေ့ နောက်ဆုံးရ လူနာ ၁၀၀ ဦးထိရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ တွေ့ရပါသည်။ မြန်မာနိုင်ငံ အတွင်း မျောက်ကျောက်ရောဂါ ကူးစက်သည့် လူနာမရှိသေးကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
မျောက်ကျောက်ရောဂါသည် နိုင်ငံတကာစိုးရိမ်မှုအဆင့်ထိ သတ်မှတ်ထားပြီး ကူးစက်မှုနှုန်းမှာ ကိုဗစ်(၁၉) ပုံစံဖြင့် ကဲ့သို့ ကူးစက်နိုင်ပါသည်။ ယခုချိန် မျောက်ကျောက်ရောဂါ ကူးစက်မှုနိုင်ငံပေါင်း (၂၀) ကျော်ထိ ကူးစက်နေပြီး ရောဂါဖြစ်ပွားမှု (၁၇,၀၀၀) ကျော်ရှိကာ သေဆုံးသူ (၅၇၁) ဦးထိရှိလာနေကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်များအရသိရသည်။
.jpg)
No comments:
Post a Comment