Saturday, May 18, 2024

KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ

KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁၈ ရက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှနိုင်ငံအာဏာကို သိမ်းယူလိုက်ပြီးနောက် အာဏာသိမ်းခြင်းကိုလက်မခံသည့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဟာ အာဏာသိမ်းခြင်းသည် အဓမ္မ ဖြစ်ပြီး ဓမ္မဘက်ကသာ ရပ်တည်မည်ဟု KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်ဘလန်၏ စကားအတိုင်း KIA ဟာအဖိနှိပ်ခံပြည်သူတရပ်လုံးနဲ့ရပ်တည်ကာ စစ်ကောင်စီတပ်များကို စတင်ထိုးစစ်ဆင်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာ သိမ်းလိုက်ပြီးနောက် နွေဦးတော်လှန်ရေးတွင်ပေါက်ဖွားလာသည့် PDF များနှင့် တိုက်ပွဲများတစနှင့်တစ ကြီးထွားလာခဲ့ ပါတယ်။သို့သော် KIA အနေဖြင့် အစပိုင်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF များကိုသာ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း KIA မှ စစ်ရေးတွင် ဦးဆောင်ကာ PDF ပူးပေါင်းတပ်များနှင့်အတူ စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့သိမ်းတိုက်ပွဲအထိ ထင်ထင်ရှား ရှား ပါဝင်တိုက်ခိုက်တာကိုတွေ့နိုင်ပါတယ်။ ထို့နောက် (၀၃၀၇) စစ်ဆင်းရေးဖြင့် ကချင်ပြည်အတွင်းမှ စစ်ကောင်စီတပ် အားလုံး ရှင်းလင်းရန် အတွက် ထိုးစစ်များကို အရှိန်ဟုန်ပြင်းစွာဖြင့်တိုက်ပွဲဖော်ဆောင်လာခဲ့ပါတယ်။ KIA ဌာနချုပ်ရှိရာလိုင်ဇာမြို့ကို ခြိမ်းခြောက် နေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ တပ်ရင်း၊စခန်းများကို ခြေမှုန်းပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များကိုပါ KIA မှ သိမ်းပိုက်လာသည်ကို တွေ့ရပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၀) ရက်နေ့တွင် ကချင်ပြည်၊ အင်ဂျင်းယန်မြို့ကို စတင်း သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ၊ မော်လူးမြို့ကိုပါ PDF ပူးပေါင်း တပ်များနှင့်အတူ စတင်သိမ်းပိုက်ခဲ့ပါ တယ်။၂၀၂၄ ဇန်နဝါရီလ (၂၀) တွင် ရှမ်းမြောက်ရှိ မံစီမြို့နယ်၊ မဘိမ်မြို့အပါအဝင်၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် မြစ်ကြီးနား မြို့နယ်၊ ဆင်ဘိုမြို့ ၊ မတ်လ (၂၉) ရက်နေ့တွင် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်တခုဖြစ်သည့် လွယ်ဂျယ်မြို့၊ မေလ (၅) ရက်နေ့ တွင် ကချင်ပြည်နယ်၊ ဆွမ်ဘရာမြို့ စသည့် မြို့(၆) မြို့ကို KIA မှ သိမ်းပိုက်ထားပါတယ်။ဆက်လက်ပြီး မိုးမောက်မြို့၊ ရွှေ နှင့် ပယင်းများထွက်ရှိရာ တနိုင်း တို့ကို KIA အပြင်းအထန်ထိုး စစ်ဆင်တိုက်ခိုက်လျှက်ရှိနေပါတယ်။ KIA ၏ စစ်ရေးအရဦးဆောင်ဦးရွက်ပြုမှုသည် ကချင်ဒေသ ၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းဒေသအထိ တိုက်ခိုက်ခြင်း သည် နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် များစွာအထောက်အကူပြုဖြစ်စေပါသည်။စစ်ရေးအ ရှိန် မြင့်လားတဲ့ KIA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ကချင်၊ ရှမ်းမြောက်၊ မန္တလေးတိုင်းရှိ မဟာ မိတ် များနှင့် ပူးတွဲတိုက်ကွက်ဖော်လာတာကြောင့် စစ်ကောင်စီတပ်များ ကချင်ဒေသမှာ အထိနာနေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။

Sunday, May 12, 2024

မြဝတီကကျားဖြန့် ဇာတ်ရုပ်ကို တရုတ်ဘယ်လိုဆတ်ကမလဲ

မြဝတီကကျားဖြန့် ဇာတ်ရုပ်ကို တရုတ်ဘယ်လိုဆတ်ကမလဲ မြဝတီမြို့နယ် မယ်ထော်သလဲရွာ နဲ့ရွှေကုက္ကိုလ်ဒေသမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကျားဖြန့်လုပ်ငန်း အွန်လိုင်း ငွေလိမ်ဂိုဏ်းဟာဆိုရင် ကရင်ပြည်နယ်ခြားစောင့်တပ် BGF(KNA) ဦးဆောင်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၏ အာဏာ အောက်တွင် ရှိနေပါတယ်။ကျားဖြန့်လုပ်ငန်းလုပ်ဆောင်တဲ့ နေရာတွေမှာဆိုရင် ကာစီနို ၊ ဟိုတယ် ၊ ပြည့်တန်ဆာ ၊ စားသောက်ဆိုင်နှင့် KTV စတဲ့ စီးပွားရေးလုပ်ငန်းများဖြင့်လည်ပတ်နေပြီး တရုတ်နိုင်ငံသားအများစုနှင့် အခြားလူမျိုး အနည်းငယ် ရှိပါတယ်။ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်မည့်သူများကို တရားဝင်နည်းလမ်းရော ၊ တရားမဝင်နည်းလမ်း နဲ့ပါ မက်လုံးပေးခေါ်ဆောင်တာတွေရှိပြီး ပြန်ထွက်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် လွယ်ကူပေမယ့် တရုတ်နိုင်ငံ သားအဖို့ ယွမ် (၂) သိန်းထိပေးဆောင်ရတာတွေရှိပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံသားတွေအဖို့ အိမ်ပြန်လမ်းကတော့ ပိုက်ဆံ ပေးရင်တောင် ပြန်နိုင်ဖို့အာမခံချက်မရှိပါဘူး။ ကျားဖြန့်လုပ်ငန်းက အလုပ်သမားများဟာ အလုပ်အပေါ်မှာ အမှားအယွင်းဖြစ်ခဲ့မယ်ဆိုရင်လည်း ပြစ်ဒဏ်အ မျိုးမျိုးကိုကျခံရပြီး အခန်းထဲနှိပ်စက်ခံရသည်အထိ အရေးယူခံရပါတယ်လို့ ကျားဖြန့်လုပ်ငန်းမှ လွတ်မြောက်လာ သူများထံမှ သိရှိရပါတယ်။ ဒီလို နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်ကို အဓိက အခကြေးငွေယူပြီး မဲ့တပေါက် မစွန်းရအောင် ကာကွယ်ပေးနေတာကတော့ ဗိုလ်မှူကြီးစောချစ်သူ ဦးဆောင်တဲ့ BGF(KNA) အဖွဲ့ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းကောင်း မွန်စွာလည်ပတ်နိုင်ရန် အတွက် ဧက ၁၀၀ ကျော်တဲ့ခြံဝန်းကို လုံခြုံရေးတင်းကျပ် စွာတာဝန် ယူ ပေးနေပါတယ်။ ထိုင်း မြန်မာနယ်စပ်က မဲထော်သလဲဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ (၆) နယ်ဖြစ်ကာ KK Park တရုတ်စီမံကိန်း ကျားဖြန့်လုပ်ငန်းကို KNUမှ မြေဌားရမ်းပေးပြီး KNU ဦးပိုင်ကုမ္မဏီဖြစ်သည့် မုလအိအလင်းကုမ္မဏီနှင့် Huanya International Holding Group မှာပါဝင်တဲ့ Trans-Asia International Holding Group(Thailand) Co.Ltd တို့ကြား ထိုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လမှာ KNU ဥက္ကဋ္ဌ နှင့် ကာကွယ်ဝန်ကြီးဌာနမှူး စောရောဂျာခင်ကိုယ်တိုင်တို့ တက်ရောက်လက်မှတ်ထိုး ထားကြောင်းသိရှိရပါတယ်။နောက်ပိုင်းတွင် မုလအိအလင်းကုမ္မဏီမှ နုတ်ထွက်သွားကြောင်းလည်း သိရှိရပါတယ်။ ဒီကျားဖြန့်လုပ်ငန်းတွင် ပါဝင်နေတဲ့အတွက် KNU အတွင်းရေးမှာလည်း သဘောထားကွဲလွဲနေတာတွေရှိပါတယ်။ ရွှေကုက္ကိုလ်ဒေသမှာလည်း အစပိုင်းတော့ မြို့သစ်စီမံကိန်းဟု သတင်းလွှင့်ထားပြီး BGF ဗိုလ်ချစ်သူမှ အွန်လိုင်းငွေ လိမ်ဂိုဏ်းကို မြေရောင်းစားကာ ကျားဖြန့်လုပ်ငန်းတရုတ်စီမံကိန်းကို မြို့ပြသဖွယ်ပြုလုပ်ကာ အကောင်းအထည်ဖော် လည်ပတ်စေခဲ့ပါတယ်။ ထိုင်း ၊ မြန်မာနယ်စပ်တလျောက်က ကျားဖြန့် အွန်လိုင်းငွေလိုင်းဂိုဏ်းတွေကို တရုတ်အစိုးက အမြစ်ပြတ်ချေမှုန်းချင် တာကြောင့် စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာနှင့် ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိ သူတွေနဲ့ စစ်ကောင်စီတို့ကြား နှစ်ကြိမ်တိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး။ကရင် အမျိုးသားအစည်းအရုံး KNU မှ ကရင်ပြည်နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို တိုက်ဖျက်နိုင်ရန်အတွက် အိမ်းနီးချင်း နိုင်ငံမျာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်လို့ ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ (၁၃) ရက်နေ့ ကြေငြာချက်ထုတ်ပြန်လိုက် တာရှိပါတယ်။လက်တွေ့မှာ KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေးဟာ ဘယ်ထိရောက်ခဲ့လည်း ဆိုတာ ဆတ်ပြီးသုံးသပ် ကြည့်ရအောင်ပါ။ ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတွေမှာ စစ်ကောင်စီ၏ထိပ်ပိုင်ခေါင်းဆောင်တွေဟာ ထိုလုပ်ငန်းတွင်း ပါဝင်ပတ် သတ်နေတာကြောင့် စစ်ကောင်းစီအဖို့ဝင်ငွေ သက်သာချောင်ချိနေချိန် တရုတ်အစိုးမှ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို ကိုင်တွယ်ပြီး စစ်ကောင်စီ၏ အရှိက်တည့်တည့်ကို လှန်ထိုးလိုက်တာကြောင့် ကူရာမဲ့ပြီး နောက်ဆုံး ရှမ်းမြောက်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နှင့် အပေါင်းအပါအားလုံးကို တရုတ်အစိုးထံ လွှဲပြောင်းပေးခဲ့ရပါတယ်။ ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီလက်အောက်တွင် အစပိုင်းတွင် ရပ်တည်ပေးခဲ့ သော်လည်း ရှမ်းမြောက်ဖြစ်စဉ်တွင် သင်ခန်းစာရလိုက်တာကြောင့် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ရန် လတ် တလော ဆုံးဖြတ်ခဲ့ပါတယ်။ဗိုလ်ချစ်သူ ခွဲထွက်ကြောင်းကို ပထမဦးဆုံး ထိုင်းသတင်းဌာနက ဖော်ြပတာကို တွေ့ ရပါ တယ်။ ဒီလိုခွဲထွက် လိုက်တာကြောင့်လည်း စစ်ကောင်စီအဖို့ မြဝတီအရေးကိုင်တွယ်ရန် အခက်တွေ့ စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝန်းမှ တော်လှန်ရေးတပ်များဟာ စစ်ကောင်စီကို တိုက်ခိုက်လာတာ ကြောင့် လူ ၊ လက်နတ် ၊ ငွေကြေးတွေ ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရချိန်တွင် BGF(KNA) ဗိုလ်ချစ်သူမှ ခွဲထွက်လိုက်တာ ကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ မြဝတီကို ခေတ္တခဏ သိမ်းပိုက်နိုင်ခဲ့ပါတယ်။KNU ဟာ မြဝတီကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် မြဝတီမြို့နယ် မယ်ထော်သလဲရွာက ကျားဖြန့်လုပ်ငန်းတွေကို ယောင်လို့တောင်မှ မထိခဲ့ပါဘူး။KNU ဟာ ကျားဖြန့်လုပ်ငန်းကို တိုက်ဖျတ်မယ်လို့ ထုတ်ပြန် ထားပေမယ့် မြဝတီကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် ဘာကြောင့် ကျားဖြန့်ကို မတိုက်ဖျတ်ပဲ မြဝတီကို ဗိုလ်ချစ်သူ လက်ထဲပြန်ထည့် ပေးလိုက်တာလည်း ဒါဟာ စဉ်စားစရာတွေဖြစ်လာပါတယ်။ဒါကြောင့် KNU ရဲ့ စစ်ရေးရည်မှန်း ချက် မဟာဗျူဟာထဲမှာ မပါဘူးဆိုတာကို ပြသနေပါတယ်။ KNU မှ မြဝတီကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် ကျားဖြန့်လုပ်ငန်း တည်ဆောက်ရန် KK Park စီမံကိန်းအတွက် မြေနေရာအဌားစာချုပ်ကို KNU ၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ နှင့် ကာကွယ်ဝန်ကြီးဌာန တို့ပူးတွဲ လက်မှတ်ထိုးသည့် ဓာတ်ပုံဖိုင် အွန်လိုင်းပေါ်တွင် ပျံနှံ့လာခဲ့ပါတယ်။ဒါဟာ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းမှာ KNU ပါဝင်နေတယ်ဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ KNU က မြဝတီကို သိမ်းပိုက်နေချိန် စစ်ကောင်စီက BGF ဗိုလ်ချစ်သူကို အကျပ်ကိုင်နိုင်ဖို့ ကျားကွက်ပြန်ရွေ့လိုက်ပါတယ်။ဘယ်လိုရွေ့လိုက်လည်းဆိုရင် ရွှေကုက္ကိုလ်ကို ဗုံးကြဲမယ်ဆိုတာပါပဲ။ဇိမ်ခံပစ္စည်ကြားမှာ ယစ်မူးနေပြီး ငွေကိုရေလိုသုံးနေတဲ့ ရွှေကရင် ဗိုလ်ချစ်သူ ဟာ အကျိုးစီးပွားကို ထိခိုက်မှာစိုးတဲ့အတွက် ကရင်အချင်းချင်းမတိုက်ချင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျား တကွက် ရွေ့လိုက်ပြန်ပါတယ်။ ဒီတော့ မြွေမသေ ဒုတ်မကျိုး ဆိုသလိုပေါ့ BGF ဟာ KNA အသွင်ဖြင့် ပြောင်းလဲဆိုသော်ြငားလည်း မြဝတီကို စစ်ကောင်စီ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး KNU နှင့် မိတ်မပျက်အောင် နှစ်ဖက်ခွပုံစံမျိုးအသုံးပြုသွားတာကို တွေ့ရပါတယ်။သို့သော် ဒီပွဲဟာ မပြီးသေးပါဘူး။ ဒီနေရာတချက်ပြောလိုတာက တရုတ်အခန်းကဏ္ဍဖြစ်ပါတယ် ရှမ်းမြောက်က ကျားဖြန့်တွေမှာ ပါဝင်ပတ်သတ်နေ တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ လုပ်ကိုင်နေသူတွေကို အရေးယူနိုင်ဖို့ ညီနောင် ၃ ဖွဲ့ကိုကိုင်တွယ်ကာ စစ်ကောင်စီကိုဖိအားပေးခဲ့သလိုမျိုး ဒီဘက် ထိုင်း-မြန်မာ တလျောက်က ကျားဖြန့်မှာပါဝင်ပတ် သတ်နေသူတွေနဲ့ လုပ်ကိုင်နေသူကို ဆတ်လတ်အရေးယူမယ်ဆိုရင် တရုတ်က စစ်ကောင်စီကိုဖိအားပေနိုင်တဲ့ အခင်း အကျင်း တခုလိုအပ်လာပါလိမ့်မယ်။တရုတ်အစိုးရရဲ့ အကျိုးစီးပွားကို ထိခိုက်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရေး ယူနိုင်ဖို့က ရှမ်းမြောက်မှာလို လွယ်ကူမယ့်အနေအထားတခုတော့ မဟုတ်ပါဘူး။ဒါကြောင့် တရုတ်အစိုးရဟာ အနုနည်းနဲ့မက်လုံးပေးကာ စစ်ကောင်စီကို ၂၀၂၄ ၊ ဧပြီ လတွင်းမှာပဲ တရုတ်နိုင်ထိခေါ်ကာ ယွမ်း(၅) သန်းပေးပြီး ကျားဖြန့်နှိမ်နှင်းရေးအတွက် လူမိုက်ဌားလိုက်ပြန်ပါတယ်။ထိုခရီးစဉ်တွင်းမှာ စစ်ကောင်စီက ကျားဖြန့်ကို အရေးယူ မယ်လို့ ကတိပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။ဒီတခါ တရုတ်ရဲ့လူမိုက်ကြီးအဖြစ် သရုပ်ဆောင်ရမှာတော့ စစ်ကောင်စီဖြစ် ဖို့ ၅၀ လောက်ကသေချာနေပါပြီ။ မြဝတီမြို့ဟာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးတွက်အဓိကကျပြီး နှစ်နိုင်ငံအတွက် ဒေါ်လာသန်းချီရအောင်လုပ် ပေနေတဲ နယ်စပ်ဂိတ်လည်းဖြစ်တာကြောင့် စစ်ကောင်စီမှ အရယူဖို့ကြိုးစားပါလိမ့်မယ်။တဖက်မှာတရုတ်ကြီးကို ပေးတဲ့ ကတိတည်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ တပ်မတော်ဒုခေါင်းဆောင် ကိုယ်တိုင် အောင်ဇေယျစစ်ဆင်ရေးကို ဦးဆောင်က အင်အားအလုံးအရင်းဖြင့်အသေခံပြီး နေစဉ်ထိုးဖောက်နေပါတယ်။အောင်ဇေယျစစ်ကြောင်း မြဝတီကို ခြေကုပ်ယူနိုင်ပြီဆိုလျင် စစ်ကောင်စီဟာ BGF(KNA) ကို တကွက်ပြန်ရွေ့ပါလိမ့်မယ်။အဲ့ဒီအချိန် KNU နဲ့ စစ်ကောင်စီ ဟာ အလွမ်းသင့်သွားနိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ KNU ဟာ NCA လက်မှတ်ကို ဖျတ်သိမ်းကြောင်း ဒီနေ့ချိန်ထိ မထုတ်သေးလို့ပါပဲ။ အကယ်၍ တရုတ်ကြီးကို ပေးတဲ့ ကတိမတည်ဘူးဆိုရင် ယွမ်း (၅) သန်း တန်ဖိုး အပြင် အတိုးရော အရင်းပါအဖြစ် နေပြည်တော်ကိုပါ ၇၅ အထိ ခြိမ်းခြောက်ပါလိမ့်မယ်။ဒါကတော့ မြေကြီးလက်ခတ် မလွဲပါဘူး။ အချုပ်အားဖြင့်ဆိုရလျင် နိုင်ငံတကာက မျက်စိဆံပင်မွေးစူးနေတဲ့ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးဘိန်း ထုတ်လုပ်မှုမှာ အာဖဂန်ကိုကျော်ပြီး အဆင့် (၁) နေရာကို အသာစီးယူထားပါတယ်။အခုလည်း အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့အတူ အွန်လိုင်းငွေလိမ်ဂိုဏ်းဆိုတဲ့ ကျားဖြန့်ဟာ မြန်မာနိုင်ငံရှိနယ်စပ်ဒေသ မှာအခြေစိုက်ပြီး တရုတ်နဲ့အမေရိကန်တို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာကြောင့် စစ်ကောင်စီကိုနာနာထောင်းနေတာပါ။ဒါပေမယ့် ဒီကျားဖြန့်လုပ်ငန်းမှာ စစ်ကောင်စီအတွက်ပဲ အကျိုးစီးပွားရှိတာမဟုတ်ပါဘူး ကျားဖြန့်လုပ်ငန်းအခြေစိုက်ရာ နယ်စပ်ဒေသက တိုင်းရင်း သားလက်နတ် ကိုင်တွေအတွက်လည်း အကျိုးစီးပွားရှိနေပါတယ်။မဲထော်သလဲနဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်း တွေမှာဆိုရင် စစ်ကောင်စီ ၊ BGF(KNA) ၊ KNU နှင့် DKBA တို့က အကျိုးအမြတ်တွေကို ခွဲယူသုံးစွဲကြပါတယ်။သို့သော် မြဝတီတိုက်ပွဲဟာ ကျားဖြန့်အတွက် အဓိက ဇာတ်ကောင်ကို ဖော်ထုတ်ပေးလိုက်သလိုပါပဲ။ဒါရိုက်တာ ပေါက်ဖော်ကြီး ရေးတဲ့ ရှမ်းမြောက်က ဇာတ်လမ်းအဆက်ကို ကရင်ပြည်ဘက်မှာ ဆတ်ကဖို့ အစီစဉ်ရှိတဲ့အတွက် အဓိက ဇာတ်ကောင်ကို ဘယ်လိုဖမ်းမလဲဆိုတာ လူမိုက်နဲ့ မင်းသား နပန်းလုံးတဲ့အချိန်ကြရင် သိရပါလိမ့်မယ်။

Sunday, March 24, 2024

အာရက္ခနိုင်ငံအတွက် AA နဲ့ SAC ဆွေးနွေးပွဲ ဖြစ်လာနိုင်သလား

အာရက္ခနိုင်ငံအတွက် AA နဲ့ SAC ဆွေးနွေးပွဲ ဖြစ်လာနိုင်သလား ရက္ခိုင့်တပ်တော် AA ၏အမျိုးသားရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၊ (၁၃) ရက်နေ့မှစတင်ပြီး ရခိုင်ပြည်ရှိမြို့များကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးနည်းဗျူဟာ အရ အကြမ်းဖက်စစ်တပ်၏ တပ်ရင်းစခန်းများကို ရက္ခိုင့်တပ်တော် AA မှစတင်ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲ များအရှိန်အဟုန်ပြင်းထန်စွာဖြင့် ရခိုင်အမျိုးသားရေးအိမ်မက်ဟာ တဖန်ပြန်လည်နိုးထ လာခဲ့ပါတယ်။ ရခိုင်မှာ မြို့ (၁၇) မြို့ရှိပြီး လက်ရှိအချိန်မှာ ရက္ခိုင့်တပ်တော်မှမြို့(၈) မြို့ကို သိမ်းပိုက်ထားပါတယ်။ ပြည်ထောင်စုထဲက ရက္ခိုင့်တပ်တော်၏နိုင်ငံရေးရည်မှန်းချက်များကိုနိုင်ငံရေးအရ တောင်းဆိုတာထက် ရခိုင်မြေပြင်ကို ခြေချသည့်အချိန်မှစ၍စစ်ရေးနည်းလမ်းဖြင့် တိုက်ပွဲပေါင်းများစွာဆင်နွှဲခဲ့ပါတယ်။ဒါပေ မယ့် AA နှင့် စကစ တို့ဟာ ၂၀၂၀ နှစ်မကုန်ခင်မှာ အပစ်ရပ်ခဲ့တာရှိသော်လည်း စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် တွင် စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေယူဆ ချက်ထက် စစ်ရေးနည်းလမ်းဖြင့် တိုက်ယူမှရမယ်ဆိုတဲ့ သဘောထားအမြင်ရှိလာတာကြောင့် မြို့သိမ်း တိုက်ပွဲအထိပုံ‌ဖော်လာတာကို တွေ့ရပါတယ်။(၁၀၂၇) ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ ရခိုင်မှ AA ၏ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်များအထိနာနေပြီး ကြည် ၊ရေ၊လေ တိုက်ခိုက်မှုကြားမှ တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်တာ ဟာလည်း ရက္ခိုင့်တပ်တော်အဖို့ တိုက်ခိုက်ရေးအင်အားကို လိုသလိုစီမံခန့်ခွဲ နိုင်တာကြောင့်လည်းဖြစ်ပါတယ်။ မြန်မာစစ်တပ် အာဏာမသိမ်းမှီကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်း (၃) ကို ချန်လှပ်ထားခဲ့သော်လည်း ယခုချိန် မြောက်ပိုင်း (၃) ဖွဲ့နှင့်အတူ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာအောက်မှာ စစ်ကောင်စီအလူးအလိမ့်ဖြင့် အထိနာနေပြီး ရခိုင်မြောက်ပိုင်းတခုလုံးကိုပါ လက်လွှတ်ရမည့်အခြေအနေသို့ ဆိုက်ရောက်‌နေပါတယ်။ဒီလို မြေပြင်အနေအထားမှာ အသာစီးဖြစ်နေတဲ့ AA ကို နိုင်ငံရေးအရ စားပွဲဝိုင်းသို့ စစ်ကောင်စီမှ အပေးအယူတခုခုဖြင့် ဆွေးနွေးရန်ကမ်းလှမ်းလာနိုင်မလား ဆိုတာကို သုံးသပ်မိပါမယ်။ ရခိုင်‌‌မြောက်ပိုင်းသိမ်းပိုက်နိုင်ရေး ရခိုင်ပြည်တွင် အကြမ်းဖက်စစ်တပ်မှ ရပ်တည်ရေးအတွက် အနောက်ပိုင်တိုင်းစစ်ဌာနချုပ် ထားရှိပြီး၊ ၎င်းဌာနချုပ်အောက်တွင် စစ်ဆင်ရေးကွပ်ကွဲဌာနချုပ် စကခ (၅) (တောင်ကုတ်) ၊ စကခ (၉) ( ကျောက်တော်) နှင့် စကခ (၁၅)( ဘူးသီးတောင်) ၊ စစ်တွေတွင် ဒကစ တခုနှင့် နယ်ခြားစောင့်ရဲ တို့ဖြင့်ဖွဲ့စည်းထားပြီး စကခ တခုလက်အောက်တွင် တပ်ရင်း ၁၀ ရင်းနှင့် မြို့တမြို့တွင် ရဲစခန်းတခုစီ ရှိပါတယ်။ဖွဲ့စည်းပုံအရ တပ်ရင်း (၃) ရင်းကို ဗျူဟာ ၁ ခုစီရှိပါတယ်။ တပ်ရင်း (၁၀) ရင်းဆိုရင် ဗျူဟာ (၃) ခုရှိပါမယ်။သို့သော် လက်တွေ့မှာ တကယ်ရှိချင်မှ ရှိပါမယ် ထင်တားတာထက်လည်း ပိုနိုင်ပါတယ်။ မြို့တမြို့မှာဆိုရင်ဖြင့် စစ်ကောင်စီ တပ်ရင်း (၃) ရင်း သို့မဟုတ် (၄) ရင်းလည်းရှိနိုင်ပါတယ်။ ၂၀၂၃ ၊ နိုဝင်ဘာ ၊ (၁၃) ရက်နေ့မှစတင်ကာ ရက္ခိုင့်တပ်တော် AA မှ စစ်ကောင်စီစခန်းများကို စတင်ထိုး စစ်ဆင်ရာတွင် ကုလားတန်မြစ်ကြောင်းတလျောက်ရှိ စခန်း၊ဗျူဟာ များကိုထိုးစစ်ဆင်ခဲ့သည်။ပလက်ဝရှိ စစ်ကောင်စီ၏အခြေချဗျူဟာကုန်းကြီးများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်ပေါင်း (၂၀) ကျော်ကြာ မြှင့်သည့် အချိန်တွင် နာ‌မေကြီးထရွင်အိုင်ဗျူဟာနှင့် နှုံးဘူးဗျုဟာကို သိမ်းပိုက်နိုင်ခဲ့ပြီး ပလက်ဝမြို့ကို (၁) လ ကျော်ကြာ ၂၀၂၄ ခုနှစ် ၊ဇန်နဝါရီ၊ (၁၄) ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထူးခြားချက် တခုအနေဖြင့် ရခိုင်ပြည်နှင့်ချင်းပြည် ကြားက ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးပစ်မှတ်ဧရိယာတခုဖြစ်သည့် ပလက်ဝမှာ မွန်းပြည် ၊ ရေးအခြေစိုက်တဲ့ စကခ (၁၉) နှင့်အတူ တိုက်ခိုက်ရေးတွက် တပ်မ (၁၁) ၊ (၅၅) ဒေသ တပ်ရင်းစခန်းများကို ချေမှုန်းနိုင်ခဲ့ပါတယ်။ပလက်ဝဟာ တချိန်ကရခိုင်နယ်နိမိတ် ဖြစ်သော်ငြားလည်း ယခုလိုသိမ်းပိုက်ရခြင်းရည်ရွယ်ချက်မှာ မြန်မာအစိုးရနှင့် အိန္ဒိယ အစိုးရတို့ကြား ချုပ်ဆိုထားသည့် ကုလားတန်စီမံကိန်းကြောင့် စီးပွားရေးအရ သိမ်းပိုက်ရခြင်းဖြစ်နိုင်ပါတယ်။ အကယ်၍ ပလက်ဝဟာ စီးပွားရေးအရအရေးမပါဘူးဆိုရင် AA ကသိမ်းပိုက်ရန်အစီစဉ်မရှိ လောက်ဟုသုံးသပ်မိပါတယ်။ နောက်ထပ် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၊ (၂၀) ရက်နေ့မှာ ပေါက်တောမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ဆက်ပြီး တော့ ဖေဖော်ဝါရီလအတွင်းမှာပဲ ရက္ခိုင့်တပ်တော် AA မှ မင်းပြား ၊ ကျောက်တော် ၊ မြောက်ဦး မြို့တို့ကို သိမ်းပိုက်လိုက်ပြီးနောက် မြေပုံမြို့တွင် သေနတ်ဖောက်စရာမလိုပဲ AA မှဆတ်လက်သိမ်းယူနိုင်ခဲ့ ပါတယ်။ ကျောက်တော်မှာရှိတဲ့ အနောက်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ စကခ (၉) တခုလုံးကို AA မှ သိမ်းယူနိုင် ခဲ့ပါတယ်။နောက်ထပ် ပုဏ္ဏားကျွန်းမြို့ကိုလည်း မတ်လ (၄) နေ့မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။AA ၏စစ်ရေးရည်မှန်းချက်များ ပထမဆုံးအဆင့်မှာ မြောက်ပိုင်းဖြစ်နိုင်ပြီး ဒုတိယအဆင့်မှာ တောင်ပိုင်းဖြစ် နိုင်သည်။မြောက်ပိုင်းကို သိမ်းယူမယ်ဆိုရင် စစ်တွေကိုချန်လှန့် ထားလို့တော့မရပါဘူး။ သို့သော် စစ်တွေကိုမသိမ်းပဲ လူအင်အားအလုံးအရင်းဖြင့် AA ဟာ ရမ်းဗြဲကိုအရင် သိမ်းလိုက်ပါတယ်။ ဘာကြောင့် စစ်တွေကိုအရင်မသိမ်းတာလည်းဆိုတာကို သုံးသပ်ပါမယ်။ပထမအချက်က ပုဏ္ဏားကျွန်းကို AA ကသိမ်း လိုက်ပြီဆိုတာနဲ့ စစ်ကောင်စီက ဘာလုပ်လည်းဆိုရင် ပထမဦးဆုံး မင်းချောင်းတံတားကို ဖျတ်စီးလိုက်ပါ တယ်။တံတားဖျတ်လိုက်ခြင်းဟာ AA အတွက် အဓိကမကျပါဘူး။ AA က စစ်တွေကို ဘယ်နေရာ ကပဲဝင်ဝင်ရပါတယ်။နောက်ထပ်လည်း စစ်ကောင်စီက တံတားတွေကို ဖျတ်စီးနိုင်ခြေရှိပါတယ်။‌ ဒုတိယ အချက်က စာမေးပွဲ‌‌ဖြေဆိုချိန်တွင်းရယ်ဖြစ်တာ‌ကြောင့် စစ်တွေကိုခေတ္တ ရပ်ထားတာဖြစ်နိုင်ပါတယ်။ဘာ‌ကြောင့်လည်းဆိုရင် AA ကစစ်တွေကို ဒီလိုချိန်သိမ်းလိုက်မယ်ဆိုရင် စစ်တွေဟာစစ်မြေပြင် ဖြစ်သွားနိုင်ပါတယ်။ဆိုတော့ ဒီစစ်ပွဲကြားထဲမှာ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသား/ သူ တွေဟာ မြေစာပင်ဖြစ်သွားနိုင်ပါတယ်။AA က နည်းနည်းလေးလှုပ်လိုက်တာနဲ့ စစ်တွေမှာရှိတဲ့ Navy ကနေ စစ်တွေမြို့မဈေးကို လက်နတ်ကြီးနဲ့ လူစည်ကားတဲ့အချိန်မှာ ရည်ရွယ်ပြီးပစ်လိုက်ပါတယ်။ ရခိုင်က မြို့မဈေး တော်တော်များများကို လည်းစစ်ကောင်စီရဲ့ လေကြောင်းက ရည်ရွယ်ချက် ရှိရှိနဲ့ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။ဒါဟာ စကစ က War Crime ကို ပြေင်ပြောင်တင်းတင်းကျူးလွန်တာပါ။တတိယ အချက်ကတော့ စစ်တွေကို မတိုက်ပဲ ပုဏ္ဏားကျွန်းသိမ်းပိုက်ပြီး ရသေ့တောင်ကိုပါ သိမ်းလိုက်မယ်ဆိုရင် စစါတွေ ‌ဒကစ အတွက် ထွက်ပေါက်မရှိတော့ပဲ စစ်တွေကို ပိတ်ဆို့ပြီး ဝိုင်းပတ်တိုက်ခိုက်မယ့်အနေအထား လည်းဖြစ်ပါ တယ်။ နောက်ဆုံးတချက်အနေနဲ့ကတော့ စစ်တွေမှာ ရှိတဲ့ ဒကစ ၊ ရဲ ၊ Navy တပ်တွေဟာ စစ်တွေကို အသေခံပြီးခုခံမယ့်သဘောရှိသလို သူတို့၏ လုပ်ရိုးထုံးစံအတိုင်း မစားရတဲ့အမဲသဲနဲ့ပတ်မှာ ဧကန်မုချမလွဲ ပါဘူး။စစ်တွေတမြို့လုံးကို ဖျတ်စီးသွားနိုင်ပါတယ်။ဘာကြောင့်ဒီလိုသုံးသပ်ရလဲဆိုရင် ရခိုင်နဲ့ ပလက်ဝ မှာ တိုက်ခဲ့ရတဲ့ စကခ ၊ တပ်ရင်း ၊ စခန်းတွေဟာ လက်နတ်ချတာထက် အသေခံပြီးနောက်ဆုံးချိန်ထိ တိုက်တာကိုတွေ့ရပါတယ်။ ရှမ်းမြောက်မှာ ဗိုလ်မှူးချုပ် (ဒကစ) အဆင့်ထိ လက်နတ်ချပေမယ့် ရခိုင်မှာ အောက်‌ခြေရဲဘော်ထိ အသေခံတိုက်တာ များပါတယ်။ ကျောက်တော်က (၅၃၉) တပ်ရင်းတခုတော့ လက်နတ် ချတာရှိပါတယ်။ဆိုတော့ မြေထက် ရေများတဲ့ရခိုင်‌ဒေသမှာ စစ်တွေကိုဘယ်လိုပဲ ကြည်း ၊ရေ၊ လေ ခုခံပါစေ‌ကြံကြံမခံနိုင်ပါဘူး။ဘာကြောင့်လည်း ဆိုရင် AA က မြောက်ပိုင်းတခွင်လုံးကို သိမ်းပိုက်မှာ မို့လို့ပါ။ AA ရဲ့ မဟာမိတ်ဆက်ဆံရေး ရက္ခိုင့်တပ်တော် AA က စစ်ရေးအရရန်သူကို အသာစီးရနိုင်ဖို့အတွက် မဟာမိတ်အခန်းကဏ္ဍတရပ် ကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။စစ်ပွဲအတွင်း တိုက်ခိုက်ရေးအတွက်လိုအပ်တဲ့ အထောက်အပံ့ဖြစ် တဲ့ စစ်သည် ၊ လက်နတ် ၊ စားနပ်ရိက္ခာတွေကို မဟာမိတ်တွေဆီက အကောင်းဆုံးရရှိခဲ့ ပါတယ်။စစ်ရေး နိုင်ငံရေးအတွက် မဟာမိတ်အဖြစ် TNLA ၊ MNDAA ၊ KIA ၊ UWSA ၊ KNU နှင့် NUG တို့နှင့်လည်း အချိတ်အဆတ်ကောင်းဖြင့် လုပ်ဆေင်နေတဲ့အပြင် နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ လက်နတ်ကိုင် အဖွဲ့တွေကိုလည်း AA က ကူညီပေးတာတွေလည်းရှိပါတယ်။AA ရဲ့ စစ်ရေးအရ ရန်သူကို အင်အားအသာစီး ရနိုင်မှုတို့ဟာ AA ရဲ ဖြန့်ကျန့်ထားနိုင်တဲ့ အင်အား ကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။AA ရဲ့ မဟာမိတ် တည်ဆောက်မှုဟာ မြန်မာနိုင်ငံအနှံမှာ တည်ရှိနေပါတယ် ရှမ်းမြောက်တခွင် ၊ ကရင် ၊ ကချင် ၊ စစ်ကိုင်း ၊ ချင်းတဲ့နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် (၁၀၂၇) စစ်ဆင်းရေးနှင့် တကွ စစ်မျက်နှာများစွာကို အဘက်ဘက်မှဖွင့်နိုင်ပြီး စကစမှအုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်စွာ မလည်ပတ်နိုင်ပဲ ရခိုင်ဘက်တွင်လည်း အထိနာနေတာကို တွေ့ရပါတယ်။ မဟာမိတ်ကို အကောင်းဆုံး တည်ဆောက်နိုင်တာမို့ ရခိုင်စစ်ပွဲမှာ AA အတွက် လက်နတ် ၊ ငွေ ၊ စားနပ်ရိက္ခာတွေ အဓိကရရှိနိုင်ပါတယ်။ ဒီလို မဟာမိတ်ရှိခြင်း ဟာလည်း ရန်သူကို ချေမှုန်းမယ့် AA အတွက် ခြေတလှမ်းပိုသာနိုင်ပါတယ်။ ပြည်သူ့နှင့် AA တသားတည်း ရက္ခိုင်တပ်တော် AA ဟာကျောက်ဖြူညီလာခံအပြီးမှာ ပြည်သူကိုပြင်းပြင်းထန်ထန်စည်းရုံးလာပါတယ်။ တနည်းအားဖြင့် ရက္ခိတလမ်းစဥ်ဆိုပြီးတော့ မြေပြင်နဲ့သတင်းတွေအဆုံး ရခိုင်ပြည်သူကိုလှုပ်နှိုး ခဲ့ပါတယ်။ ရက္ခိတလမ်းစဥ်အောက်မှာ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရခိုင်လူငယ်အများစုဟာ စုစည်းလာကြပါတယ်။ ထိုင်း ၊ မလေးရှား ၊ တရုတ် စတဲ့ ပြည်ပနိုင်ငံရောက်ရှိနေတဲ့ ရခိုင် လူငယ်တွေဟာ AA ရဲ့ ရက္ခိတလမ်းစဥ် အောက်မှာ နိုင်ရာတာဝန်ကိုထမ်းဆောင်ကြပါတယ်။ဒီလိုရက္ခိတလမ်းစဥ် ဖြင့်ချီတက်လာနေဆဲမှာပဲ နောက် ထပ် မက်လုံးတခုကို AA က ပြည်သူတွေကိုပေးပါတယ်။အဲ့တာကတော့ ရက္ခိတအိမ်မက်( Arakan Dream) ၂၀၂၀ ပါပဲ။ရခိုင်ပြည်သူတွေကို လွတ်လတ်တဲ့အာရက္ခနိုင်ငံတည်ဆောက်နိုင်ဖို့တွက် Arakan Dream ကို ပြည်သူတွေယုံကြည်ခဲ့ကြပါတယ်။နောက်ဆုံး ပြည်ထောင်စုထဲကမဟုတ်တဲ့ အာရက္ခနိုင်ငံတခုပေါ့လေ။ ဆိုတော့ ဒီလို AA ရဲ့နှိုးဆွမှုတွေက ရခိုင်ပြည်သူတွေထဲက လူငယ်တွေစိတ်ဓာတ်တက်ကြွလာပြီး လက်နတ်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ရခိုင်မှာ AA နဲ့ စစ်ကောင်စီတို့၏ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကြည်း ၊ ရေ ၊ လေ ခုခံကာကွယ်နေသည့်ကြား မှ AA ဟာ တမြို့ပြီးတမြို့သိမ်းပိုက်လာပါတယ်။ဆိုတော့ ဘာကြောင့်ဒီလို သိမ်းပိုက်နိုင်တာလည်း သုံးသပ်ရလျင် စစ်ကောင်စီကို ရခိုင်ပြည်သူတွေအလိုမရှိတော့ဘူး ရခိုင်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုအောက်က အသစ်အဆန်းတခုကို ရခိုင်ပြည်သူတွေလိုချင်လာကြတယ်။ ဒါဟာ သွေးကပြောလာတဲ့ စကားတွေလို့ဆိုရမလားပဲ။စစ်ပွဲတပွဲမှာ ပြည်သူကရပ်တည်တဲ့အဖွဲ့သာ လျင်နိုင်စမြဲပါ ကမ္ဘာမှာ ဥပမာတွေလည်းရှိပါတယ်။အမေရိကန်ဟာ ဗီယနမ်းကို ဘာကြောင့်စစ်မနိုင်ခဲ့တာလည်း ဆိုတာကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ပြည်သူဟာ AA နဲ့ တသားတည်း ရပ်တည်တာကြောင့် စစ်မြေပြင်မှာ သတင်းလက်ဦးရယူနိုင်ပြီး ရန်သူကို အပြီးသတ်ချေမှုန်းကာ တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်တာဟာလည်း AA ရဲ့ အောင်မြင်မှုထဲက တခုလို့ပြောရမှာပါ။ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအသွားအလာ ရက္ခိုင့်တပ်တော် AA ဟာ ‌အကယ်၍ မြောက်ပိုင်းတခွင်သိမ်းပိုင်နိုင်ပြီးဆိုရင် စကစနဲ့ နိုင်ငံရေးအရ စကားပြောလာနိုင်လားပေါ့လေ AA က ဖြစ်စေ စကစ ဖြစ်စေ တိုက်ရိုက်မလုပ်ရင်တောင်မှ တရုတ်ကြားခံ မှုဖြင့် ဆွေးနွေးမှုကို လုပ်လာနိုင်ပါတယ်။ဘာကြောင့်လည်းဆိုရင် ရခိုင်တောင်ပိုင်းဖြစ်တဲ့ ရမ်းဗြဲမြို့ကို သိမ်းထားတာဟာ စကစအတွက် ရခိုင်တောင်ပိုင်းကို သတိကြီးကြီးပေးထားတာပါ။ဆိုတော့ ကျောက်ဖြူလို ဒေါ်လာ ဘီလီယံချီတဲ့ စီးပွားရေဂွင်ကြီးကို စကစက လွယ်လွင့်တကူပေးမှာမဟုတ်ဘူး။တဘက်က ရခိုင် မြောက်ပိုင်းတခုလုံးကျသွားရင် တောင်ပိုင်းအတွက် စကစက ဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ပါ တယ်။ အဲ့တော့ ပြည်ထောင်စုထဲက ခွဲမထွက်ပဲ ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ အဆင့်အောက်က ဝ ပုံစံကဲ့သို့ အာရက္ခနိုင်ငံ တည်ဆောက်မယ်ဆိုတာ ရခိုင်မြောက်ပိုင်းတခု လည်းဖြစ်သွားနိုင်ပါတယ်။ ဆိုတော့ပြန်ပြီး ဆန်းစစ်ကြည့်မယ် ဆိုရင် ရခိုင်‌မြေပေါ်သို့ခြေချလာတဲ့အချိန် AA ရဲ့အစပိုင်းမှာတော့ နိုင်ငံရေးဆိုတာထက် စစ်ရေးကိုပိုပြီး တော့ပြင်ဆင်ခဲ့ တာတွေ့ရပါတယ်။ဒီလိုစစ်ရေးပြင်ဆင်တဲ့အပိုင်းမှာ ရခိုင်လူထုကိုအဓိက ပစ်မှတ်ထားပြီး စစ်အင်အားတည်ဆောက်နိုင်ဖို့အတွက် ကျောက်ဖြူညီလာခံမှ ဆင်းသက်လာတဲ့ ရက္ခိတလမ်းစဉ် ကိုင်စွဲပြီးတော့သွားတာကို တွေရတယ်ပေါ့လေ။ရက္ခိတလမ်းစဉ်ဆိုတာ ရခိုင်တမျိုးသား လုံး လွတ်‌မြောက်နိုင်တဲ့ သီးခြားရပ်တည်နိုင်မယ့် အိမ်မက်အဖြစ်ထင်မြင်ခဲ့ကြပါတယ်။ ရက္ခိတလမ်းစဉ် မှာ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် ဖက်ဒရေး ရှင်းပုံစံကို သွားတာမတွေ့ရပါဘူး။နောက်တချက် တဆင့်တက်လာတာက တော့ ၂၀၂၀ လောက်မှာ ရက္ခိတအိမ်မက် ( Arakan Dream) ပေါ့လေ။ ရခိုင်ပြည်သူလူထုကလည်း ရက္ခိတအိမ်မက်ဟာ ရခိုင်တို့၏အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းတခု အဖြစ်ရှုမြင်ခဲ့ကြပါတယ်။အတိတ်ရဲ့ သမိုင်းကို ပြန်လည်ပုံဖော်နိုင်မယ့် အခင်းအကျင်းပုံစံတခုနဲ့ AA ရဲ့နိုင်ငံရေးလမ်းကြောင်းဟာ ပြည်သူလူထုနဲ့ တသားတည်းဖြစ်ခဲ့ပါတယ်။သို့သော်လည်း ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာ AA ရဲ့ နိုင်ငံရေးရည်မှန်းချက် ပြောင်းလာပုံဟာ မသိမသာနဲ့ ပေါ်လွင်လာတာကို တွေ့ရ ပါတယ်။အဲ့တာကပြည်ထောင်စုက ခွဲမထွက်ဘူးဆိုတာပါပဲ။ULA /AA ဟာ ပြည်ထောင်စုက ခွဲထွက်မှာ မဟုတ်ဘူးဆိုတာကို ULA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင်ပြောလာသလို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ AA ရဲ့သတင်းစာရှင်းလင်း ပွဲမှာလည်း ဦးခိုင်သုခ ထပ်မံပြောကြားပါတယ်။ ရခိုင်တမျိုးသားလုံး လွတ်လပ်ရေးထက် ‌စစ်တပ်ဖိနှိပ်မှု အောက်က အလွှာအသီးသီးကို နိုင်းငံရေးတန်းတူမှုကိုရစေချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ BBC Interview မှာဖော်ပြထားခြင်းကို ကြည့်ချင်းအားဖြင့် AA ရဲ့နိုင်‌ငံရေး မျှော်မှန်းချက်တွေ ပြောင်းလဲလာမှုဟာ ခေတ်ရေစီးကြောင်းအလိုက်ရဲ့ ပြောင်းလဲလာမှုတခုလဲ ဖြစ်နိုင်ပါတယ်။ဆိုတော့ AA လိုချင်တဲ့ ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ အဆင့်ဟာ UWSA ကဲ့သို့ ကိုယ်ပိုင်စစ်တပ်၊အစိုးရဖွဲ့ပြီး ပြည်ထောင်စုထဲမှာ အတူတူဆတ်နေသွားမယ်လို့ ယူဆရပါတယ်။တဖက်ကတရုတ်နိုင်ငံနဲ့မြန်မာနယ်စပ်ကြားမှာ တည်ရှိနေတဲ့ UWSA ရဲ့ နိုင်ငံရေးတောင်းဆိုချက်ဟာ ဝ ပြည်နယ်ရရှိရေးဆိုတာထက် မပိုဘူးဆိုတာ အရင်တည်းက UWSA ရဲ့ တောင်းဆိုမှုတွေကိုကြည့်ရင် သိနိုင်ပါတယ်။သို့သော် AA ကတော့ပြည်နယ်အဆင့်ကို တော့ပြည်ထောင်စုက တောင်းဆိုမှာမဟုတ်ပါဘူး။နောက်တဖက်က ခွဲထွက်မယ်ဆိုရင်လည်း နိုင်ငံတကာနဲ့ အိမ်းနီးချင်း နိုင်ငံ တွေက ကြားချင်ကြမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေရှ့် သတင်းတခုနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကပြောထားတာရှိပါတယ်။နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်မယ်ဆိုရင် တရုတ်နိုင်ငံ တခုထောက်ခံချက် နဲ့မရနိုင်သလို ကမ္ဘာကုလသမဂ္ဂရဲ့ အသိအမှတ်ပြုဖို့လည်းလိုအပ်ပါတယ်။ နောက်တချက်ကဘာလဲဆိုရင် ‌မြောက်ပိုင်း (၃) ဖွဲ့ နဲ့စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲလိုက်ခြင်းပါပဲ။ သို့သော် သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အပစ်ရပ်ခြင်းဟာ ရှမ်းမြောက်ပဲဖြစ်တယ် ရခိုင်မပါဘူးပေါ့ ၊ ပြီးတော့ တဖွဲ့ချင်းစီအနေဖြင့်လည်း ဆွေး‌နွေးရမယ် ဆိုတဲ့အချက်တွေပါလို့ ပြောသွားတာကို တွေ့ရပါတယ်။ဆိုတော့ ပြည်ထောင်စုက ခွဲမထွက်ဘူးဆိုရင်တော့ သေချာပေါက်တော့ စစ်ကောင်စီနဲ့ ဆွေးနွေးရပါမယ်။အကယ်၍ အထက်မှာပြောသလိုပဲ ရက္ခိတလမ်းစဉ် တိုင်းသာသွားမယ် ဆိုရင် ဘာမှတော့ ဆွေးနွေးစရာရှိမှာမဟုတ်ဘူး ဆိုတာကို သုံးသပ်တင်ပြလိုက်ပါတယ်။

Saturday, January 20, 2024

စစ်ကောင်စီ နေပြည်တော်ကို ခြိမ်းခြောက်နေတဲ့ ၁၀၂၇

စစ်ကောင်စီ နေပြည်တော်ကို ခြိမ်းခြောက်နေတဲ့ ၁၀၂၇ 

 အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစပြီး ပုဝါမကူရေမရှု မနားတမ်းစစ်ပွဲတွေရဲ့ လှိုင်းလုံးအောက်မှာ အလူးအလိမ့်ရင်ဆိုင်ရပါတယ်။ အစပိုင်းကာလတွေမှာ ထိုးစစ်တွေရှိခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကြီးမားတဲ့ ထိုးစစ်တွေကို အလစ်အငိုက်ခံရပြီး ခုခံစစ်ကနေ ခွါစစ်အထိ ဗျူဟာပြောင်းလဲခဲ့ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို အပြတ်တွယ်ခဲ့တဲ့ ရှမ်းမြောက်စစ်မျက်နှာမှာလည်း စစ်ကောင်စီရဲ့ ဒကစ တခုလုံး လက်နက်ကိုင်ခဲ့ရပြီး ရုပ်လုံးမလှဆုံးရှုံးခဲ့ရပြန်တယ်။ တရုတ်ကြီးကို မျက်နှာချိုသွေး အပူကပ်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အခုချိန်ထိ ခရီးမတွင်သေး။ အဲ့ဒီလို တောင်တန်းနဲ့ ပြည်မတွေအထိ တောင်လှန်ရေးတပ်တွေရဲ့ အဘက်ဘက်က ထိုးစစ်တွေကို ခုခံကာကွယ်ခဲ့ရပေမယ့် စစ်ကောင်စီရဲ့ မာန်စွယ်က မကျိုးသေးတော့ ခုခံစစ်နဲ့ ခွါစစ်ဟန်ပြပြီး တန်ပြန်တိုက်စစ်ဆင်လာမလား ဆိုတာကိုတော့ ဘယ်သူကမှ တပ်အပ်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ရေးသွားလာမှု အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ 

 စစ်ကောင်စီရဲ့ တိုက်ပွဲဝင်စစ်ဌာနချုပ် ၊ စကခ ၊ တပ်မများ

 မြန်မာ့တပ်မတော်မှာ တိုင်းစစ်ဌာနချုပ် ၁၄ခု ၊ ခြေမြန်တပ်မဌာနချုပ် ၁၀ခု ရှိပြီးတော့ တပ်မတခုစီမှာ တပ်ရင်း ၁၀ရင်းနဲ့ ဝန်းရံထားတာဆိုတော့ စုစုပေါင်းတပ်ရင်း ၁၀၀ အထိ ရှိပါတယ်။ စစ်ဆင်ရေးကွပ်ကဲဌာနချုပ် (စကခ) ၂၀ခုရဲ့ အောက်မှာ တပ်ရင်း ၂၀၀ ထိရှိပြီးတော့ ဒေသကွပ်ကဲရေး (ဒကစ) က ၆ခု အထိရှိနေပါတယ်။ ခမရ ၊ ခလရ ၊ အမရ ၊ တပ်ရင်းပေါင်း ၅၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါမယ်။ ဒီစစ်ဌာနချုပ်တွေ ၊ စကခ ၊ ဒကစ တွေထဲက ရှမ်းပြည်ဘက်မှာ စစ်ဌာနချုပ် ၄ခုလောက် ရှိတဲ့အတွက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရခမ) အနေနဲ့ ခန့်မှန်းတပ်ရင်းအင်အား ၃၀ လောက် နဲ့ ဒကစ စစ်သည်အကုန်လုံးတိုက်ပွဲဝင်ကြတယ်လို့ ပြောလို့ရပါတယ် ။ ရခိုင်ဘက်မှာ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) ၊ ကချင်ဘက် မြောက်ပိုင်းစစ်ဌာနချုပ် (မပခ) ၊ ကရင်နီဘက်မှာ အရှေ့ပိုင်းစစ်ဌာနချုပ် (ရပခ) ၊ ချင်းဘက်မှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (နမခ) ၊ စစ်ကိုင်းနဲ့ မကွေးဘက်မှာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) ၊ကရင်ဘက်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တို့ဟာ နယ်မြေ ပြန့်ကြဲပြီး တိုက်ပွဲအဝင်ရဆုံး စစ်ဌာနချုပ်တွေ ဖြစ်ပါတယ်။

 တိုက်ပွဲဖြစ်ပွါးတဲ့ ဒေသ 

 ရှမ်းပြည်မြောက်ပိုင်း ၊ ရခိုင် ၊ ကချင် ၊ ကရင်နီ ၊ ချင်း ၊ စစ်ကိုင်း ၊ မကွေး ၊ ကရင် ၊ တနင်္သာရီ ၊ ပဲခူး နဲ့ ထားဝယ်တို့ဟာ စစ်ပွဲသံ မစဲတဲ့ ဒေသတွေအဖြစ် မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။ ယင်းဒေသတွေမှာ တော်လှန်ရေးညီနောင် (၃) ဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA အပါအဝင် BPLA ၊ PLA ၊ MDY(PDF) စတဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီဘက်က စကခ (၇) ၊ စကခ (၁၀) ၊ စကခ (၁၂) ၊ စကခ (၁၄) ၊ စကခ (၁၆) အပြင် တပ်မ (၅၅) ၊ တပ်မ (၉၉) ၊ တပ်မ (၁၀၁) ၊ ခမရ ၊ ခလရ ၊ အမရ ခန့်မှန်းတပ်ရင်းပေါင်း ၂၅ရင်းနဲ့ အတူ လောက်ကိုင်အခြေစိုက် ဒကစ ၊ ပြည်သူ့စစ် စတဲ့ အင်အားတွေနဲ့ အကြိမ်ပေါင်းမြောက်မြားစွာ တိုက်ပွဲဆင်နွဲနေတာပဲ ဖြစ်ပါတယ်။ ရခိုင်ဘက်မှာတော့ ရက္ခိုင့်တပ်တော် (ULA/AA) ၊ သူ့ရဲ့ မဟာမိတ်တပ်တွေ နဲ့ စစ်ကောင်စီဘက်က ရေးအခြေစိုက် စကခ(၁၉) ၊ ကျောက်တော်အခြေစိုက် စကခ (၉) ၊ တပ်မ (၁၁) ၊ တပ်မ (၅၅) နဲ့ ရေတပ် (Navy) ၊ နယ်ခြားစောင့်ရဲ အပြင် လေတပ်ကပါ ပါလာပြီး နှစ်ဘက်တိုက်ပွဲများ ဆင်နွဲနေတာ ဖြစ်ပါတယ်။ ကရင်နီပြည်မှာ KNPP ၊ KNDF ၊ KA စတဲ့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီ စကခ (၂) ၊ ဖယ်ခုံအခြေစိုက် စကခ (၇) ၊ တပ်မ (၅၅) ၊ တပ်မ (၆၆) အပြင် လျွိုင်ကော် အခြေစိုက် ဒကစ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ် ။ ချင်းပြည်တွင်းမှာ ဆိုရင်လည်း ချင်းတပ်မတော် CNA ၊ CDF တပ်ပေါင်းစု ၊ NUG လက်အောက်ခံ PDF တပ်တွေနဲ့ စစ်ကောင်စီ တပ်မ (၇၇) တို့ ထိတွေတိုက်ပွဲပေါင်းများစွာ ရှိခဲ့ပါတယ်။ စစ်ကိုင်း ၊ မကွေးနဲ့ ထားဝယ်ဘက်တွေမှာတော့ NUG လက်အောက်ခံ PDF တပ်တွေ ၊ PLA (စစ်ကိုင်း) ၊ KIA (စစ်ကိုင်း) ၊ AA (စစ်ကိုင်း) ၊ ABSDF ၊ဗိုလ်နဂါးတို့ BNRA တို့နဲ့ စစ်ကောင်စီ အပြင် သူတို့ရဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကရင်ပြည်ဘက်မှာ KNU၊ KNDO၊ BPLA၊ NUG လက်အောက်ခံ PDF တွေနဲ့ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ စကခ (၁၂)၊ ရေးအခြေစိုက် စကခ (၁၉)၊ တပ်မ (၂၂)၊ နယ်ခြားစောင့် BGF တွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ထို့နည်းတူ ပဲခူး နဲ့ တနင်္သာရီ ဘက်တွေမှာ KNU ရဲ့ ဦးဆောင်မှုနဲ့အတူ BPLA ကလည်း မုန်းမြို့တိုက်ပွဲမှာ ပါဝင်ခဲ့ပြီးတော့ ပြည်သူ့တော်လှန်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ ကြားတိုက်ပွဲတွေ မကြာခဏပြင်းထန်ခဲ့ပါတယ်။ 

 တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့နဲ့တပ်စခန်းတွေ 

 ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA က ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ မုန်းကိုး၊ ကြူကုန် - ပန်ဆိုင်း၊ ဖောင်းဆိုင်၊ မိုင်လုံး၊ လောက်ကိုင်၊ ဟိုပန်း စတွေကို သိမ်းပိုက်ထားပြီး ကိုးကန့်ဒေသ တခုလုံးကိုလည်း သိမ်းပိုက်လိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။ TNLA ကလည်း နမ့်ဆန်းမြို့ ၊မန်တုံမြို့ ၊ နမ့်ခမ်းမြို့ ၊ မိုင်းလုံမြို့၊ နမ္မတူမြို့ ၊မိုင်းငေါ့မြို့ ၊ကွတ်ခိုင်မြို့တွေကို အင်အားအလုံးအရင်းနဲ့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ချင်းပြည်ဘက်မှာတော့ CNA ၊ CDF တို့က ရိဒ်ခေါဒါရ် ၊ နှာရိန် ၊ ဆူရ်ခွါ ၊ မကြီးအိမ်နှုး ၊ ဝေဘုလ ၊ လိုင်လင်းပီ ၊ ရေဇ္ဇာ စတဲ့ မြို့တွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကရင်နီပြည်မှာ KNDF ၊ KNPP ၊ KA တို့က မယ့်စဲမြို့နဲ့ မိုးဗြဲတို့ကို သိမ်းလိုက်ပါတယ်။ စစ်ကိုင်းဘက်မှာ KIA ဦးဆောင်မှုနဲ့အတူ PDF PLA ပါဝင်တဲ့ အဖွဲ့တွေက ကောလင်းမြို့ ၊ ခမ်းပတ်မြို့ နဲ့ ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ရရှိထားတယ်လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။ ကရင်ဘက်မှာ KNU နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်အာဏာသိမ်းကတည်းက စပြီး စစ်ကောင်စီရဲ့ ဗျူဟာစစ်စခန်းတွေကို တခုပြီးတခု သိမ်းပိုက်ရရှိခဲ့ပြီး ၊ ရခိုင်ဘက်မှာလည်း ရက္ခိုင့်တပ်တော် (ULA/AA) က စစ်ကောင်စီရဲ့ အဓိကကျတဲ့ ဗျူဟာကုန်းကြီးတွေ အပါအဝင် တပ်စခန်းငယ် ၁၄၀ ကျော်သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်၊ ၂၀၂၄ ခုနှစ် အစောပိုင်း ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (ULA/AA) က အပြီးအသတ် သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ကရင်နီပြည်မှာတော့ KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ လွိုင်ကော် PDF ၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊ မြိုပြတော်လှန်ရေးတပ်ဦးနဲ့ ရှမ်းတောင် PDF အတူပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးတရပ်ကို ၁၁၁၁ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့ပြီး ၂၀၂၃ နိုဝင်လာလ ၁၁ရက်နေ့က စတင်ပြီး မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့၊ လွိုင်ကော်မြို့၊ ဒီမောဆို့မြို့၊ နန်းမယ်ခုံမြို့ က စစ်ကောင်စီရဲ့ တပ်ရင်း တပ်စခန်းအားလုံးကို ထိုးစစ်ဆင်ခဲ့ပြီး စခန်း (၇) ခုလောက် သိမ်းယူနိုင်ခဲ့ပြီးတော့ ရဟတ်ယဉ်တစီးကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံ ညီနောင် မဟာမိတ်(၃)ဖော်ရဲ့ ၂၀၁၇ စစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်း ဒကစ ဗိုလ်မှုးချုပ်၊ ဗိုလ်မှုကြီး၊ ဒုဗိုလ်မှုးကြီး နဲ့ အခြား အရာရှိငယ်တွေ အပါအဝင် တပ်ရင်းဌာနတခုလုံး လက်နက်ချ အညံ့ခံခဲ့တာဟာ အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်အနေနဲ့ သမိုင်းဝင်အဖြစ်အပျက်ပါပဲ။ တခါ ရက္ခိုင့်တပ်တော် (ULA/AA) ဆီကို အရာရှိအကြီး အငယ် ပါဝင်တဲ့ စခန်းတခုလုံး လက်နက်ချတာတွေ၊ စစ်ကောင်စီတပ်သား ရာနဲ့ချီပြီး အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့တာတွေဟာ မြန်မာ့တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကို ထင်သာမြင်သာရှိစေခဲ့ပြီး တော်လှန်ရေးတပ်များက အခွင့်အရေးပေးတဲ့အခါတိုင်း စစ်ကောင်စီတပ်သားတွေက နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေဆီကို CDM လုပ် ခိုလှုံလာကြတာကိုလည်း မကြာခဏဆိုသလို တွေ့မြင်လာရပါတယ်။ 

 စစ်ကောင်စီရဲ့ဘေးကျပ်နံကျပ် 

 အကြမ်းဖက်စစ်တပ်မှာ ကြည်းတပ်ဟာ အဓိက ဖြစ်ပြီး လေတပ်နဲ့ ရေတပ်ကတော့ အင်အားအတော်အသင့်ရှိပါတယ်။ ကြည်းတပ်ရဲ့နောက်မှာ လေတပ်ဟာ အမြဲကူလေ့ရှိပြီးတော့ ရေတပ်က ရခိုင်ဘက်မှာ အသုံးများလာတာတွေ့ရပါတယ်။ ရဲ၊ မီးသတ်နဲ့ ဌာနဆိုင်ရာ အကြီးတန်းစာရေးတပ်ဖွဲ့ တွေကိုလည်း စစ်ပညာအချို့ကို သင်ကြားပေးထားပြီး UTC အပျော်တမ်းစစ်ရေးလေ့ကျင့်မှုတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့် BGF တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်တပ်အတွင်းရှိ မှီခိုယောက်ကျားသားများ စတဲ့ အဖွဲ့ငယ်တွေကို စစ်ရေးအပြောင်းအလဲအပေါ်မူတည်ပြီး လိုအပ်သလို အသုံးချတတ်တာကိုလည်း ထည့်တွက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးသမိုင်းမှာ အင်းစိန်ကို KNDO တပ်ဖွဲ့တွေ တက်သိမ်းတုန်းက ပဲခူးဘက်က ထောင်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ လက်နက်ခဲယမ်း တပ်ဆင်ပြီး တိုက်ခိုင်းခဲ့တဲ့ သာဓကကို မေ့ထားလို့ မဖြစ်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ Military ကို နှစ်ပေါင်း ၇၀ လောက် စနစ်တကျတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 လက်ရှိသုံးသပ်ခန့်မှန်းချက်တွေအရ တပ်ရင်း ၃၀၀ လောက်ဟာ အထိနာနေပြီး ရခိုင်ဘက်မှာ ရေတပ်ကို ထုတ်သုံးလာတာက သက်သေဖြစ်ပါတယ်။ တဘက်မှာ ညီနောင်(၃)ဖော်နဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို အလူးအလိမ့်ခံနေရပေမယ့် စစ်ကောင်စီဘက်ကတော့ ဗိုလ်သင်တန်းဆင်းပွဲ၊ ဆေးသင်တန်းဆင်းပွဲ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတွေကို အေးအေးလူလူ လုပ်ပြနေပါတယ်။ လက်ရှိအချိန်မှာ စစ်ဌာနချုပ် (၁၄)ခုရှိတဲ့ အထဲက (၈) ခုဟာ အသေအကြေခုခံနေရတဲ့အတွက် ကျန်တဲ့ စစ်ဌာနချုပ်(၆)ခုကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့ကို အဓိက ကာကွယ်တဲ့ ခံတပ်တွေ ဖြစ်နေပါပြီ။ ၂၀၁၇ စစ်ဆင်ရေးရဲ့ စစ်ရေးတွန်းအားကို ခုခံနေရတဲ့အချိန်မှာ တဘက်က စစ်ကောင်စီရဲ့ ရာထူးအပြောင်းအလဲတွေ မကြာခဏဖော်ပြလာတာဟာ စစ်ခေါင်းဆောင်အချင်းချင်း မယုံကြည်စရာ ကိစ္စတွေနဲ့ အတွင်းသံသယဝင်စရာအခြေအနေရှိနေတယ် ထင်ရှားစေပါတယ်။ 

 အခြေအနေကို ဆက်ပြီးသုံးသပ်ရရင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပံနေတဲ့ နိုင်ငံရေးပါတီတွေ၊ ခရိုနီတွေနဲ့ မီဒီယာလော်ဘီတွေ၊ စစ်လက်နက်ဝယ်ယူရေး ဆောင်ရွက်ပေးသူတွေဟာ လက်ရှိ လက်ရှိအခြေအနေမပြောင်းလဲရေးကို ကျားကန်ပေးနေသလို နိုင်ငံတကာ အကူအညီပေးနေတဲ့ ရုရှား၊ ထိုင်းနဲ့ အခြားသော နယ်စပ်ကုန်သွယ်ရေးကို အထောက်အကူပြုနေတဲ့ နိုင်ငံတွေဟာ စစ်ကောင်စီရဲ့ အခြေအနေကို စိတ်ဓါတ်ရေးရာအရ အထောက်အပံ့ပေးနေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အခြားတဘက်ကြည့်ရင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီအင်အား လျော့နည်းလာတာတွေ၊ တပ်သားအချို့ စိတ်ဓါတ်ရေးရာယိုင်နဲလာပြီး ထွက်ပြေးခိုလှုံတာတွေ၊ စစ်သုံးစရိတ်ပိုမိုသုံးစွဲလာရတဲ့ အတွက် ရက်လွန်အစားအစာ စားနေရတာတွေ၊ တပ်သားအဆင့်ကနေ ဗိုလ်မှုးအဆင့်အထိ လက်နက်ချလာတွေကို ထည့်တွက်ရင် ယခုစစ်ဆင်ရေးဟာ ခရီးပေါက်ထိရောက်ခဲပြီလို့ ဆိုနိုင်ပါတယ် ။ 

စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအခြေအနေ ဘက်မှာဆိုရင်လည်း နိုင်ငံတကာပို့ဆို့အရေးယူမှုတွေနဲ့ စစ်တပ်ထောက်တိုင် ကုမ္ပဏီတွေက စီးပွါးရေးပိတ်ဆို့ အရေးယူခံလာရတာတွေ၊ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံကို စွန့်ခွါသွားတာတွေ စတဲ့ အခက်အခဲအသီးသီးကို ရင်ဆိုင်နေရပါတယ်။ အခုဆိုရင် TNLA နဲ့ MDA (PDF) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကြောင့် ပြင်ဦးလွင်နဲ့ ၁၀မိုင်သာဝေးတဲ့ နောင်ချိုမြို့နယ် ကျောက်ပဲ့ရွာလေးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် တနိုင်ငံလုံးရွေးကောက်ပွဲ ကျင်းပရေးကို ဦးတည်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ၁၀၂၇စစ်ဆင်ရေး နောက်ပိုင်းမှာတော့ နေပြည်တော်ရဲ့ စစ်အာဏာကိုတောင် ခြိမ်းခြောက်နေပြီလို့ ဆိုနိုင်ရမလို ဖြစ်နေပြီ ဖြစ်ပါတယ်။

Saturday, December 30, 2023

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခကို ငြိမ်းချမ်းရေး ဖြစ်စေချင်ကြောင်း တရုတ်ပြော

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခကို ငြိမ်းချမ်းရေး ဖြစ်စေချင်ကြောင်း တရုတ်ပြော ၂၀၂၃၊ဒီဇင်ဘာ ၊၃၁ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက် ပြီးကိုးကန့်အဖွဲ့န တရုတ်သံရုံးမှ လောက်ကိုင်တွင်းရှိ တရုတ်နိုင်ငံသားများ အမှနၳှကခှှာ ပေးဖို့ပြောဆိုထားတဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Mao Ning က သတင်းစာရှင်းလင်းပွဲ တခုမြာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အတွက် အခိုင်အမာ ထောက်ခံ အားပေးကြောင်း၊ ပြဿနာတွေ ပိုကြီးထွား အောင်လုပ်တဲ့ ဘယ်အဖွဲ့ ကိုမြ အားမေပးဘူးလို့ ပြောခဲ့ပြန်ပါတယ်။
ညီနောင် ၃ ဖွဲ့၏ နိုင်ငံတာကာရင်းနှီးမြှပ်နှံမှုအား ကာကွယ်ပေးသည့် ထုတ်ပြန်ချက် Mao Ning ဒီလိုပြောလာခြင်းဟာ မကြာသေးမီကကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီမှ မြောက်ပိုင်းအဖွဲ့တွေနှင့် ငြိမ်းချမ်းရေးကို တရုတ် အကူညီဖြင့် အပူတပြင်းလုပ်စေချင်ပါတယ်။ ဂျပန် NHK သတင်းဌာန ရဲ့ မေးမြန်းချက် ဖြစ်တဲ့ ညီနောင် ၃ ဖွဲ့ရဲ့ အောက်တိုဘာ စစ်ဆင်ရေး မတိုင်ခင် တရုတ်နဲ့ ညှိနှိုင်းမှုတွေ ရွိခဲ့ တယ် ဆိုတာ ဟုတ်မဟုတ်နဲ့ စစ်ကောင်စီနဲ့ ညီနောင် အဖွဲ့တွေ အကြား တွေ့ဆုံ ဆွေးနွေးမှု အခြေအနေ အပေါ်မှာ အခုလို ဖြေကြား သြားခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေဟာ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ အကျိုးစီးပွား အတွက် ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက် အကူ ဖြစ်စေမှာ လို့ ပြောပါတယ်။ လောက်ကိုင်မြို့က Crown Hotel ရှေ့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုတွေကြောင့် တရုတ်နိုင်ငံသား အပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်၊ မြန်မာအစိုးရက လောက်ကိုင် ကေန တရုတ်နိုင်ငံသားတွေ ထြက္ခြာ ဖို့ တိုက်တွန်းခဲ့သလို ရန်ကုန် တရုတ် သံရုံးကလည်း အဲဒါနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကိုတော့ မစ် Mao Ning က မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခ ကို တရုတ် နိုင်ငံက အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ တိုက်ခိုက် မှုတွေကြောင့် တရုတ် နိုင်ငံသားတွေ ထိခိုက် သေကျေ ရမြု အတွက် လည်း ပြင်းပြင်း ထန်ထန် ကန့်ကွက် ပါတယ္လို့ ပြောကြား သွားပါတယ်။ တိုက်ခိုက် တာတွေ ချက်ခြင်းရပ်ဖို့နဲ့ တရုတ် စီမံကိန်းတွေနဲ့ တရုတ် နိုင်ငံသား တွေ ရဲ့ လုံခြုံရေးကို အကာ အကွယ်ပေးဖို့ ခိုင်မှာတဲ့ ဆောင်ရွက်မှုတွေ လုပ္ဖို့ ကို ထပ္မံ တိုက်တွန်း တယ္လို့ လည်း ပြောကြားသွား ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ လူထုနဲ့ သူတို့ရဲ့ အသက္ကို တ္ခားအရာ အားလုံးရဲ့ အထက်မှာ ထားပါတယ်။ နိုင်ငံရပ်ခြားက တရုတ် လူမျိုးတွေ ရဲ့ အသက် နဲ့ သူတို့ရဲ့ အကျိုးစီးပွား၊ ဥေပဒ ကြောင်း အရ အခွင့်အရေး တွေကို ကာကြယ္ဖို့ ကျွန်မတို့ မြာ တာဝန်ရှိ ပါတယ်။ တရုတ် နိုင်ငံရဲ့ စိုးရိမ်မှုတွေကို မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ အလေးထားပြီး တရုတ် စီမံကိန်း တွေနဲ့ လူပုဂ္ဂိုလ်တွေ လုံခြုံစိတ်ချရဖို့ အတွက် ခိုင်ခိုင်မာမာ အရှိန်မြှင့် ဆောင်ရွက် မယ္လို့ မျှော်လင့်ပါတယ်။ လောက်ကိုင်မှာ ရွိတဲ့ အွန်လိုင်း လိမ်လည် သူတွေလို့ သံသယ ရွိ သူတွေ ကို လွှဲပြောင်းပေးဖို့၊ သူတို့ ကိုယ်တိုင် ဖြစ်နိုင် သမွ် အ်မနၧုံး ပြန်လာ ကြပြီး ရင်ဆိုင်မယ် ဆိုရင် သက်ညှာခွင့် ရရွိ နိုင်တယ် လို့ ဖြေကြား သွားခဲ့ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၁၈ ခုနှစ်ပိုင် စတင်ပြီး တရုတ်နှင့် စကစ တို့ လက်မှတ်ရေးထိုးခဲ့သည်။ ဒါအပြင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့မှလဲ ၂၀၂၃ ခုနှစ် ဇူလိုင် လ ၁ရက်နေ့တွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှပ်နှံ သော အကျိုးစီးပွားကို ဆက်ကြေးကောက် ၊ နှောက်ယှက် ပါက ထိထိရောက်ရောက် အရေးယူမယ်လို့လဲ ထုတ်ပြန် ထားတာလဲရှိပါတယ်။

Tuesday, November 28, 2023

ဒီတော်လှန်ရေးခရီး ဘယ်လောက်ရောက်ပြီလဲ

ကျွန်တော်တို့ ဒီနိုင်ငံကြီးမှာ တော်လှန်ရေးဆိုတဲ့ ဟာကြီးက ၁၈၂၄ ခုနှစ် ကိုလိုနီနယ်ချဲ့ ကတည်းက စခဲ့တယ် လို့ပြောရမလားပဲ။ အင်္ဂလိပ် တခေတ် ဂျပန် တခေတ်နဲ့ ကြီးစိုးလာတဲ့ နယ်ချဲ့ဘီလူးကြီးတွေပါးစပ်ဖျားက သားကောင်ပမာ အစားမခံရအောင် ရုန်းခဲ့ရတာလဲ အားလုံးအသိပါပဲ။ဆိုတော့ မြန်မာပြည် တော်လှန်းရေးသ မိုင်း နဲ့ပတ်သတ်လို့ ပြောရင်တော့ ဆရာကြီးတွေ ရေးထားတဲ့ ထွက်ရှိထားတဲ့ သမိုင်း စာအုပ်တွေ တော်တော်လေးကို ရှိပါတယ်။အဲ့စာအုပ်တွေ ရှာဖတ်မယ်ဆိုရင်လဲရပါတယ်။ကျွန်တော်ရဲ့ ခေါင်းစဉ်က တော်လှန်ရေး ခရီးဟာ ဘယ်ထိရောက်နေပြီလဲ ဆိုတာက အတိတ္က ဖြစ်ခဲ့တာထက် အနာဂတ်ကိုသွားနေတဲ့ လက်ရှိ ပစ္စုပ္ပန်မှာ ဘယ်အတိုင်းတာထိ ရောက်နေပြီလဲကို ဆိုလို ချင်တာပါ ဒါကြောင့် တိုတိုတုတ်တုတ်လေးပေါ့နော်။ ကျွန်တော်တို့ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆိုပါတော့.... ၁၉၄၈ ခုနှစ် ၊ဇန္နဝါရီလ ၊ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတယ်လို့ဆိုပါတယ်။တစ်ဖက်မှာ ကရင်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ် ၊ ဇန္နဝါရီလ ၁ ရက်နေ့ဖြစ်တယ်။ ဆိုတော့ လွတ်လပ်ရေးမခင် ၃ ရက်အလိုတည်းက မြန်မာပြည်မာ တိုင်းရင်းသားတွေ ရဲ့ တော်လှန်ရေးဟာ တစစန မီးဟုန်းဟုန်းလောင်ခဲ့ပါတယ်။ ဒီတော်လှန်ရေးထဲမှာ ကရင်တွေနဲ့ကင်းတဲ့ အ်ခား လက်နတ်ကိုင် တိုင်းရင်းသားတွေဆိုတာ ခပ်ရှားရှားပါပဲ။ဗမာ မဟာလူမျိုးကြီး ဝါဒရဲ့ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုတသိုက် ရဲ့ခေတ်စနစ်ကို တိုင်းရင်းသား လက်နတ်ကိုင် တိုင်းက ပြောင်းလဲချင်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ပြောင်းလဲချင်းတွေက ဝေဝါးနေဆဲ ပါပဲ။ ဘာကြောင့် ဒီလိုဝေဝါးနေရတာလဲ ဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေက စစ်မှန်တဲ့ အဖြေဖြစ်ပမလားလဲ ပြန်းတွေးရပါမယ်။ ကရင်တွေလက်နတ်ကိုင်လာတာ နှစ်ပေါင်း ၇၀ ကျော်လောက် ရှိပါပြီး တိုက္လာတဲ့ နှစ်တွေကလဲ မနည်း တော့ပါဘူး။ ဒါပေမယ့် အခုချိန်ထိကရင်တွေလိုချင်တဲ့ လွတ်လပ်ရေး လဲ မေရသးသလို ၊ ဖက်ဒရယ် ဆိုတာကြီး လဲ မဖြစ်မြောက် သေးပါဘူး။အခြားလက်နတ်ကိုင် တိုင်းရင်းသားတွေလဲ ထိုနည်းတူစွာပါပဲ။ဒီနေရာမှာ မြန်မာပြည်ထဲမှာ တိုင်းရင်းသားလက်နတ်ကိုင် ဘယ်နှစ်ဖွဲ့ ရှိလဲ တချက်ပြန်ကြည့်ရအောင်ပါ။
  
တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့အစည်းများ 

 ၁။ KNU / KNLA/KNDO (ကရင်အမျိုးသားအစည်းအရုံး ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)(ကရင်အမျိုးသားကာကွယ်ရေးတပ်)(၁၉၄၈ ၊ ဇန္နဝါရီ ၊ ၁ ရက်) ၂။DKBA(ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်)(၂၀၀၈ ၊ ၂၀၀၉) (တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် မှခွဲထွက်) ၃။DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်) ခွဲထွက်အဖွ့ဲ(၁၉၉၄ KNU မြ ခွဲထွက်) ၃။KNU/KNLA (PC) (ကရင်အမျိုးသားအစည်းအရုံး ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ)(၂၀၀၇ ၊ ဇန္နဝါရီလ ၊ ၃၁ ရက် KNU မှခွဲထွက်) ၄။KIO/KIA (ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်)(၁၉၆၀၊၁၉၆၁ ခုနှစ်) ၅။SSPP/SSA(ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်)(၁၉၆၄ ၊ ဧပြီ ၊ ၂၄ ရက်) 6။RCSS/SSA(ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ ရှမ်းပြည်တပ်မတော်)(၁၉၉၅) ၇။ALP/ALA(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်)(၁၉၆၇) ၈။ANC/AA(ရခိုင်ပြည်အမျိုးသားကောင်စီ ၊ ရခိုင်ပြည်တပ်မတော်)(၁၉၈၈ နောက်ပိုင်း) ၉။ULA/AA (ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်)( ၂၀၀၉ ၊ ဧပြီ ၊ ၁၀ ရက်) ၁၀။ KNDF (ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဦး) ၁၁။KNPP/KA (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၊ ကရင်နီတပ်မတော်)(၁၉၅၇) ၁၂။ ကလလတ(ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး)(၁၉၇၈) ၁၃။ CNF/CNA(ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသား တပ်မတော်)(၁၉၈၈ နောက်ပိုင်း) ၁၄။CNDF(ချင်းအမျိူးသားကာကွယ်ရေးတပ်ဦး)(၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်း) ၁၅။ NMSP(မွန်ပြည်သစ်ပါတီ)(၁၉၅၈ ၊ ဇူလိုင် ၊ ၁၉ ရက်) ၁၆။ ABSDF(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) ၁၇။ UWSA(ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်)(၁၉၈၉ ၊ ဧပြီ ၊ ၁၇ ရက်)ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် ၁၈။WNO/WNA (ဝ အမျိုးသားအဖွဲ့ချုပ် ၊ ဝ အမျိုးသ တပ်မတော်) ၁၉။ PSLF/TNLA (တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်)(၂၀၁၁ ၊ အောက်တိုဘာ ၊-) ၂၀။ MNTJP/MNDAA(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ကိုးကန့်(၁၉၈၉ ၊ မတ္လ ၊ ၁၂ ရက်) ၂၁။ LDU (လားဟူ) ၊ ၂၁။PNLO/PNLA( ပအိုဝ့်) ၊ ၂၂။ PSC/NDAA (မိုင်းလားတပ်)(၁၉၈၉ ၊ ဧပြီ ၊ ၁၉ ရက်) ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် ၂၃။ NUG လက်အောက်ခံ PDF(၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်း) ၂၄။ NUG လက်အောက်ခံ မဟုတ်သည့် PDF( ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း) ၂၅။ BPLA(ဗမာအမျိုးသားလွတ်မြောက်ရေး တပ်တော်)(၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း) ၂၆။ BNRA (ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်) (၂၀၂၁ စစ်အာသိမ်းပြီးနောက်ပိုင်း) မြန်မာနိုင်ငံမှာ လက်နတ်ကိုင် အဖွဲ့တွေက ရွှေတိဂုံစည်တီ တော်မြတ်ကြီးဘုရားက နတ်ရုပ်တွေထက်တောင်ပိုများ မယ်ထင်ပါတယ်။ ဒီလက်နတ်ကိုင်အဖွဲ့မှာ တချို့က စကစ နဲ့ NCA သေဘာ တူစာချုပ် လက်မှတ်ထိုးတယ်၊ တချို့အဖွဲ့အစည်းက လက်မှတ် မထိုးဘူး။ နောက်ပြီး ၁၉၄၈ ကနေ ၈၈ ၊ ၂၀၁၀ ထိ လက်နတ်ကိုင်အဖွဲ့အစည်းတွေရှိသလို၊ အခု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့ လက်နတ်ကိုင် အဖွဲ့အစည်းတွေရှိပါတယ်။ နောက်ပြီး ၁၉၇၆ ခုနှစ်လောက်က အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) ပေါ်လာခဲ့တာရှိသလို၊ ၁၉၈၈ နောက်ပိုင်မှာလဲ Democratic Alliance of Burma (DAB) လဲ ပေါ်ပေါက်ခဲ့ပါသေးတယ် ။ ၂၀၁၂ ခုနှစ်လောက်ကလဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဆိုတဲ့ တပ်ပေါင်း စုတွေ အများကြီးပေါ်လာခဲ့ပြန်ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းဆို ပါလီမန်ခေတ် လို့ဆိုကြတယ် ၊ပြီးတော့ အိမ်စောင့်အစိုးရ (နဝတ)၊ နအဖ ပေါ့ဗျာ ဒါပေမယ့် ပါလီခေတ်ကတည်းက မြန်မာပြည်မာ စစ်ပွဲကြီးက စနေပါပြီး။ အဲ့တော့ နဝတ လို့ပဲဆိုရမှာပေါ့ သူတို့ဘက်မှာ အားသာခ်က္ကေလး ရှိခဲ့ပါတယ်။ အဲ့တာက စစ်မျက်နှာကို အကျယ် ဖွင့်စရာမလိုဘူး တိုင်းရင်းသားလက်နတ်ကိုင် အမ်ားစုက ကရင် KNU နယ်မြေမှာ ရှိကြတယ်။ ၄၈ နောက်ပိုင်းက စကစ တိုက်ရတာဆိုလို့ မြန်မာပြည် မြောက်ပိုင်း ကချင်၊ ရှမ်း၊ အရှေ့တောင် ကရင် ဘက် ကျန်တာတွေက မရှိသလောက်ပါပဲ အမ်ားဆုံးကေတာ့ ကရင် KNU နယ်မြေပေါ့ ။ေနာက္တခ်က္က စကစဘက္က ဂျပန်ပြန် တွေဆိုတော့တိုက်တဲ့နေရာမှာ ဗိုလ်မှူးချုပ် ကျော်ဇောတို့ ကေတာ့ နာမေ ကြီးပဲပေါ့။
နောက်တခုက ၂၀၁၆ ခုနှစ်လောက်လဲ မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နတ်ကိုင် ၁၈ ဖွဲ့ပြုလုပ် ညီလာခံ လဲ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒီလို တပ်ပေါင်းစုတွေ ၊ ညီလာခံ ဖြစ်ပေါ်ခဲ့တာတောင်မှ စကစ ကိုအလဲမထိုးနိုင်တဲ့ အပြင် စကစရဲ့ ခွဲရေး ၊ တွဲရေး စနစ်အောက်မှာ တိုင်းရင်းသားတွေ ပြိုကွဲခဲ့ပါသေးတယ်။ ဆိုတော့ ဒီလိုဖြစ်နေတာဟာ စကစတော်လို့ မဟုတ်ပါဘူး EAOs တွေကညံလို့ဖြစ်တာပါ။ ဆိုတော့အကျဉ်ချုံးပြောပြရင် မြန်မာ နိုင်ငံမှာ လွတ်လပ်မှုကို လိုချင်တဲ့ လက်နတ်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဒီထဲမြာ တချက်ရှိတာက (လက်နတ်ကိုင်ပြီးတော့ တော်လှန်ရေးပုံစံမဟုတ်ပဲ တည်ဆောက်ရေးဘက်ရောက် သွားအဖွ့ဲတွေလဲရှိပါတယ်။) ဒီလက်နတ်ကိုင်အများကြီး ရှိတယ်ဆိုပေမယ့်လဲ စကစ ကိုပြိုလဲသွားအောင် တိုက်နိုင်တဲ့ အဖွ့ဲဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် တော်လှန်ရေး ဆိုတာလဲ ရှည်ကြာနေတာပါ။ တန်းတူညီမျှမှုမရှိတဲ့ ဒီနိုင်ငံမှာ၁၉၄၇ မြာတခါ ဖွဲ့စည်းပုံအလို က်ျဖစ္လာတဲ့ ဗမာ လူမျိုးဝါဒလွှမ်းမိုးမှု တကြိမ် အလိမ်ခံပြီးသွားပါပြီး နောက် ၁၉၇၄ မြာတခါ၊ ၂၀၀၈ မှာ တခါစစ်အာဏာရှင်အလိုကျ ဖွဲ့စည်းပြီး ၃ ကြိမ်တိုင်တိုင် အလိမ်ခံပြီးသွားပါပြီး။ဒါတောင် တော်လှန်ရေး လက်နတ်ကိုင်တွေက ဘုံရန်သူကို တိုက်ထုတ် ဖို့အဆင်သင့်မဖြစ်ခဲ့သလို တပ်ပေါင်းစုပုံစံ မဟာမိတ်အောင်ပွဲခံဖို့က တိုင်းရင်းသားတွေ ကြားထဲမှာ ဒြိဟ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လဲ စကစ ဟာ ပြိုလဲသွား ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုကောဘုံရန်သူကို တိုက်ဖို့တွက် အဆင်သင့် ုဖြစ်ပြီလားဆိုတော့လဲ မဖြစ်သေးဘူးလို့လဲ ပြောလို့မရပါဘူး။ဘာကြောင့်လဲ ဆိုတော့ ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စစ် လှိုင်းတန်ပိုးတွေက ပိုများလာတယ်။ဒါကြောင့် ပြည်သူတွေ တွန်းကန်လာတယ်။တော်လှန်ရေးနဲ့အတူ ပြည်သူတွေပါလာတယ် အာဏာရှင် ဆန့်ကျင်ရေးတွေ ပြည်တွင်း သာမက ပြည်ပ တွေပါ လှုပ်ရှားလာတယ်ပေါ့။ တိုက်ပွဲတွေကလဲ နေရာတကာ ဖြစ်လာတယ်။တကယ့် စစ်အာဏာရှင်ပြိုလဲတော့မယ့် အနေအထားတခုကို သွားနေပြီလို့ ခန့်မှန်းလို့ရတယ်။ နောက်တချက်က ယခုအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တာမို့ တည်ဆောက်ရေးဆိုတာထက် တိုက်ထုတ်ရေး က ပိုပြီးထိရောက်မယ်လို့လဲ သုံးသပ်မိပါတယ်။ တပ်မတော်တိုင်းမှာ လေ့ကျင့်ရေး ၊ တိုက်ခိုက်ရေး ၊ တည်ဆောက်ရေး ၊ ကုန်ထုပ်လုပ်ရေးဆိုတဲ့ အချက်ကြီး ၄ ချက်ရှိပါတယ်။တပ်မတော် အင်္ဂါရပ်ညီစေဖို့ စစ္သား ကောင်းတွေ လေ့ကျင့်ပေးရတယ် ၊ ပြီးရင် စွမ်းရည်မြင့် တိုက်ခိုက်ရေးတွေ လုပ်ကြတယ်၊ နောက်တဆင့် တည်ဆောက်ရေးကို ဦးတည်ရရေ ။ဆိုတော့ နှစ်ပေါင်း ၅၀ လောက်က ဘာတည်ဆောက်ရေးမှ မလုပ်ပဲ တိုက္လာတာ တောင်ဒီစစ်အာဏာရှင်ကြီးက ပ်က္စီးသြား ခြင်းမရှိဘူး။ ဒါတွေက စဉ်စားစရာတွေပါပဲ။ ဒါကြောင့် တော်လှန်ရေးကာမှာ စစ်အာဏာရှင် ပျက်သုဉ်ဖို့က အဓိကဖြစ်တာကြောင့် ဘုံရန်သူကို တပ်ပေါင်းစု အောင်ပွဲဆွဲသွားဖို့လိုပါတယ်။သေချာတယ် တဖွဲ့ချင်းတိုက်မယ်ဆိုရင် ဘယ်တော့မှ စစ်အာဏာရှင်က ကျရှုံးသွာမှာ မဟုတ်ပါဘူး။ ဆိုတော့ အခု ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင် လက်နတ်ကိုင်တွေ ပိုများတယ်။ တန်တူညီမျှမှု ဆိုတာကြီး ကို လူ္စးက တက်မတ်လာကြတယ်။ ကိုယ်နိုင်ငံတဲ့ဘက် အနုပညာသမားဆိုလဲ အနုပညာနဲ့ တိုက်တယ် ၊ နိုင်ငံရေးသမားက နိုင်ငံရေးနည်းန တိုက်တယ်၊ စစ်ရေး သမားက စစ်ပညာနဲ့ တိုက်တယ်။ အဖွဲ့အစည်း ဘယ်လောက်ပဲ များပါစေ အတွေးခေါ်နဲ့အလုပ်တူ ရင် အောင်မြင်မှုဆိုတာကို မျှော်လင့်လို့ရတယ်။ ဒါပေမယ့် ဖက်ဒရယ်ဆိုတာကြီးတော့ အဖွဲ့စည်းတိုင်း၏ အတွေးအခေါ် တွေက တူညီဖို့လိုအပ်ပါလိမ့်မယ်။ အခုဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ် MNDAA ( ကိုးကန့်) ၊ TNLA ( တအောင်း) ၊ AA (ရခိုင်) ညီနောက် ၃ ဖွဲ့က ၂၀၂၃ ၊ ၁၀ ၊ ၂၇ ရက်နေ့က စတဲ့ Operation ကြီးက သမိုင်းစာမျက်တခု အသစ်ဖွင့်လိုက်တာပါပဲ။ နောက်ပြီး ကရင်နီဘက်လဲ ၂၀၂၃ ၊ ၁၁ ၊ ၁၁ ရက်နေ့ကလဲ Operation ကြီးတခု စခဲ့ပါတယ်။ NUG ကလဲ လက်အောက်လံ PDF အင်အားနဲ့ တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး တိုက်နေပါတယ်။ ဒါပေမယ့် NUG လက်အောက် မဟုတ်တဲ့ PDF တွေလဲရှိပါတယ်။ ဗိုလ်နဂါး တို့လိုမျိုးဆိုရင် NUG နဲ့ ကတောက်ကဆလေးတွေ ရှိပါတယ်။ NUG ဘက်လဲ တော်လှန်ရေးမှာ ဒီလိုကေတာက္ကဆေတြက သတိထားရမယ့် အချက်တွေထဲ မှာပါပါတယ်။ အညာဘက်မှာဆိုရင်လဲ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေသလို ၊ ကရင်၊ ချင်းပြည် ဘက်မှာ ဆိုရင်လဲ ထိုနည်းတူပါပဲ ဒီပွဲကြီးက ပြည်သူတွေ မျှော်လင့်ချက် အပြည့်အဝထားတဲ့ ပွဲကြီးပါ။ ဒါပေမယ့် တိုက်ခိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ဟာ သတိထားရမယ့်အချက်လေးတော့ရှိပါတယ်။ ၁၉၄၁၊ ဒီဇင်ဘာ၊ ၇ ရက်နေ့ တနင်္ဂနွေနေ့ မြာ အမေရိကန် ရဲ့ပုလဲဆိပ်ကမ်းကို ဂျပန်တွေက လေယာဉ် အမြောက်အ များနဲ့ လာပြီး တရစပ်ပစ်ချပြီး ဆိပ်ကမ်းကြီး တခုလုံးကို ဖျတ်စီးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသေအပျောက်တွေက တော်တော် လေးကို ရင်နာစရာကောင်းပါတယ် အမေရိကန် စစ္သား တွေဟာလဲ တော်တော်လဲကို စိတ်ဓာတ်ကျခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်တို့ထင်သလို အေမရိကန္က ပ်က္စီးမသြားခဲ့ပါဘူး။ အမေရိကန်စစ်သားတွေ စိတ်ဓာတ်ကျနေချိန်မှာ သမ္မတရုစဗဲ့ဟာ ဖိစိပိတ်ဒေသရဲ့ ရေတပ် အုပ်ချုပ်ရေးမှုကို အသစ်ခန့်အပ်ပြီး သူတို့ စစ်သားတွေကိုစိတ်ဓာတ်မြှင့်တင်စေခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးဟာ စုဝေးကွင်းမှာ ဂျပန်တွေ အမြား ၃ ချက် လုပ်ခဲ့ကြောင်းကို စတင်ပြောပါတယ်။ သူစစ်သားတွေဟာ အရမ်းအံသြခဲ့ကြပါတယ်။ ဘယ္လို အမှားမျိုးလဲဆိုရင်... ၁။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတဲ့နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်တာမို့ ဆိပ်ကမ်းမှာ Duty အချိန်မှ လြဲ၍ ကျန်စစ်သားတွေဟာ ဘုရားကျောင်းနဲ့ အခြားနေရာတွေ မြာ ရှိနေကြပါတယ်။ဒါကြောင့် စစ်သားတွေ သေဆုံးမှု လျော့ချစေခဲ့ပါတယ်။ ၂။ ဂျပန်တွေဟာ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတယ်ဆိုပေမယ့် အဓိက သငေ်္ဘာကျင်း(သငေ်္ဘာပြုပြင် ၊ ထုတ်လုပ်ခြင်း) ကို မကြဲခဲ့ပါဘူး။ တကယ်လို့သာ သငေ်္ဘာကျင်းပျက်စီး ခဲ့ရင် ပြန်တိုက်ဖို့ သငေ်္ဘာတွေကို မိုင်ထောင်ချီပြီး သွားပြုပြင် ရမှာလို့ ပြောခဲ့ပါတယ်။ ၃။ အဓိက အမွားဆုံးကေတာ့ စစ်တိုက်ဖို့တွက် လောင်စာ ဆီတွေ ချန်ပေးခဲ့တယ် ဆိုတာပါပဲ။ အဲ့အချက်တွေကို အမေရိကန်စစ်သားတွေ သဘောပေါက် ပြီး စိတ်ဓာတ်တွေ မြှင့်တင်ကာ ဂျပန်တွေကို ပြန်တိုက်ဖို့ တွက် အားအင်တွေ ရရှိသွားပါတယ်။ ဆိုတော့ အခု ကျွန်တော်ပြောချင်တာ တော်လှန်ရေးအဖွဲ့ တွေလဲ ဂ်ပန္လို အမှားတွေမပြုမိအောင် သတိထားရမြာပါ။ နောက်ဆုံး အချုပ်နေနဲ့ပြောရမယ်ဆိုရင် တော်လှန်ရေးဆိုတာကတော့ အောင်မယ် ၊ မအောင်ဘူးဆိုတာ ကံသေ ၊ ကံမှပြောရတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်အားသာချက်တခုကတော့ စစ် မျက်နှာကျယ်ပြန့်စွာ ဖွင့်နိုင်ပြီး စကစကို အင်အားချည့်နဲှ သွားစေပါတယ်။တော်လှန်လို့ လွတ်လပ်ရေးရသွားတဲ့ ဥပမာ တွေအများ ကြီးလဲရှိပါတယ်။သေချာတာကတော့ လွတ်လပ်ရေးဆိုတာ လက်ဖြန့်တောင်းလို့တော့ မရပါဘူး။ဆိုတော့ လက်နတ်ကိုင် အဖွဲ့တိုင်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ တန်းတူရေးရရှိခွင့် ဆိုတာကို လိုချင်ကြပါတယ် အားလုံးမြာ အိမ်မက်ကိုယ်စီတွေရှိ ကြပါတယ်။ဒါပေမယ့် ဘုံရန်သူကို တိုက်ဖို့တွက် အတွေးအခေါ်မတူရင်တော့ ပြည်သူတွေ့ စေတးတဲ့ သွေး ၊ ချွေးတွေက အလကားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ဤခရီးနီးပြီးလားတော့ မနီးသေးပါဘူး။အတွေးအခေါ် တွေတူတဲ့တနေ့ ဤခရီးဟာ နီးသြားမွာပါ ဒါကြောင့် Wait & See ပေါ့ဗျာ။

Monday, November 14, 2022

ဘယ္သူတာဝန္ယူမွာလဲ

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် မြန်မာစစ်တပ်၏ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ရာတွင် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဆင်အင်းကြီးရွာဖြစ်စဉ် သေဆုံးသူများမှာ အသက်(၅၅)နှစ်အရွယ် ဦးခင်မောင်အပါအဝင် မောင်မောင်သိန်း(၄၁ နှစ်)၊ မောင်စံလှ (၃၈ နှစ်)၊ ဦးဇံ(၆၅နှစ်)၊ မောင်ကျော်သိန်း(၆၅ နှစ်)၊ ဒေါ်မေနု(၅၀ နှစ်)၊ ဒေါ်မခင်သိန်း၏မိခင် (၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ အသက်(၆၀ နှစ်)အရွယ် ဆေးဆရာတစ်ဦးနှင့် ဦးမှဲ့နီ (၅၆ နှစ်)တို့ ဖြစ်ကြသည်။ ရခိုင်ပြည်တွင်းအသတ်ခံရမှု မှတ်တမ်း

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...