Sunday, May 12, 2024
မြဝတီကကျားဖြန့် ဇာတ်ရုပ်ကို တရုတ်ဘယ်လိုဆတ်ကမလဲ
မြဝတီကကျားဖြန့် ဇာတ်ရုပ်ကို တရုတ်ဘယ်လိုဆတ်ကမလဲ
မြဝတီမြို့နယ် မယ်ထော်သလဲရွာ နဲ့ရွှေကုက္ကိုလ်ဒေသမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကျားဖြန့်လုပ်ငန်း အွန်လိုင်း ငွေလိမ်ဂိုဏ်းဟာဆိုရင် ကရင်ပြည်နယ်ခြားစောင့်တပ် BGF(KNA) ဦးဆောင်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၏ အာဏာ အောက်တွင် ရှိနေပါတယ်။ကျားဖြန့်လုပ်ငန်းလုပ်ဆောင်တဲ့ နေရာတွေမှာဆိုရင် ကာစီနို ၊ ဟိုတယ် ၊ ပြည့်တန်ဆာ ၊ စားသောက်ဆိုင်နှင့် KTV စတဲ့ စီးပွားရေးလုပ်ငန်းများဖြင့်လည်ပတ်နေပြီး တရုတ်နိုင်ငံသားအများစုနှင့် အခြားလူမျိုး အနည်းငယ် ရှိပါတယ်။ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်မည့်သူများကို တရားဝင်နည်းလမ်းရော ၊ တရားမဝင်နည်းလမ်း နဲ့ပါ မက်လုံးပေးခေါ်ဆောင်တာတွေရှိပြီး ပြန်ထွက်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် လွယ်ကူပေမယ့် တရုတ်နိုင်ငံ သားအဖို့ ယွမ် (၂) သိန်းထိပေးဆောင်ရတာတွေရှိပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံသားတွေအဖို့ အိမ်ပြန်လမ်းကတော့ ပိုက်ဆံ ပေးရင်တောင် ပြန်နိုင်ဖို့အာမခံချက်မရှိပါဘူး။
ကျားဖြန့်လုပ်ငန်းက အလုပ်သမားများဟာ အလုပ်အပေါ်မှာ အမှားအယွင်းဖြစ်ခဲ့မယ်ဆိုရင်လည်း ပြစ်ဒဏ်အ မျိုးမျိုးကိုကျခံရပြီး အခန်းထဲနှိပ်စက်ခံရသည်အထိ အရေးယူခံရပါတယ်လို့ ကျားဖြန့်လုပ်ငန်းမှ လွတ်မြောက်လာ သူများထံမှ သိရှိရပါတယ်။ ဒီလို နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်ကို အဓိက အခကြေးငွေယူပြီး မဲ့တပေါက် မစွန်းရအောင် ကာကွယ်ပေးနေတာကတော့ ဗိုလ်မှူကြီးစောချစ်သူ ဦးဆောင်တဲ့ BGF(KNA) အဖွဲ့ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းကောင်း မွန်စွာလည်ပတ်နိုင်ရန် အတွက် ဧက ၁၀၀ ကျော်တဲ့ခြံဝန်းကို လုံခြုံရေးတင်းကျပ် စွာတာဝန် ယူ ပေးနေပါတယ်။
ထိုင်း မြန်မာနယ်စပ်က မဲထော်သလဲဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ (၆) နယ်ဖြစ်ကာ KK Park တရုတ်စီမံကိန်း ကျားဖြန့်လုပ်ငန်းကို KNUမှ မြေဌားရမ်းပေးပြီး KNU ဦးပိုင်ကုမ္မဏီဖြစ်သည့် မုလအိအလင်းကုမ္မဏီနှင့် Huanya International Holding Group မှာပါဝင်တဲ့ Trans-Asia International Holding Group(Thailand) Co.Ltd တို့ကြား ထိုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လမှာ KNU ဥက္ကဋ္ဌ နှင့် ကာကွယ်ဝန်ကြီးဌာနမှူး စောရောဂျာခင်ကိုယ်တိုင်တို့ တက်ရောက်လက်မှတ်ထိုး ထားကြောင်းသိရှိရပါတယ်။နောက်ပိုင်းတွင် မုလအိအလင်းကုမ္မဏီမှ နုတ်ထွက်သွားကြောင်းလည်း သိရှိရပါတယ်။ ဒီကျားဖြန့်လုပ်ငန်းတွင် ပါဝင်နေတဲ့အတွက် KNU အတွင်းရေးမှာလည်း သဘောထားကွဲလွဲနေတာတွေရှိပါတယ်။
ရွှေကုက္ကိုလ်ဒေသမှာလည်း အစပိုင်းတော့ မြို့သစ်စီမံကိန်းဟု သတင်းလွှင့်ထားပြီး BGF ဗိုလ်ချစ်သူမှ အွန်လိုင်းငွေ လိမ်ဂိုဏ်းကို မြေရောင်းစားကာ ကျားဖြန့်လုပ်ငန်းတရုတ်စီမံကိန်းကို မြို့ပြသဖွယ်ပြုလုပ်ကာ အကောင်းအထည်ဖော် လည်ပတ်စေခဲ့ပါတယ်။
ထိုင်း ၊ မြန်မာနယ်စပ်တလျောက်က ကျားဖြန့် အွန်လိုင်းငွေလိုင်းဂိုဏ်းတွေကို တရုတ်အစိုးက အမြစ်ပြတ်ချေမှုန်းချင် တာကြောင့် စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာနှင့် ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိ သူတွေနဲ့ စစ်ကောင်စီတို့ကြား နှစ်ကြိမ်တိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး။ကရင် အမျိုးသားအစည်းအရုံး KNU မှ ကရင်ပြည်နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို တိုက်ဖျက်နိုင်ရန်အတွက် အိမ်းနီးချင်း နိုင်ငံမျာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်လို့ ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ (၁၃) ရက်နေ့ ကြေငြာချက်ထုတ်ပြန်လိုက် တာရှိပါတယ်။လက်တွေ့မှာ KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေးဟာ ဘယ်ထိရောက်ခဲ့လည်း ဆိုတာ ဆတ်ပြီးသုံးသပ် ကြည့်ရအောင်ပါ။
ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတွေမှာ စစ်ကောင်စီ၏ထိပ်ပိုင်ခေါင်းဆောင်တွေဟာ ထိုလုပ်ငန်းတွင်း ပါဝင်ပတ် သတ်နေတာကြောင့် စစ်ကောင်းစီအဖို့ဝင်ငွေ သက်သာချောင်ချိနေချိန် တရုတ်အစိုးမှ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို ကိုင်တွယ်ပြီး စစ်ကောင်စီ၏ အရှိက်တည့်တည့်ကို လှန်ထိုးလိုက်တာကြောင့် ကူရာမဲ့ပြီး နောက်ဆုံး ရှမ်းမြောက်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နှင့် အပေါင်းအပါအားလုံးကို တရုတ်အစိုးထံ လွှဲပြောင်းပေးခဲ့ရပါတယ်။
ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီလက်အောက်တွင် အစပိုင်းတွင် ရပ်တည်ပေးခဲ့ သော်လည်း ရှမ်းမြောက်ဖြစ်စဉ်တွင် သင်ခန်းစာရလိုက်တာကြောင့် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ရန် လတ် တလော ဆုံးဖြတ်ခဲ့ပါတယ်။ဗိုလ်ချစ်သူ ခွဲထွက်ကြောင်းကို ပထမဦးဆုံး ထိုင်းသတင်းဌာနက ဖော်ြပတာကို တွေ့ ရပါ တယ်။ ဒီလိုခွဲထွက် လိုက်တာကြောင့်လည်း စစ်ကောင်စီအဖို့ မြဝတီအရေးကိုင်တွယ်ရန် အခက်တွေ့ စေခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝန်းမှ တော်လှန်ရေးတပ်များဟာ စစ်ကောင်စီကို တိုက်ခိုက်လာတာ ကြောင့် လူ ၊ လက်နတ် ၊ ငွေကြေးတွေ ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရချိန်တွင် BGF(KNA) ဗိုလ်ချစ်သူမှ ခွဲထွက်လိုက်တာ ကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ မြဝတီကို ခေတ္တခဏ သိမ်းပိုက်နိုင်ခဲ့ပါတယ်။KNU ဟာ မြဝတီကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် မြဝတီမြို့နယ် မယ်ထော်သလဲရွာက ကျားဖြန့်လုပ်ငန်းတွေကို ယောင်လို့တောင်မှ မထိခဲ့ပါဘူး။KNU ဟာ ကျားဖြန့်လုပ်ငန်းကို တိုက်ဖျတ်မယ်လို့ ထုတ်ပြန် ထားပေမယ့် မြဝတီကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် ဘာကြောင့် ကျားဖြန့်ကို မတိုက်ဖျတ်ပဲ မြဝတီကို ဗိုလ်ချစ်သူ လက်ထဲပြန်ထည့် ပေးလိုက်တာလည်း ဒါဟာ စဉ်စားစရာတွေဖြစ်လာပါတယ်။ဒါကြောင့် KNU ရဲ့ စစ်ရေးရည်မှန်း ချက် မဟာဗျူဟာထဲမှာ မပါဘူးဆိုတာကို ပြသနေပါတယ်။
KNU မှ မြဝတီကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် ကျားဖြန့်လုပ်ငန်း တည်ဆောက်ရန် KK Park စီမံကိန်းအတွက် မြေနေရာအဌားစာချုပ်ကို KNU ၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ နှင့် ကာကွယ်ဝန်ကြီးဌာန တို့ပူးတွဲ လက်မှတ်ထိုးသည့် ဓာတ်ပုံဖိုင် အွန်လိုင်းပေါ်တွင် ပျံနှံ့လာခဲ့ပါတယ်။ဒါဟာ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းမှာ KNU ပါဝင်နေတယ်ဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ KNU က မြဝတီကို သိမ်းပိုက်နေချိန် စစ်ကောင်စီက BGF ဗိုလ်ချစ်သူကို အကျပ်ကိုင်နိုင်ဖို့ ကျားကွက်ပြန်ရွေ့လိုက်ပါတယ်။ဘယ်လိုရွေ့လိုက်လည်းဆိုရင် ရွှေကုက္ကိုလ်ကို ဗုံးကြဲမယ်ဆိုတာပါပဲ။ဇိမ်ခံပစ္စည်ကြားမှာ ယစ်မူးနေပြီး ငွေကိုရေလိုသုံးနေတဲ့ ရွှေကရင် ဗိုလ်ချစ်သူ ဟာ အကျိုးစီးပွားကို ထိခိုက်မှာစိုးတဲ့အတွက် ကရင်အချင်းချင်းမတိုက်ချင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျား တကွက် ရွေ့လိုက်ပြန်ပါတယ်။
ဒီတော့ မြွေမသေ ဒုတ်မကျိုး ဆိုသလိုပေါ့ BGF ဟာ KNA အသွင်ဖြင့် ပြောင်းလဲဆိုသော်ြငားလည်း မြဝတီကို စစ်ကောင်စီ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး KNU နှင့် မိတ်မပျက်အောင် နှစ်ဖက်ခွပုံစံမျိုးအသုံးပြုသွားတာကို တွေ့ရပါတယ်။သို့သော် ဒီပွဲဟာ မပြီးသေးပါဘူး။
ဒီနေရာတချက်ပြောလိုတာက တရုတ်အခန်းကဏ္ဍဖြစ်ပါတယ် ရှမ်းမြောက်က ကျားဖြန့်တွေမှာ ပါဝင်ပတ်သတ်နေ တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ လုပ်ကိုင်နေသူတွေကို အရေးယူနိုင်ဖို့ ညီနောင် ၃ ဖွဲ့ကိုကိုင်တွယ်ကာ စစ်ကောင်စီကိုဖိအားပေးခဲ့သလိုမျိုး ဒီဘက် ထိုင်း-မြန်မာ တလျောက်က ကျားဖြန့်မှာပါဝင်ပတ် သတ်နေသူတွေနဲ့ လုပ်ကိုင်နေသူကို ဆတ်လတ်အရေးယူမယ်ဆိုရင် တရုတ်က စစ်ကောင်စီကိုဖိအားပေနိုင်တဲ့ အခင်း အကျင်း တခုလိုအပ်လာပါလိမ့်မယ်။တရုတ်အစိုးရရဲ့ အကျိုးစီးပွားကို ထိခိုက်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရေး ယူနိုင်ဖို့က ရှမ်းမြောက်မှာလို လွယ်ကူမယ့်အနေအထားတခုတော့ မဟုတ်ပါဘူး။ဒါကြောင့် တရုတ်အစိုးရဟာ အနုနည်းနဲ့မက်လုံးပေးကာ စစ်ကောင်စီကို ၂၀၂၄ ၊ ဧပြီ လတွင်းမှာပဲ တရုတ်နိုင်ထိခေါ်ကာ ယွမ်း(၅) သန်းပေးပြီး ကျားဖြန့်နှိမ်နှင်းရေးအတွက် လူမိုက်ဌားလိုက်ပြန်ပါတယ်။ထိုခရီးစဉ်တွင်းမှာ စစ်ကောင်စီက ကျားဖြန့်ကို အရေးယူ မယ်လို့ ကတိပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။ဒီတခါ တရုတ်ရဲ့လူမိုက်ကြီးအဖြစ် သရုပ်ဆောင်ရမှာတော့ စစ်ကောင်စီဖြစ် ဖို့ ၅၀ လောက်ကသေချာနေပါပြီ။
မြဝတီမြို့ဟာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးတွက်အဓိကကျပြီး နှစ်နိုင်ငံအတွက် ဒေါ်လာသန်းချီရအောင်လုပ် ပေနေတဲ နယ်စပ်ဂိတ်လည်းဖြစ်တာကြောင့် စစ်ကောင်စီမှ အရယူဖို့ကြိုးစားပါလိမ့်မယ်။တဖက်မှာတရုတ်ကြီးကို ပေးတဲ့ ကတိတည်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ တပ်မတော်ဒုခေါင်းဆောင် ကိုယ်တိုင် အောင်ဇေယျစစ်ဆင်ရေးကို ဦးဆောင်က အင်အားအလုံးအရင်းဖြင့်အသေခံပြီး နေစဉ်ထိုးဖောက်နေပါတယ်။အောင်ဇေယျစစ်ကြောင်း မြဝတီကို ခြေကုပ်ယူနိုင်ပြီဆိုလျင် စစ်ကောင်စီဟာ BGF(KNA) ကို တကွက်ပြန်ရွေ့ပါလိမ့်မယ်။အဲ့ဒီအချိန် KNU နဲ့ စစ်ကောင်စီ ဟာ အလွမ်းသင့်သွားနိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ KNU ဟာ NCA လက်မှတ်ကို ဖျတ်သိမ်းကြောင်း ဒီနေ့ချိန်ထိ မထုတ်သေးလို့ပါပဲ။ အကယ်၍ တရုတ်ကြီးကို ပေးတဲ့ ကတိမတည်ဘူးဆိုရင် ယွမ်း (၅) သန်း တန်ဖိုး အပြင် အတိုးရော အရင်းပါအဖြစ် နေပြည်တော်ကိုပါ ၇၅ အထိ ခြိမ်းခြောက်ပါလိမ့်မယ်။ဒါကတော့ မြေကြီးလက်ခတ် မလွဲပါဘူး။
အချုပ်အားဖြင့်ဆိုရလျင် နိုင်ငံတကာက မျက်စိဆံပင်မွေးစူးနေတဲ့ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးဘိန်း ထုတ်လုပ်မှုမှာ အာဖဂန်ကိုကျော်ပြီး အဆင့် (၁) နေရာကို အသာစီးယူထားပါတယ်။အခုလည်း အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့အတူ အွန်လိုင်းငွေလိမ်ဂိုဏ်းဆိုတဲ့ ကျားဖြန့်ဟာ မြန်မာနိုင်ငံရှိနယ်စပ်ဒေသ မှာအခြေစိုက်ပြီး တရုတ်နဲ့အမေရိကန်တို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာကြောင့် စစ်ကောင်စီကိုနာနာထောင်းနေတာပါ။ဒါပေမယ့် ဒီကျားဖြန့်လုပ်ငန်းမှာ စစ်ကောင်စီအတွက်ပဲ အကျိုးစီးပွားရှိတာမဟုတ်ပါဘူး ကျားဖြန့်လုပ်ငန်းအခြေစိုက်ရာ နယ်စပ်ဒေသက တိုင်းရင်း သားလက်နတ် ကိုင်တွေအတွက်လည်း အကျိုးစီးပွားရှိနေပါတယ်။မဲထော်သလဲနဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်း တွေမှာဆိုရင် စစ်ကောင်စီ ၊ BGF(KNA) ၊ KNU နှင့် DKBA တို့က အကျိုးအမြတ်တွေကို ခွဲယူသုံးစွဲကြပါတယ်။သို့သော် မြဝတီတိုက်ပွဲဟာ ကျားဖြန့်အတွက် အဓိက ဇာတ်ကောင်ကို ဖော်ထုတ်ပေးလိုက်သလိုပါပဲ။ဒါရိုက်တာ ပေါက်ဖော်ကြီး ရေးတဲ့ ရှမ်းမြောက်က ဇာတ်လမ်းအဆက်ကို ကရင်ပြည်ဘက်မှာ ဆတ်ကဖို့ အစီစဉ်ရှိတဲ့အတွက် အဓိက ဇာတ်ကောင်ကို ဘယ်လိုဖမ်းမလဲဆိုတာ လူမိုက်နဲ့ မင်းသား နပန်းလုံးတဲ့အချိန်ကြရင် သိရပါလိမ့်မယ်။
Subscribe to:
Post Comments (Atom)
ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ
ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...
-
ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...
-
KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁၈ ရက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှနိုင်ငံအာဏာကို သိမ်းယူ...
-
ကျွန်တော်တို့ လူရယ်လို့မွေးဖွားလာပြီးဆိုရင် လူ့ဂုဏ်သိက္ခာအညီနေထိုင်နိုင်ဖို့အတွက် လူ့အသိုင်းအဝိုင်းမှာသင့်တင့်လျောက် ပတ်အောင် နေထိုင်နိုင်...

No comments:
Post a Comment