Saturday, July 20, 2024

ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွေမှာ AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံး ရပ်တန့်ဖို့ ချင်းပြည်ကောင်စီ (Chinland) ထုတ်ပြန်

 

ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွေ မှာ AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံး ရပ်တန့်ဖို့ ချင်းပြည်ကောင်စီ   (Chinland)  ထုတ်ပြန်

-------------





  ၂၀၂၄ ခုနှစ်၊ ဇူလိုင်၊ ၂၀ ရက်

ချင်းပြည်နယ်အတွင်း ချင်းညီနောင်အဖွဲ့ဝင်များကို စတင်ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းနှင့် အာရက္ခတပ်တော် ( AA ) သည် ချင်းနယ်နိမိတ်ကိုကျူးကျော် ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွါခဲ့ကြောင်းကို ချင်းပြည်ကောင်စီ ( Chanland ) က ဇူလိုင်၊ (၁၉) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်ကောင်စီ (Chinland) ၏ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေချိန်မှာ အခုလို  ချင်းပြည်အတွင်းသို့ အားကျူးကျော်နေသော ရန်သူမှန်သမျှတွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland) အစိုးရသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် ရည်မှန်းချက်တူညီသော မည်သည့် အဖွဲ့ အစည်း၊ မည်သည့် လူမျိုး၊ မည်သည့်အစိုးရနှင့်မဆို လက်တွဲ၍ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန် ချထားကာ၊ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများ၏ အကူ အညီကိုလည်း လိုအပ်သလိုရယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ချင်းပြည်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်နေချိန်မှာ ချင်းလူမျိုးအကြားသွေးကွဲသွား စေမည့်လုပ်ရပ်မျိုးကို လုံးဝလက်ခံမည်မဟုတ်ကြောင်းကိုလည်း ပြောဆိုထားပါတယ်။

ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသူအချင်းချင်းအကြား ချင်းပြည်အတွင်း ထိတွေ့ခိုက်မှု ဖြစ်ပွါးနေခြင်းသည် မလိုလားအပ်သည့် ပြသာနားများကိုဖြစ်စေကြောင်းကိုလည်း ထုတ်ပြန်ချက် မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ချင်းပြည်(Chinland)အစိုးရသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေချိန် တွင် အာရက္ခတပ်တော် (Arakan Army)အနေဖြင့် ချင်းပြည် (Chinland) နယ်နိမိတ်အတွင်း စစ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက်ကျူးကျော်နေသဖြင့်  တိုင်းရင်းသားအချင်းချင်းကြား မလိုလား အပ်သည့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။ ယခုလို အချင်းချင်းထိတွေ့မှုဖြစ်ခြင်းသည် ချင်းသမိုင်းတွင်း အဆိုးရွားဆုံးဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

Friday, May 31, 2024

ရခိုင်တွင် စစ်ကောင်စီမှအရပ်သား ၄၀ ကျော်ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်

ရခိုင်တွင် စစ်ကောင်စီမှအရပ်သား ၄၀ ကျော်ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်


၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၁

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ၂၀၂၄ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့က ဒေသခံ အရပ်သား ၂၀၀ ခန့်ကို စစ်ကောင်စီတပ် ခလရ (၂၀) တပ်ရင်းမှ ဖွဲ့ဝင်အင်းအား ၁၀၀ ခန့် ဗျိုင်းဖြူရွာ၏ အရှေ့ဖက်ရွာထဲရှိ ရေကန်ကြီး အနီးသို့ လက်ပြန်တုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ထိုဖမ်းဆီးခေါ်ဆောင်ခံရသော ဒေသခံအရပ်သား ၂၀၀ ကို နေပူထဲတွင် လက်ပြန်ကြိုးတုတ်ထားပြီး သေနတ်ဒင်ဖြင့် ရိုက်နှက်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ မေလ၊ ၃၁ ရက်နေ့တွင် အရပ်သား ၂၀၀ ထဲမှ ၄၀ ကျော်ကို သေနတ်ဖြင့်ပစ်သတ်လိုက်သည့်အပြင် အမျိုးသမီး ၃ ဦးကိုလည်း မုဒိန်းကျင့်သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရှိရပါသည်။

“အဲ့ဒီနေ့က စစ်ကားတွေနဲ့ စစ်သားတွေ အများကြီးရောက်လာတယ်။ ပြီးတော့ လူ ၂၀၀ လောက်ကို ဖမ်းခေါ် သွားတယ်။နောက်တနေ့တော့ လူအယောက် ၄၀ လောက်ကို ပစ်သတ်လိုက်တယ် အခုကျွန်တော်တို့လည်း ရွာထဲမှာ မနေရဲလို့ တိမ်းရှောင်နေရတယ်” ဟု အမည်မဖော်လိုတဲ့ ဒေသခံတဦးထံမှ သိရှိရပါသည်။

စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများမှာ ဦးကျော်ဆန်းဦး (ဗျိုင်းဖြူရွာ၊ အောင်ချမ်းသာရပ်ကွက်)၊ ဦးကျော်သိန်း (ဗျိုင်းဖြူရွာ ၊အောင်ချမ်းသာရပ်ကွက်)၊ ဦးကုလားအောင် (ဗျိုင်းဖြူရွာ၊အောင်ချမ်းသာရပ်ကွက်)၊ ဦးဖိုးသန်းစိန် (ဗျိုင်းဖြူရွာ၊ ဆက်ရိုးကျအရှေ့)၊ ဦးချဘုကောင် (ဗျိုင်းဖြူရွာ ၊ဆက်ရိုးကျအရှေ့) ဦးဘောက်သာ၏ သား( ဗျိုင်းဖြူရွာ၊ ဆက်ရိုးကျအရှေ့)၊ ကိုကိုမောင် (အသက် ၃၀ ကျော်)၊ ခင်မောင်အေး (အသက် ၃၆ )၊ကိုမောင်သန်း (အသက် ၂၉ )၊ ဦးကျော်နိုင် (အသက် ၄၂ )၊ ကိုမောင်ချီး (အသက် ၂၂ )၊ ရဲကျော် (အသက် ၂၁ )၊ ကိုအောင်နိုင်ဌေး (အသက် ၃၁)၊ ဦးဇော်မင်းထွန်း (အသက် ၄၀ ကျော်)၊ ဦးမောင်လှဦး (အသက် ၄၀ ကျော်)၊ ဦးသားချေ (အသက် ၃၀ ကျော်)၊ ဦးမြင့်ချေ (အသက် ၃၆)၊ ကိုဦးမောင်ဆန်း (အသက် ၂၆)၊ မောင်လှယေ (အသက် ၃၂)၊ မောင်ထွီး (အသက် ၂၂) ၊ ကိုမောင်လုံးချေ (အသက် ၄၀ )၊ ဦးဦးကျော်နိုင် (အသက် ၄၀ ကျော်)၊ဦးမောင်သိန်းထွန်း (အသက် ၅၀ ကျော်)၊ ဦးမောင်စံသား (အသက် ၆၀)၊ ဦးကျန်သာထွန်း (အသက် ၇၀)၊ဘုမောင် (အသက် ၁၈)၊ ဦးသန်းဌေးမောင် (အသက် ၄၀ ကျော်)၊ ဦးဖားချေ (အသက် ၅၀ ကျော်)၊ကိုကိုအောင် (အသက် ၃၆ )၊ ကိုအောင်သူချေ (အသက် ၂၉ )၊ မောင်ဖြိုးဖြိုးနိုင် (ဘ)ဦးမောင်သိန်းထွန်း (အသက် ၁၅)၊ ဦးဇော်ထွန်းနိုင် (အသက် ၃၅ )၊ ဦးကျော်လှ၊ ဦးကျော်ဝင်း၊ ဦးကုလားကြီး၊ ဦးကုလားချေ၊ ဦးမျိုးချေ၊ ဦးမျိုးသိန်းထွန်း၊ ဒေါ်ဦးခင်မြ၊ ဒေါ်မသန်းနု တို့ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံခဲ့ရပါသည်။

ယခု သေဆုံးသွားသည့်စာရင်းသည် ဇွန်လ၊ ၁ ရက်နေ့ နောက်ဆုံးပြုစုထားသည့် စာရင်းဖြစ်ပါသည်။အခြား အမည်မသိရသေးများကို ဆတ်လက်၍စုံစမ်းလျက်ရှိပါသည်။

AA က စစ်တွေမြို့ ကို မထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင်၊ အထွက် လမ်းများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပိတ်ဆို့ထားပြီး မြို့ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ် ကင်းလှည့်နေသည်ဟု သိရှိရပါသည်။

Thursday, May 23, 2024

Gsc တပ်ပေါင်းစုအတွင်းမှ အဖွဲ့အစည်းတချို့ ယာယီနှုတ်ထွက်

(GSC) တပ်ပေါင်းစုအတွင်း အဖွဲ့အစည်းတချို့ ယာယီနှုတ်ထွက် ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၄ ၂၀၂၁ ခုနှစ် ၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းပေါ်ပေါက်လာတဲ့ အထွေထွေ သပိတ်ကော်မတီ General Strike Committee (GSC) ဟာ တပ်ပေါင်းစုတခုအနေဖြင့် လည်ပတ်နေတာဖြစ်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး မှာ မူပိုင်းဆိုင်ရာကိစ္စတွေက တချို့နိုင်ငံရေးတော်လှန်ရေးအင်အားစုတွေနဲ့ သဘောထားတူညီမှု တွေရှိတာကြောင့် (GSC) မှာ တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ အတူတကွပါဝင် တော်လှန်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၂ ရက်နေ့က အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့က ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သတ်ပြီး သဘောထားတခု ကြေငြာချက်တစောင်ထွက်လာပါတယ်။

အဲ့အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့ထဲမှာ General Strike Committee (GSC) ကပါဝင်ထားတာကို တွေ့ရပါတယ်။

General Strike Committee (GSC) ဟာ တပ်ပေါင်းစုတခုဖြစ်တာကြောင့် (GSC) ပါဝင်မှုဟာ တပ်ပေါင်းစုတခုလုံး ပါဝင်မှုလို့ အများကယူဆနိုင်ပါတယ်။သို့သော် (GSC) ခြင်းသည် တပ်ပေါင်းစုထဲမှာပါသည့် အဖွဲ့အစည်းအားလုံးကို ကိုယ်စားမပြုဘူးဆိုတာကို ရခိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၂ ရက်စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာ (GSC) အနေဖြင့် တပ်ပေါင်းစုကိုယ်စားပြုမှုလုပ်ဆောင်တဲ့နေရာမှာ မိမိတို့အဖွဲ့အစည်း၏ ဆန္ဒသဘောထားအား ထင်ဟပ်မှုနှင့် အလေးထားစဉ်းစားမှုများ အထူးအားနည်းလာသဖြင့် (GSC) နဲ့ပူးပေါင်းဆောင်ရွက်မှု ယာယီရပ်နား လိုက်တယ်လို့ ဖော်ပြသွားပါတယ်။

ထို့နောက် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး (SDUF) တာဝန်ခံတဦးဖြစ်တဲ့ ကိုကျော်ကိုကိုက ဘူးသီးတောင်ကိစ္စကို တပ်ပေါင်းစုအတွင်း ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့အချိန်က တပ်ပေါင်းစုကိုယ်စားလှယ်တွေရဲ့ သဘောထားတွေနဲ့ ဆုံးဖြတ်ချက်တွေ မတူညီတာတွေ ရှိတဲ့အတွက် အစည်းအဝေးအတွင်း ကန့်ကွက်မှုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အခုလို (GSC) ကထုတ်ပြန်ချက်တွေမှာ ပါဝင်လိုက်တာကြောင့် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး အနဲ့ (GSC) မှာပါဝင်မှု ရပ်ဆိုင်းထားတယ်လို့ ကိုကျော်ကိုကိုရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

General Strike Committee (GSC) ၏ တပ်ပေါင်းစုအတွင်း ပါဝင်တဲ့အဖွဲ့အစည်းကိုယ်စားပြုမှုအသံတွေကို နားထောင်မှု အားနည်းလာတာကြောင့် အခုလို တပ်ပေါင်းစုအတွင်းက နှုတ်ထွက်မှုတွေဖြစ်လာတာပါ။

Sunday, May 19, 2024

ဘူးသီးတောင်မြို့တွင် တိုက်ပွဲပြင်းထန်မှုအကြား မူဆလင်အများအပြားသေဆုံး၊ဒဏ်ရာရရှိ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁၉ ရက် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မေလ (၁၇) ရက်နေ့တွင် စစ်ကောင်စီနှင့် ULA/AA တို့အကြားတိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး‌နှစ်ဖက်တိုက်ခိုက်မှုအကြား လေယာဉ် နဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် မူဆလင် (၃၀) နီးပါးခန့် သေဆုံးသွားခဲ့ပြီး၊ ရာဂဏန်းနီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ မေလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ်တွေအသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် ULA/AA ဘက်ကလည်း ညနေ (၄) ခန့်လောက်မှာ ဒရုန်းနဲ့ဗုံးကြဲသွားခဲ့တယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုတွင် ရွာတွေပါ မီးရှို့ခံရသည့်အပြင် အထက်တန်းကျောင်ရှိ ခိုလုံနေတဲ့ မူဆလင်တွေ သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဘူးသီးတောင်ဖြစ်စဉ်ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက War has rules ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားခြင်းမှာ “ဘူးသီးတောင်မြို့မသိမ်းခင် AA မှ မူဆလင်တွေကိုခေါ်ပြီး ရွာမှထွက်သွားဖို့ပြောတယ် နောက်နေ့ ဘူးသီးတာင်မှာ မီးရှို့ခံရတယ်၊ စစ်ပွဲမှာ စည်းကမ်းရှိဖို့လိုတယ်လို့” ရေးသားထားပါတယ်။ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုးနေဆန်းလွင်က သူဖေ့ဘုခ် စာမျက်နှာတွင် “ဘူးသီးတောင်မြို့ပေါ်ရှိ ရိုဟင်ဂျာနေအိမ် တွေကို AA ကမီးရှို့လိုက်လို့ ပြာဖြစ်သွားတယ် တစ်သိန်းခွဲကျော်လောက်ရှိမယ့် ရိုဟင်ဂျာတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး အစားအသောက်မရှိ၊ ခိုလှုံစရာမရှိလို့” ပြောထားပါတယ်။ထို့နောက် အင်တာဗျူးတခုတွင်လည်း AA မှ ရိုဟင်ဂျာ နေအိမ် များကို မီးရှို့သွားကြောင်း အခိုင်အမာပြောကြားထားပါတယ်။ ဘူးသီးတောင်တိုက်ပွဲဖြစ်စဉ်နဲ့ ULA/AA ပြောခွင့်ရ ခိုင်သုခ မှ နိရိဉ္စရာသတင်းဌာန အင်တာဗျူးမှာ “မီးရှို့ဖျတ်စီးတာ မရှိဘူးလို့ဖြေကြားထားပါတယ်။အခြေခံစာသင်ကျောင်းကိုလည်း အရပ်သားပစ်မှတ်ထားတာမရှိဘူးလို့” ပြောကြား ထားပါတယ်။ ဘူးသီးတောင်မြို့ကို မေလ (၁၈) ရက်နေ့က သိမ်းလိုက်ပြီး စစ်ကောင်စီမှဖမ်းဆီးထားသည့် မူဆလင်များကို ကယ် ထုတ်နိုင်ခဲ့ပုံတွေကို AA မှ ဗွီဒီယိုနှင့်တကွထုတ်ပြန်ထားပါတယ်။ ဘူးသီးတောင်တွင် နှစ်ဘက်တိုက်ပွဲများအကြား မူဆလင်နေအိမ်များမီးရှို့ခံမှု၊ မူဆလင်အများအပြားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတို့သည် စစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများဖြစ်ပါသည်။

Saturday, May 18, 2024

KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ

KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁၈ ရက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှနိုင်ငံအာဏာကို သိမ်းယူလိုက်ပြီးနောက် အာဏာသိမ်းခြင်းကိုလက်မခံသည့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဟာ အာဏာသိမ်းခြင်းသည် အဓမ္မ ဖြစ်ပြီး ဓမ္မဘက်ကသာ ရပ်တည်မည်ဟု KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်ဘလန်၏ စကားအတိုင်း KIA ဟာအဖိနှိပ်ခံပြည်သူတရပ်လုံးနဲ့ရပ်တည်ကာ စစ်ကောင်စီတပ်များကို စတင်ထိုးစစ်ဆင်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာ သိမ်းလိုက်ပြီးနောက် နွေဦးတော်လှန်ရေးတွင်ပေါက်ဖွားလာသည့် PDF များနှင့် တိုက်ပွဲများတစနှင့်တစ ကြီးထွားလာခဲ့ ပါတယ်။သို့သော် KIA အနေဖြင့် အစပိုင်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF များကိုသာ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း KIA မှ စစ်ရေးတွင် ဦးဆောင်ကာ PDF ပူးပေါင်းတပ်များနှင့်အတူ စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့သိမ်းတိုက်ပွဲအထိ ထင်ထင်ရှား ရှား ပါဝင်တိုက်ခိုက်တာကိုတွေ့နိုင်ပါတယ်။ ထို့နောက် (၀၃၀၇) စစ်ဆင်းရေးဖြင့် ကချင်ပြည်အတွင်းမှ စစ်ကောင်စီတပ် အားလုံး ရှင်းလင်းရန် အတွက် ထိုးစစ်များကို အရှိန်ဟုန်ပြင်းစွာဖြင့်တိုက်ပွဲဖော်ဆောင်လာခဲ့ပါတယ်။ KIA ဌာနချုပ်ရှိရာလိုင်ဇာမြို့ကို ခြိမ်းခြောက် နေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ တပ်ရင်း၊စခန်းများကို ခြေမှုန်းပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များကိုပါ KIA မှ သိမ်းပိုက်လာသည်ကို တွေ့ရပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၀) ရက်နေ့တွင် ကချင်ပြည်၊ အင်ဂျင်းယန်မြို့ကို စတင်း သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ၊ မော်လူးမြို့ကိုပါ PDF ပူးပေါင်း တပ်များနှင့်အတူ စတင်သိမ်းပိုက်ခဲ့ပါ တယ်။၂၀၂၄ ဇန်နဝါရီလ (၂၀) တွင် ရှမ်းမြောက်ရှိ မံစီမြို့နယ်၊ မဘိမ်မြို့အပါအဝင်၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် မြစ်ကြီးနား မြို့နယ်၊ ဆင်ဘိုမြို့ ၊ မတ်လ (၂၉) ရက်နေ့တွင် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်တခုဖြစ်သည့် လွယ်ဂျယ်မြို့၊ မေလ (၅) ရက်နေ့ တွင် ကချင်ပြည်နယ်၊ ဆွမ်ဘရာမြို့ စသည့် မြို့(၆) မြို့ကို KIA မှ သိမ်းပိုက်ထားပါတယ်။ဆက်လက်ပြီး မိုးမောက်မြို့၊ ရွှေ နှင့် ပယင်းများထွက်ရှိရာ တနိုင်း တို့ကို KIA အပြင်းအထန်ထိုး စစ်ဆင်တိုက်ခိုက်လျှက်ရှိနေပါတယ်။ KIA ၏ စစ်ရေးအရဦးဆောင်ဦးရွက်ပြုမှုသည် ကချင်ဒေသ ၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းဒေသအထိ တိုက်ခိုက်ခြင်း သည် နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် များစွာအထောက်အကူပြုဖြစ်စေပါသည်။စစ်ရေးအ ရှိန် မြင့်လားတဲ့ KIA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ကချင်၊ ရှမ်းမြောက်၊ မန္တလေးတိုင်းရှိ မဟာ မိတ် များနှင့် ပူးတွဲတိုက်ကွက်ဖော်လာတာကြောင့် စစ်ကောင်စီတပ်များ ကချင်ဒေသမှာ အထိနာနေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။

Sunday, May 12, 2024

မြဝတီကကျားဖြန့် ဇာတ်ရုပ်ကို တရုတ်ဘယ်လိုဆတ်ကမလဲ

မြဝတီကကျားဖြန့် ဇာတ်ရုပ်ကို တရုတ်ဘယ်လိုဆတ်ကမလဲ မြဝတီမြို့နယ် မယ်ထော်သလဲရွာ နဲ့ရွှေကုက္ကိုလ်ဒေသမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကျားဖြန့်လုပ်ငန်း အွန်လိုင်း ငွေလိမ်ဂိုဏ်းဟာဆိုရင် ကရင်ပြည်နယ်ခြားစောင့်တပ် BGF(KNA) ဦးဆောင်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၏ အာဏာ အောက်တွင် ရှိနေပါတယ်။ကျားဖြန့်လုပ်ငန်းလုပ်ဆောင်တဲ့ နေရာတွေမှာဆိုရင် ကာစီနို ၊ ဟိုတယ် ၊ ပြည့်တန်ဆာ ၊ စားသောက်ဆိုင်နှင့် KTV စတဲ့ စီးပွားရေးလုပ်ငန်းများဖြင့်လည်ပတ်နေပြီး တရုတ်နိုင်ငံသားအများစုနှင့် အခြားလူမျိုး အနည်းငယ် ရှိပါတယ်။ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်မည့်သူများကို တရားဝင်နည်းလမ်းရော ၊ တရားမဝင်နည်းလမ်း နဲ့ပါ မက်လုံးပေးခေါ်ဆောင်တာတွေရှိပြီး ပြန်ထွက်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် လွယ်ကူပေမယ့် တရုတ်နိုင်ငံ သားအဖို့ ယွမ် (၂) သိန်းထိပေးဆောင်ရတာတွေရှိပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံသားတွေအဖို့ အိမ်ပြန်လမ်းကတော့ ပိုက်ဆံ ပေးရင်တောင် ပြန်နိုင်ဖို့အာမခံချက်မရှိပါဘူး။ ကျားဖြန့်လုပ်ငန်းက အလုပ်သမားများဟာ အလုပ်အပေါ်မှာ အမှားအယွင်းဖြစ်ခဲ့မယ်ဆိုရင်လည်း ပြစ်ဒဏ်အ မျိုးမျိုးကိုကျခံရပြီး အခန်းထဲနှိပ်စက်ခံရသည်အထိ အရေးယူခံရပါတယ်လို့ ကျားဖြန့်လုပ်ငန်းမှ လွတ်မြောက်လာ သူများထံမှ သိရှိရပါတယ်။ ဒီလို နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်ကို အဓိက အခကြေးငွေယူပြီး မဲ့တပေါက် မစွန်းရအောင် ကာကွယ်ပေးနေတာကတော့ ဗိုလ်မှူကြီးစောချစ်သူ ဦးဆောင်တဲ့ BGF(KNA) အဖွဲ့ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းကောင်း မွန်စွာလည်ပတ်နိုင်ရန် အတွက် ဧက ၁၀၀ ကျော်တဲ့ခြံဝန်းကို လုံခြုံရေးတင်းကျပ် စွာတာဝန် ယူ ပေးနေပါတယ်။ ထိုင်း မြန်မာနယ်စပ်က မဲထော်သလဲဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ (၆) နယ်ဖြစ်ကာ KK Park တရုတ်စီမံကိန်း ကျားဖြန့်လုပ်ငန်းကို KNUမှ မြေဌားရမ်းပေးပြီး KNU ဦးပိုင်ကုမ္မဏီဖြစ်သည့် မုလအိအလင်းကုမ္မဏီနှင့် Huanya International Holding Group မှာပါဝင်တဲ့ Trans-Asia International Holding Group(Thailand) Co.Ltd တို့ကြား ထိုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လမှာ KNU ဥက္ကဋ္ဌ နှင့် ကာကွယ်ဝန်ကြီးဌာနမှူး စောရောဂျာခင်ကိုယ်တိုင်တို့ တက်ရောက်လက်မှတ်ထိုး ထားကြောင်းသိရှိရပါတယ်။နောက်ပိုင်းတွင် မုလအိအလင်းကုမ္မဏီမှ နုတ်ထွက်သွားကြောင်းလည်း သိရှိရပါတယ်။ ဒီကျားဖြန့်လုပ်ငန်းတွင် ပါဝင်နေတဲ့အတွက် KNU အတွင်းရေးမှာလည်း သဘောထားကွဲလွဲနေတာတွေရှိပါတယ်။ ရွှေကုက္ကိုလ်ဒေသမှာလည်း အစပိုင်းတော့ မြို့သစ်စီမံကိန်းဟု သတင်းလွှင့်ထားပြီး BGF ဗိုလ်ချစ်သူမှ အွန်လိုင်းငွေ လိမ်ဂိုဏ်းကို မြေရောင်းစားကာ ကျားဖြန့်လုပ်ငန်းတရုတ်စီမံကိန်းကို မြို့ပြသဖွယ်ပြုလုပ်ကာ အကောင်းအထည်ဖော် လည်ပတ်စေခဲ့ပါတယ်။ ထိုင်း ၊ မြန်မာနယ်စပ်တလျောက်က ကျားဖြန့် အွန်လိုင်းငွေလိုင်းဂိုဏ်းတွေကို တရုတ်အစိုးက အမြစ်ပြတ်ချေမှုန်းချင် တာကြောင့် စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာနှင့် ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိ သူတွေနဲ့ စစ်ကောင်စီတို့ကြား နှစ်ကြိမ်တိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး။ကရင် အမျိုးသားအစည်းအရုံး KNU မှ ကရင်ပြည်နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို တိုက်ဖျက်နိုင်ရန်အတွက် အိမ်းနီးချင်း နိုင်ငံမျာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်လို့ ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ (၁၃) ရက်နေ့ ကြေငြာချက်ထုတ်ပြန်လိုက် တာရှိပါတယ်။လက်တွေ့မှာ KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေးဟာ ဘယ်ထိရောက်ခဲ့လည်း ဆိုတာ ဆတ်ပြီးသုံးသပ် ကြည့်ရအောင်ပါ။ ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတွေမှာ စစ်ကောင်စီ၏ထိပ်ပိုင်ခေါင်းဆောင်တွေဟာ ထိုလုပ်ငန်းတွင်း ပါဝင်ပတ် သတ်နေတာကြောင့် စစ်ကောင်းစီအဖို့ဝင်ငွေ သက်သာချောင်ချိနေချိန် တရုတ်အစိုးမှ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို ကိုင်တွယ်ပြီး စစ်ကောင်စီ၏ အရှိက်တည့်တည့်ကို လှန်ထိုးလိုက်တာကြောင့် ကူရာမဲ့ပြီး နောက်ဆုံး ရှမ်းမြောက်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နှင့် အပေါင်းအပါအားလုံးကို တရုတ်အစိုးထံ လွှဲပြောင်းပေးခဲ့ရပါတယ်။ ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီလက်အောက်တွင် အစပိုင်းတွင် ရပ်တည်ပေးခဲ့ သော်လည်း ရှမ်းမြောက်ဖြစ်စဉ်တွင် သင်ခန်းစာရလိုက်တာကြောင့် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ရန် လတ် တလော ဆုံးဖြတ်ခဲ့ပါတယ်။ဗိုလ်ချစ်သူ ခွဲထွက်ကြောင်းကို ပထမဦးဆုံး ထိုင်းသတင်းဌာနက ဖော်ြပတာကို တွေ့ ရပါ တယ်။ ဒီလိုခွဲထွက် လိုက်တာကြောင့်လည်း စစ်ကောင်စီအဖို့ မြဝတီအရေးကိုင်တွယ်ရန် အခက်တွေ့ စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝန်းမှ တော်လှန်ရေးတပ်များဟာ စစ်ကောင်စီကို တိုက်ခိုက်လာတာ ကြောင့် လူ ၊ လက်နတ် ၊ ငွေကြေးတွေ ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရချိန်တွင် BGF(KNA) ဗိုလ်ချစ်သူမှ ခွဲထွက်လိုက်တာ ကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ မြဝတီကို ခေတ္တခဏ သိမ်းပိုက်နိုင်ခဲ့ပါတယ်။KNU ဟာ မြဝတီကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် မြဝတီမြို့နယ် မယ်ထော်သလဲရွာက ကျားဖြန့်လုပ်ငန်းတွေကို ယောင်လို့တောင်မှ မထိခဲ့ပါဘူး။KNU ဟာ ကျားဖြန့်လုပ်ငန်းကို တိုက်ဖျတ်မယ်လို့ ထုတ်ပြန် ထားပေမယ့် မြဝတီကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် ဘာကြောင့် ကျားဖြန့်ကို မတိုက်ဖျတ်ပဲ မြဝတီကို ဗိုလ်ချစ်သူ လက်ထဲပြန်ထည့် ပေးလိုက်တာလည်း ဒါဟာ စဉ်စားစရာတွေဖြစ်လာပါတယ်။ဒါကြောင့် KNU ရဲ့ စစ်ရေးရည်မှန်း ချက် မဟာဗျူဟာထဲမှာ မပါဘူးဆိုတာကို ပြသနေပါတယ်။ KNU မှ မြဝတီကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် ကျားဖြန့်လုပ်ငန်း တည်ဆောက်ရန် KK Park စီမံကိန်းအတွက် မြေနေရာအဌားစာချုပ်ကို KNU ၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ နှင့် ကာကွယ်ဝန်ကြီးဌာန တို့ပူးတွဲ လက်မှတ်ထိုးသည့် ဓာတ်ပုံဖိုင် အွန်လိုင်းပေါ်တွင် ပျံနှံ့လာခဲ့ပါတယ်။ဒါဟာ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းမှာ KNU ပါဝင်နေတယ်ဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ KNU က မြဝတီကို သိမ်းပိုက်နေချိန် စစ်ကောင်စီက BGF ဗိုလ်ချစ်သူကို အကျပ်ကိုင်နိုင်ဖို့ ကျားကွက်ပြန်ရွေ့လိုက်ပါတယ်။ဘယ်လိုရွေ့လိုက်လည်းဆိုရင် ရွှေကုက္ကိုလ်ကို ဗုံးကြဲမယ်ဆိုတာပါပဲ။ဇိမ်ခံပစ္စည်ကြားမှာ ယစ်မူးနေပြီး ငွေကိုရေလိုသုံးနေတဲ့ ရွှေကရင် ဗိုလ်ချစ်သူ ဟာ အကျိုးစီးပွားကို ထိခိုက်မှာစိုးတဲ့အတွက် ကရင်အချင်းချင်းမတိုက်ချင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျား တကွက် ရွေ့လိုက်ပြန်ပါတယ်။ ဒီတော့ မြွေမသေ ဒုတ်မကျိုး ဆိုသလိုပေါ့ BGF ဟာ KNA အသွင်ဖြင့် ပြောင်းလဲဆိုသော်ြငားလည်း မြဝတီကို စစ်ကောင်စီ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး KNU နှင့် မိတ်မပျက်အောင် နှစ်ဖက်ခွပုံစံမျိုးအသုံးပြုသွားတာကို တွေ့ရပါတယ်။သို့သော် ဒီပွဲဟာ မပြီးသေးပါဘူး။ ဒီနေရာတချက်ပြောလိုတာက တရုတ်အခန်းကဏ္ဍဖြစ်ပါတယ် ရှမ်းမြောက်က ကျားဖြန့်တွေမှာ ပါဝင်ပတ်သတ်နေ တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ လုပ်ကိုင်နေသူတွေကို အရေးယူနိုင်ဖို့ ညီနောင် ၃ ဖွဲ့ကိုကိုင်တွယ်ကာ စစ်ကောင်စီကိုဖိအားပေးခဲ့သလိုမျိုး ဒီဘက် ထိုင်း-မြန်မာ တလျောက်က ကျားဖြန့်မှာပါဝင်ပတ် သတ်နေသူတွေနဲ့ လုပ်ကိုင်နေသူကို ဆတ်လတ်အရေးယူမယ်ဆိုရင် တရုတ်က စစ်ကောင်စီကိုဖိအားပေနိုင်တဲ့ အခင်း အကျင်း တခုလိုအပ်လာပါလိမ့်မယ်။တရုတ်အစိုးရရဲ့ အကျိုးစီးပွားကို ထိခိုက်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရေး ယူနိုင်ဖို့က ရှမ်းမြောက်မှာလို လွယ်ကူမယ့်အနေအထားတခုတော့ မဟုတ်ပါဘူး။ဒါကြောင့် တရုတ်အစိုးရဟာ အနုနည်းနဲ့မက်လုံးပေးကာ စစ်ကောင်စီကို ၂၀၂၄ ၊ ဧပြီ လတွင်းမှာပဲ တရုတ်နိုင်ထိခေါ်ကာ ယွမ်း(၅) သန်းပေးပြီး ကျားဖြန့်နှိမ်နှင်းရေးအတွက် လူမိုက်ဌားလိုက်ပြန်ပါတယ်။ထိုခရီးစဉ်တွင်းမှာ စစ်ကောင်စီက ကျားဖြန့်ကို အရေးယူ မယ်လို့ ကတိပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။ဒီတခါ တရုတ်ရဲ့လူမိုက်ကြီးအဖြစ် သရုပ်ဆောင်ရမှာတော့ စစ်ကောင်စီဖြစ် ဖို့ ၅၀ လောက်ကသေချာနေပါပြီ။ မြဝတီမြို့ဟာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးတွက်အဓိကကျပြီး နှစ်နိုင်ငံအတွက် ဒေါ်လာသန်းချီရအောင်လုပ် ပေနေတဲ နယ်စပ်ဂိတ်လည်းဖြစ်တာကြောင့် စစ်ကောင်စီမှ အရယူဖို့ကြိုးစားပါလိမ့်မယ်။တဖက်မှာတရုတ်ကြီးကို ပေးတဲ့ ကတိတည်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ တပ်မတော်ဒုခေါင်းဆောင် ကိုယ်တိုင် အောင်ဇေယျစစ်ဆင်ရေးကို ဦးဆောင်က အင်အားအလုံးအရင်းဖြင့်အသေခံပြီး နေစဉ်ထိုးဖောက်နေပါတယ်။အောင်ဇေယျစစ်ကြောင်း မြဝတီကို ခြေကုပ်ယူနိုင်ပြီဆိုလျင် စစ်ကောင်စီဟာ BGF(KNA) ကို တကွက်ပြန်ရွေ့ပါလိမ့်မယ်။အဲ့ဒီအချိန် KNU နဲ့ စစ်ကောင်စီ ဟာ အလွမ်းသင့်သွားနိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ KNU ဟာ NCA လက်မှတ်ကို ဖျတ်သိမ်းကြောင်း ဒီနေ့ချိန်ထိ မထုတ်သေးလို့ပါပဲ။ အကယ်၍ တရုတ်ကြီးကို ပေးတဲ့ ကတိမတည်ဘူးဆိုရင် ယွမ်း (၅) သန်း တန်ဖိုး အပြင် အတိုးရော အရင်းပါအဖြစ် နေပြည်တော်ကိုပါ ၇၅ အထိ ခြိမ်းခြောက်ပါလိမ့်မယ်။ဒါကတော့ မြေကြီးလက်ခတ် မလွဲပါဘူး။ အချုပ်အားဖြင့်ဆိုရလျင် နိုင်ငံတကာက မျက်စိဆံပင်မွေးစူးနေတဲ့ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးဘိန်း ထုတ်လုပ်မှုမှာ အာဖဂန်ကိုကျော်ပြီး အဆင့် (၁) နေရာကို အသာစီးယူထားပါတယ်။အခုလည်း အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့အတူ အွန်လိုင်းငွေလိမ်ဂိုဏ်းဆိုတဲ့ ကျားဖြန့်ဟာ မြန်မာနိုင်ငံရှိနယ်စပ်ဒေသ မှာအခြေစိုက်ပြီး တရုတ်နဲ့အမေရိကန်တို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာကြောင့် စစ်ကောင်စီကိုနာနာထောင်းနေတာပါ။ဒါပေမယ့် ဒီကျားဖြန့်လုပ်ငန်းမှာ စစ်ကောင်စီအတွက်ပဲ အကျိုးစီးပွားရှိတာမဟုတ်ပါဘူး ကျားဖြန့်လုပ်ငန်းအခြေစိုက်ရာ နယ်စပ်ဒေသက တိုင်းရင်း သားလက်နတ် ကိုင်တွေအတွက်လည်း အကျိုးစီးပွားရှိနေပါတယ်။မဲထော်သလဲနဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်း တွေမှာဆိုရင် စစ်ကောင်စီ ၊ BGF(KNA) ၊ KNU နှင့် DKBA တို့က အကျိုးအမြတ်တွေကို ခွဲယူသုံးစွဲကြပါတယ်။သို့သော် မြဝတီတိုက်ပွဲဟာ ကျားဖြန့်အတွက် အဓိက ဇာတ်ကောင်ကို ဖော်ထုတ်ပေးလိုက်သလိုပါပဲ။ဒါရိုက်တာ ပေါက်ဖော်ကြီး ရေးတဲ့ ရှမ်းမြောက်က ဇာတ်လမ်းအဆက်ကို ကရင်ပြည်ဘက်မှာ ဆတ်ကဖို့ အစီစဉ်ရှိတဲ့အတွက် အဓိက ဇာတ်ကောင်ကို ဘယ်လိုဖမ်းမလဲဆိုတာ လူမိုက်နဲ့ မင်းသား နပန်းလုံးတဲ့အချိန်ကြရင် သိရပါလိမ့်မယ်။

Sunday, March 24, 2024

အာရက္ခနိုင်ငံအတွက် AA နဲ့ SAC ဆွေးနွေးပွဲ ဖြစ်လာနိုင်သလား

အာရက္ခနိုင်ငံအတွက် AA နဲ့ SAC ဆွေးနွေးပွဲ ဖြစ်လာနိုင်သလား ရက္ခိုင့်တပ်တော် AA ၏အမျိုးသားရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၊ (၁၃) ရက်နေ့မှစတင်ပြီး ရခိုင်ပြည်ရှိမြို့များကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးနည်းဗျူဟာ အရ အကြမ်းဖက်စစ်တပ်၏ တပ်ရင်းစခန်းများကို ရက္ခိုင့်တပ်တော် AA မှစတင်ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲ များအရှိန်အဟုန်ပြင်းထန်စွာဖြင့် ရခိုင်အမျိုးသားရေးအိမ်မက်ဟာ တဖန်ပြန်လည်နိုးထ လာခဲ့ပါတယ်။ ရခိုင်မှာ မြို့ (၁၇) မြို့ရှိပြီး လက်ရှိအချိန်မှာ ရက္ခိုင့်တပ်တော်မှမြို့(၈) မြို့ကို သိမ်းပိုက်ထားပါတယ်။ ပြည်ထောင်စုထဲက ရက္ခိုင့်တပ်တော်၏နိုင်ငံရေးရည်မှန်းချက်များကိုနိုင်ငံရေးအရ တောင်းဆိုတာထက် ရခိုင်မြေပြင်ကို ခြေချသည့်အချိန်မှစ၍စစ်ရေးနည်းလမ်းဖြင့် တိုက်ပွဲပေါင်းများစွာဆင်နွှဲခဲ့ပါတယ်။ဒါပေ မယ့် AA နှင့် စကစ တို့ဟာ ၂၀၂၀ နှစ်မကုန်ခင်မှာ အပစ်ရပ်ခဲ့တာရှိသော်လည်း စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် တွင် စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေယူဆ ချက်ထက် စစ်ရေးနည်းလမ်းဖြင့် တိုက်ယူမှရမယ်ဆိုတဲ့ သဘောထားအမြင်ရှိလာတာကြောင့် မြို့သိမ်း တိုက်ပွဲအထိပုံ‌ဖော်လာတာကို တွေ့ရပါတယ်။(၁၀၂၇) ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ ရခိုင်မှ AA ၏ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်များအထိနာနေပြီး ကြည် ၊ရေ၊လေ တိုက်ခိုက်မှုကြားမှ တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်တာ ဟာလည်း ရက္ခိုင့်တပ်တော်အဖို့ တိုက်ခိုက်ရေးအင်အားကို လိုသလိုစီမံခန့်ခွဲ နိုင်တာကြောင့်လည်းဖြစ်ပါတယ်။ မြန်မာစစ်တပ် အာဏာမသိမ်းမှီကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်း (၃) ကို ချန်လှပ်ထားခဲ့သော်လည်း ယခုချိန် မြောက်ပိုင်း (၃) ဖွဲ့နှင့်အတူ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာအောက်မှာ စစ်ကောင်စီအလူးအလိမ့်ဖြင့် အထိနာနေပြီး ရခိုင်မြောက်ပိုင်းတခုလုံးကိုပါ လက်လွှတ်ရမည့်အခြေအနေသို့ ဆိုက်ရောက်‌နေပါတယ်။ဒီလို မြေပြင်အနေအထားမှာ အသာစီးဖြစ်နေတဲ့ AA ကို နိုင်ငံရေးအရ စားပွဲဝိုင်းသို့ စစ်ကောင်စီမှ အပေးအယူတခုခုဖြင့် ဆွေးနွေးရန်ကမ်းလှမ်းလာနိုင်မလား ဆိုတာကို သုံးသပ်မိပါမယ်။ ရခိုင်‌‌မြောက်ပိုင်းသိမ်းပိုက်နိုင်ရေး ရခိုင်ပြည်တွင် အကြမ်းဖက်စစ်တပ်မှ ရပ်တည်ရေးအတွက် အနောက်ပိုင်တိုင်းစစ်ဌာနချုပ် ထားရှိပြီး၊ ၎င်းဌာနချုပ်အောက်တွင် စစ်ဆင်ရေးကွပ်ကွဲဌာနချုပ် စကခ (၅) (တောင်ကုတ်) ၊ စကခ (၉) ( ကျောက်တော်) နှင့် စကခ (၁၅)( ဘူးသီးတောင်) ၊ စစ်တွေတွင် ဒကစ တခုနှင့် နယ်ခြားစောင့်ရဲ တို့ဖြင့်ဖွဲ့စည်းထားပြီး စကခ တခုလက်အောက်တွင် တပ်ရင်း ၁၀ ရင်းနှင့် မြို့တမြို့တွင် ရဲစခန်းတခုစီ ရှိပါတယ်။ဖွဲ့စည်းပုံအရ တပ်ရင်း (၃) ရင်းကို ဗျူဟာ ၁ ခုစီရှိပါတယ်။ တပ်ရင်း (၁၀) ရင်းဆိုရင် ဗျူဟာ (၃) ခုရှိပါမယ်။သို့သော် လက်တွေ့မှာ တကယ်ရှိချင်မှ ရှိပါမယ် ထင်တားတာထက်လည်း ပိုနိုင်ပါတယ်။ မြို့တမြို့မှာဆိုရင်ဖြင့် စစ်ကောင်စီ တပ်ရင်း (၃) ရင်း သို့မဟုတ် (၄) ရင်းလည်းရှိနိုင်ပါတယ်။ ၂၀၂၃ ၊ နိုဝင်ဘာ ၊ (၁၃) ရက်နေ့မှစတင်ကာ ရက္ခိုင့်တပ်တော် AA မှ စစ်ကောင်စီစခန်းများကို စတင်ထိုး စစ်ဆင်ရာတွင် ကုလားတန်မြစ်ကြောင်းတလျောက်ရှိ စခန်း၊ဗျူဟာ များကိုထိုးစစ်ဆင်ခဲ့သည်။ပလက်ဝရှိ စစ်ကောင်စီ၏အခြေချဗျူဟာကုန်းကြီးများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်ပေါင်း (၂၀) ကျော်ကြာ မြှင့်သည့် အချိန်တွင် နာ‌မေကြီးထရွင်အိုင်ဗျူဟာနှင့် နှုံးဘူးဗျုဟာကို သိမ်းပိုက်နိုင်ခဲ့ပြီး ပလက်ဝမြို့ကို (၁) လ ကျော်ကြာ ၂၀၂၄ ခုနှစ် ၊ဇန်နဝါရီ၊ (၁၄) ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထူးခြားချက် တခုအနေဖြင့် ရခိုင်ပြည်နှင့်ချင်းပြည် ကြားက ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးပစ်မှတ်ဧရိယာတခုဖြစ်သည့် ပလက်ဝမှာ မွန်းပြည် ၊ ရေးအခြေစိုက်တဲ့ စကခ (၁၉) နှင့်အတူ တိုက်ခိုက်ရေးတွက် တပ်မ (၁၁) ၊ (၅၅) ဒေသ တပ်ရင်းစခန်းများကို ချေမှုန်းနိုင်ခဲ့ပါတယ်။ပလက်ဝဟာ တချိန်ကရခိုင်နယ်နိမိတ် ဖြစ်သော်ငြားလည်း ယခုလိုသိမ်းပိုက်ရခြင်းရည်ရွယ်ချက်မှာ မြန်မာအစိုးရနှင့် အိန္ဒိယ အစိုးရတို့ကြား ချုပ်ဆိုထားသည့် ကုလားတန်စီမံကိန်းကြောင့် စီးပွားရေးအရ သိမ်းပိုက်ရခြင်းဖြစ်နိုင်ပါတယ်။ အကယ်၍ ပလက်ဝဟာ စီးပွားရေးအရအရေးမပါဘူးဆိုရင် AA ကသိမ်းပိုက်ရန်အစီစဉ်မရှိ လောက်ဟုသုံးသပ်မိပါတယ်။ နောက်ထပ် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၊ (၂၀) ရက်နေ့မှာ ပေါက်တောမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ဆက်ပြီး တော့ ဖေဖော်ဝါရီလအတွင်းမှာပဲ ရက္ခိုင့်တပ်တော် AA မှ မင်းပြား ၊ ကျောက်တော် ၊ မြောက်ဦး မြို့တို့ကို သိမ်းပိုက်လိုက်ပြီးနောက် မြေပုံမြို့တွင် သေနတ်ဖောက်စရာမလိုပဲ AA မှဆတ်လက်သိမ်းယူနိုင်ခဲ့ ပါတယ်။ ကျောက်တော်မှာရှိတဲ့ အနောက်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ စကခ (၉) တခုလုံးကို AA မှ သိမ်းယူနိုင် ခဲ့ပါတယ်။နောက်ထပ် ပုဏ္ဏားကျွန်းမြို့ကိုလည်း မတ်လ (၄) နေ့မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။AA ၏စစ်ရေးရည်မှန်းချက်များ ပထမဆုံးအဆင့်မှာ မြောက်ပိုင်းဖြစ်နိုင်ပြီး ဒုတိယအဆင့်မှာ တောင်ပိုင်းဖြစ် နိုင်သည်။မြောက်ပိုင်းကို သိမ်းယူမယ်ဆိုရင် စစ်တွေကိုချန်လှန့် ထားလို့တော့မရပါဘူး။ သို့သော် စစ်တွေကိုမသိမ်းပဲ လူအင်အားအလုံးအရင်းဖြင့် AA ဟာ ရမ်းဗြဲကိုအရင် သိမ်းလိုက်ပါတယ်။ ဘာကြောင့် စစ်တွေကိုအရင်မသိမ်းတာလည်းဆိုတာကို သုံးသပ်ပါမယ်။ပထမအချက်က ပုဏ္ဏားကျွန်းကို AA ကသိမ်း လိုက်ပြီဆိုတာနဲ့ စစ်ကောင်စီက ဘာလုပ်လည်းဆိုရင် ပထမဦးဆုံး မင်းချောင်းတံတားကို ဖျတ်စီးလိုက်ပါ တယ်။တံတားဖျတ်လိုက်ခြင်းဟာ AA အတွက် အဓိကမကျပါဘူး။ AA က စစ်တွေကို ဘယ်နေရာ ကပဲဝင်ဝင်ရပါတယ်။နောက်ထပ်လည်း စစ်ကောင်စီက တံတားတွေကို ဖျတ်စီးနိုင်ခြေရှိပါတယ်။‌ ဒုတိယ အချက်က စာမေးပွဲ‌‌ဖြေဆိုချိန်တွင်းရယ်ဖြစ်တာ‌ကြောင့် စစ်တွေကိုခေတ္တ ရပ်ထားတာဖြစ်နိုင်ပါတယ်။ဘာ‌ကြောင့်လည်းဆိုရင် AA ကစစ်တွေကို ဒီလိုချိန်သိမ်းလိုက်မယ်ဆိုရင် စစ်တွေဟာစစ်မြေပြင် ဖြစ်သွားနိုင်ပါတယ်။ဆိုတော့ ဒီစစ်ပွဲကြားထဲမှာ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသား/ သူ တွေဟာ မြေစာပင်ဖြစ်သွားနိုင်ပါတယ်။AA က နည်းနည်းလေးလှုပ်လိုက်တာနဲ့ စစ်တွေမှာရှိတဲ့ Navy ကနေ စစ်တွေမြို့မဈေးကို လက်နတ်ကြီးနဲ့ လူစည်ကားတဲ့အချိန်မှာ ရည်ရွယ်ပြီးပစ်လိုက်ပါတယ်။ ရခိုင်က မြို့မဈေး တော်တော်များများကို လည်းစစ်ကောင်စီရဲ့ လေကြောင်းက ရည်ရွယ်ချက် ရှိရှိနဲ့ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။ဒါဟာ စကစ က War Crime ကို ပြေင်ပြောင်တင်းတင်းကျူးလွန်တာပါ။တတိယ အချက်ကတော့ စစ်တွေကို မတိုက်ပဲ ပုဏ္ဏားကျွန်းသိမ်းပိုက်ပြီး ရသေ့တောင်ကိုပါ သိမ်းလိုက်မယ်ဆိုရင် စစါတွေ ‌ဒကစ အတွက် ထွက်ပေါက်မရှိတော့ပဲ စစ်တွေကို ပိတ်ဆို့ပြီး ဝိုင်းပတ်တိုက်ခိုက်မယ့်အနေအထား လည်းဖြစ်ပါ တယ်။ နောက်ဆုံးတချက်အနေနဲ့ကတော့ စစ်တွေမှာ ရှိတဲ့ ဒကစ ၊ ရဲ ၊ Navy တပ်တွေဟာ စစ်တွေကို အသေခံပြီးခုခံမယ့်သဘောရှိသလို သူတို့၏ လုပ်ရိုးထုံးစံအတိုင်း မစားရတဲ့အမဲသဲနဲ့ပတ်မှာ ဧကန်မုချမလွဲ ပါဘူး။စစ်တွေတမြို့လုံးကို ဖျတ်စီးသွားနိုင်ပါတယ်။ဘာကြောင့်ဒီလိုသုံးသပ်ရလဲဆိုရင် ရခိုင်နဲ့ ပလက်ဝ မှာ တိုက်ခဲ့ရတဲ့ စကခ ၊ တပ်ရင်း ၊ စခန်းတွေဟာ လက်နတ်ချတာထက် အသေခံပြီးနောက်ဆုံးချိန်ထိ တိုက်တာကိုတွေ့ရပါတယ်။ ရှမ်းမြောက်မှာ ဗိုလ်မှူးချုပ် (ဒကစ) အဆင့်ထိ လက်နတ်ချပေမယ့် ရခိုင်မှာ အောက်‌ခြေရဲဘော်ထိ အသေခံတိုက်တာ များပါတယ်။ ကျောက်တော်က (၅၃၉) တပ်ရင်းတခုတော့ လက်နတ် ချတာရှိပါတယ်။ဆိုတော့ မြေထက် ရေများတဲ့ရခိုင်‌ဒေသမှာ စစ်တွေကိုဘယ်လိုပဲ ကြည်း ၊ရေ၊ လေ ခုခံပါစေ‌ကြံကြံမခံနိုင်ပါဘူး။ဘာကြောင့်လည်း ဆိုရင် AA က မြောက်ပိုင်းတခွင်လုံးကို သိမ်းပိုက်မှာ မို့လို့ပါ။ AA ရဲ့ မဟာမိတ်ဆက်ဆံရေး ရက္ခိုင့်တပ်တော် AA က စစ်ရေးအရရန်သူကို အသာစီးရနိုင်ဖို့အတွက် မဟာမိတ်အခန်းကဏ္ဍတရပ် ကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။စစ်ပွဲအတွင်း တိုက်ခိုက်ရေးအတွက်လိုအပ်တဲ့ အထောက်အပံ့ဖြစ် တဲ့ စစ်သည် ၊ လက်နတ် ၊ စားနပ်ရိက္ခာတွေကို မဟာမိတ်တွေဆီက အကောင်းဆုံးရရှိခဲ့ ပါတယ်။စစ်ရေး နိုင်ငံရေးအတွက် မဟာမိတ်အဖြစ် TNLA ၊ MNDAA ၊ KIA ၊ UWSA ၊ KNU နှင့် NUG တို့နှင့်လည်း အချိတ်အဆတ်ကောင်းဖြင့် လုပ်ဆေင်နေတဲ့အပြင် နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ လက်နတ်ကိုင် အဖွဲ့တွေကိုလည်း AA က ကူညီပေးတာတွေလည်းရှိပါတယ်။AA ရဲ့ စစ်ရေးအရ ရန်သူကို အင်အားအသာစီး ရနိုင်မှုတို့ဟာ AA ရဲ ဖြန့်ကျန့်ထားနိုင်တဲ့ အင်အား ကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။AA ရဲ့ မဟာမိတ် တည်ဆောက်မှုဟာ မြန်မာနိုင်ငံအနှံမှာ တည်ရှိနေပါတယ် ရှမ်းမြောက်တခွင် ၊ ကရင် ၊ ကချင် ၊ စစ်ကိုင်း ၊ ချင်းတဲ့နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် (၁၀၂၇) စစ်ဆင်းရေးနှင့် တကွ စစ်မျက်နှာများစွာကို အဘက်ဘက်မှဖွင့်နိုင်ပြီး စကစမှအုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်စွာ မလည်ပတ်နိုင်ပဲ ရခိုင်ဘက်တွင်လည်း အထိနာနေတာကို တွေ့ရပါတယ်။ မဟာမိတ်ကို အကောင်းဆုံး တည်ဆောက်နိုင်တာမို့ ရခိုင်စစ်ပွဲမှာ AA အတွက် လက်နတ် ၊ ငွေ ၊ စားနပ်ရိက္ခာတွေ အဓိကရရှိနိုင်ပါတယ်။ ဒီလို မဟာမိတ်ရှိခြင်း ဟာလည်း ရန်သူကို ချေမှုန်းမယ့် AA အတွက် ခြေတလှမ်းပိုသာနိုင်ပါတယ်။ ပြည်သူ့နှင့် AA တသားတည်း ရက္ခိုင်တပ်တော် AA ဟာကျောက်ဖြူညီလာခံအပြီးမှာ ပြည်သူကိုပြင်းပြင်းထန်ထန်စည်းရုံးလာပါတယ်။ တနည်းအားဖြင့် ရက္ခိတလမ်းစဥ်ဆိုပြီးတော့ မြေပြင်နဲ့သတင်းတွေအဆုံး ရခိုင်ပြည်သူကိုလှုပ်နှိုး ခဲ့ပါတယ်။ ရက္ခိတလမ်းစဥ်အောက်မှာ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရခိုင်လူငယ်အများစုဟာ စုစည်းလာကြပါတယ်။ ထိုင်း ၊ မလေးရှား ၊ တရုတ် စတဲ့ ပြည်ပနိုင်ငံရောက်ရှိနေတဲ့ ရခိုင် လူငယ်တွေဟာ AA ရဲ့ ရက္ခိတလမ်းစဥ် အောက်မှာ နိုင်ရာတာဝန်ကိုထမ်းဆောင်ကြပါတယ်။ဒီလိုရက္ခိတလမ်းစဥ် ဖြင့်ချီတက်လာနေဆဲမှာပဲ နောက် ထပ် မက်လုံးတခုကို AA က ပြည်သူတွေကိုပေးပါတယ်။အဲ့တာကတော့ ရက္ခိတအိမ်မက်( Arakan Dream) ၂၀၂၀ ပါပဲ။ရခိုင်ပြည်သူတွေကို လွတ်လတ်တဲ့အာရက္ခနိုင်ငံတည်ဆောက်နိုင်ဖို့တွက် Arakan Dream ကို ပြည်သူတွေယုံကြည်ခဲ့ကြပါတယ်။နောက်ဆုံး ပြည်ထောင်စုထဲကမဟုတ်တဲ့ အာရက္ခနိုင်ငံတခုပေါ့လေ။ ဆိုတော့ ဒီလို AA ရဲ့နှိုးဆွမှုတွေက ရခိုင်ပြည်သူတွေထဲက လူငယ်တွေစိတ်ဓာတ်တက်ကြွလာပြီး လက်နတ်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ရခိုင်မှာ AA နဲ့ စစ်ကောင်စီတို့၏ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကြည်း ၊ ရေ ၊ လေ ခုခံကာကွယ်နေသည့်ကြား မှ AA ဟာ တမြို့ပြီးတမြို့သိမ်းပိုက်လာပါတယ်။ဆိုတော့ ဘာကြောင့်ဒီလို သိမ်းပိုက်နိုင်တာလည်း သုံးသပ်ရလျင် စစ်ကောင်စီကို ရခိုင်ပြည်သူတွေအလိုမရှိတော့ဘူး ရခိုင်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုအောက်က အသစ်အဆန်းတခုကို ရခိုင်ပြည်သူတွေလိုချင်လာကြတယ်။ ဒါဟာ သွေးကပြောလာတဲ့ စကားတွေလို့ဆိုရမလားပဲ။စစ်ပွဲတပွဲမှာ ပြည်သူကရပ်တည်တဲ့အဖွဲ့သာ လျင်နိုင်စမြဲပါ ကမ္ဘာမှာ ဥပမာတွေလည်းရှိပါတယ်။အမေရိကန်ဟာ ဗီယနမ်းကို ဘာကြောင့်စစ်မနိုင်ခဲ့တာလည်း ဆိုတာကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ပြည်သူဟာ AA နဲ့ တသားတည်း ရပ်တည်တာကြောင့် စစ်မြေပြင်မှာ သတင်းလက်ဦးရယူနိုင်ပြီး ရန်သူကို အပြီးသတ်ချေမှုန်းကာ တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်တာဟာလည်း AA ရဲ့ အောင်မြင်မှုထဲက တခုလို့ပြောရမှာပါ။ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအသွားအလာ ရက္ခိုင့်တပ်တော် AA ဟာ ‌အကယ်၍ မြောက်ပိုင်းတခွင်သိမ်းပိုင်နိုင်ပြီးဆိုရင် စကစနဲ့ နိုင်ငံရေးအရ စကားပြောလာနိုင်လားပေါ့လေ AA က ဖြစ်စေ စကစ ဖြစ်စေ တိုက်ရိုက်မလုပ်ရင်တောင်မှ တရုတ်ကြားခံ မှုဖြင့် ဆွေးနွေးမှုကို လုပ်လာနိုင်ပါတယ်။ဘာကြောင့်လည်းဆိုရင် ရခိုင်တောင်ပိုင်းဖြစ်တဲ့ ရမ်းဗြဲမြို့ကို သိမ်းထားတာဟာ စကစအတွက် ရခိုင်တောင်ပိုင်းကို သတိကြီးကြီးပေးထားတာပါ။ဆိုတော့ ကျောက်ဖြူလို ဒေါ်လာ ဘီလီယံချီတဲ့ စီးပွားရေဂွင်ကြီးကို စကစက လွယ်လွင့်တကူပေးမှာမဟုတ်ဘူး။တဘက်က ရခိုင် မြောက်ပိုင်းတခုလုံးကျသွားရင် တောင်ပိုင်းအတွက် စကစက ဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ပါ တယ်။ အဲ့တော့ ပြည်ထောင်စုထဲက ခွဲမထွက်ပဲ ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ အဆင့်အောက်က ဝ ပုံစံကဲ့သို့ အာရက္ခနိုင်ငံ တည်ဆောက်မယ်ဆိုတာ ရခိုင်မြောက်ပိုင်းတခု လည်းဖြစ်သွားနိုင်ပါတယ်။ ဆိုတော့ပြန်ပြီး ဆန်းစစ်ကြည့်မယ် ဆိုရင် ရခိုင်‌မြေပေါ်သို့ခြေချလာတဲ့အချိန် AA ရဲ့အစပိုင်းမှာတော့ နိုင်ငံရေးဆိုတာထက် စစ်ရေးကိုပိုပြီး တော့ပြင်ဆင်ခဲ့ တာတွေ့ရပါတယ်။ဒီလိုစစ်ရေးပြင်ဆင်တဲ့အပိုင်းမှာ ရခိုင်လူထုကိုအဓိက ပစ်မှတ်ထားပြီး စစ်အင်အားတည်ဆောက်နိုင်ဖို့အတွက် ကျောက်ဖြူညီလာခံမှ ဆင်းသက်လာတဲ့ ရက္ခိတလမ်းစဉ် ကိုင်စွဲပြီးတော့သွားတာကို တွေရတယ်ပေါ့လေ။ရက္ခိတလမ်းစဉ်ဆိုတာ ရခိုင်တမျိုးသား လုံး လွတ်‌မြောက်နိုင်တဲ့ သီးခြားရပ်တည်နိုင်မယ့် အိမ်မက်အဖြစ်ထင်မြင်ခဲ့ကြပါတယ်။ ရက္ခိတလမ်းစဉ် မှာ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် ဖက်ဒရေး ရှင်းပုံစံကို သွားတာမတွေ့ရပါဘူး။နောက်တချက် တဆင့်တက်လာတာက တော့ ၂၀၂၀ လောက်မှာ ရက္ခိတအိမ်မက် ( Arakan Dream) ပေါ့လေ။ ရခိုင်ပြည်သူလူထုကလည်း ရက္ခိတအိမ်မက်ဟာ ရခိုင်တို့၏အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းတခု အဖြစ်ရှုမြင်ခဲ့ကြပါတယ်။အတိတ်ရဲ့ သမိုင်းကို ပြန်လည်ပုံဖော်နိုင်မယ့် အခင်းအကျင်းပုံစံတခုနဲ့ AA ရဲ့နိုင်ငံရေးလမ်းကြောင်းဟာ ပြည်သူလူထုနဲ့ တသားတည်းဖြစ်ခဲ့ပါတယ်။သို့သော်လည်း ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာ AA ရဲ့ နိုင်ငံရေးရည်မှန်းချက် ပြောင်းလာပုံဟာ မသိမသာနဲ့ ပေါ်လွင်လာတာကို တွေ့ရ ပါတယ်။အဲ့တာကပြည်ထောင်စုက ခွဲမထွက်ဘူးဆိုတာပါပဲ။ULA /AA ဟာ ပြည်ထောင်စုက ခွဲထွက်မှာ မဟုတ်ဘူးဆိုတာကို ULA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင်ပြောလာသလို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ AA ရဲ့သတင်းစာရှင်းလင်း ပွဲမှာလည်း ဦးခိုင်သုခ ထပ်မံပြောကြားပါတယ်။ ရခိုင်တမျိုးသားလုံး လွတ်လပ်ရေးထက် ‌စစ်တပ်ဖိနှိပ်မှု အောက်က အလွှာအသီးသီးကို နိုင်းငံရေးတန်းတူမှုကိုရစေချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ BBC Interview မှာဖော်ပြထားခြင်းကို ကြည့်ချင်းအားဖြင့် AA ရဲ့နိုင်‌ငံရေး မျှော်မှန်းချက်တွေ ပြောင်းလဲလာမှုဟာ ခေတ်ရေစီးကြောင်းအလိုက်ရဲ့ ပြောင်းလဲလာမှုတခုလဲ ဖြစ်နိုင်ပါတယ်။ဆိုတော့ AA လိုချင်တဲ့ ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ အဆင့်ဟာ UWSA ကဲ့သို့ ကိုယ်ပိုင်စစ်တပ်၊အစိုးရဖွဲ့ပြီး ပြည်ထောင်စုထဲမှာ အတူတူဆတ်နေသွားမယ်လို့ ယူဆရပါတယ်။တဖက်ကတရုတ်နိုင်ငံနဲ့မြန်မာနယ်စပ်ကြားမှာ တည်ရှိနေတဲ့ UWSA ရဲ့ နိုင်ငံရေးတောင်းဆိုချက်ဟာ ဝ ပြည်နယ်ရရှိရေးဆိုတာထက် မပိုဘူးဆိုတာ အရင်တည်းက UWSA ရဲ့ တောင်းဆိုမှုတွေကိုကြည့်ရင် သိနိုင်ပါတယ်။သို့သော် AA ကတော့ပြည်နယ်အဆင့်ကို တော့ပြည်ထောင်စုက တောင်းဆိုမှာမဟုတ်ပါဘူး။နောက်တဖက်က ခွဲထွက်မယ်ဆိုရင်လည်း နိုင်ငံတကာနဲ့ အိမ်းနီးချင်း နိုင်ငံ တွေက ကြားချင်ကြမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေရှ့် သတင်းတခုနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကပြောထားတာရှိပါတယ်။နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်မယ်ဆိုရင် တရုတ်နိုင်ငံ တခုထောက်ခံချက် နဲ့မရနိုင်သလို ကမ္ဘာကုလသမဂ္ဂရဲ့ အသိအမှတ်ပြုဖို့လည်းလိုအပ်ပါတယ်။ နောက်တချက်ကဘာလဲဆိုရင် ‌မြောက်ပိုင်း (၃) ဖွဲ့ နဲ့စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲလိုက်ခြင်းပါပဲ။ သို့သော် သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အပစ်ရပ်ခြင်းဟာ ရှမ်းမြောက်ပဲဖြစ်တယ် ရခိုင်မပါဘူးပေါ့ ၊ ပြီးတော့ တဖွဲ့ချင်းစီအနေဖြင့်လည်း ဆွေး‌နွေးရမယ် ဆိုတဲ့အချက်တွေပါလို့ ပြောသွားတာကို တွေ့ရပါတယ်။ဆိုတော့ ပြည်ထောင်စုက ခွဲမထွက်ဘူးဆိုရင်တော့ သေချာပေါက်တော့ စစ်ကောင်စီနဲ့ ဆွေးနွေးရပါမယ်။အကယ်၍ အထက်မှာပြောသလိုပဲ ရက္ခိတလမ်းစဉ် တိုင်းသာသွားမယ် ဆိုရင် ဘာမှတော့ ဆွေးနွေးစရာရှိမှာမဟုတ်ဘူး ဆိုတာကို သုံးသပ်တင်ပြလိုက်ပါတယ်။

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...