Monday, October 17, 2022

ရခိုင်ပြည်မှ မြေစာပင်ပြည်သူများဘဝ

 

သေးဆုံးသူအမျိုးသမီးပုံ

အကြမ်းဖက်စစ်ကောင်စီက လူနေကျေးရွာများအထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ် ဖလောင်းပြင်ကျေရွာမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့်  ညီအစ်မနှစ်ဦးစလုံးမှာ နာရီ ခြားကာ တစ်ဦးပြီး တစ်ဦးသေဆုံးခဲ့သလို စာပြနေသည့် ကျောင်းဆရာမတစ်ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့သည်။  


ယခုသေဆုံးမှုသည် တစ်ရက်တည်းအတွင်း အပြစ်မဲ့ ရခိုင်အမျိုးသမီး ၃ ဦး အကြမ်းဖက် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ 


ဦးအေးရွှေမောင်၏ သမီးများဖြစ်ကြသည့် ညီအစ်မနှစ်ဦးတွင်  မလှဆန်းယဉ်(၂၃)နှစ်သည် ပေါက်တော ဆေးရုံသို့ ယူဆောင်ရာတွင် ညနေ ၃ နာရီခန့်တွင် သေဆုံးသွားခဲ့ပြီး ညီမဖြစ်သူ မဆန်းနွယ်စိုး (၁၀)နှစ်သည် ညနေ ၄ နာရီတွင် သစ်ပုတ်တောင် ဆေးခန်းတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။ 



ညီမဖြစ်သူ မဆန်းနွယ်စိုးမှာမူ သစ်ပုတ်တောင်ကျေးရွာဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း ယနေ့ညနေ လေးနာရီဝန်းကျင်က သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းအားဆေးခန်းသို့ လိုက်ပါ ပို့ဆောင်ခဲ့သူ ဆွေမျိုးတစ်ဦးကပြောသည်။


"သူက မျက်နာမှာရော၊ ခြေထောက်မှာရော ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။ သူမကို မျက်နှာတစ်ခုလုံး ပတ်တီးစည်းပြီးတော့ ဆေးထည့်ထားပေမဲ့ ဒဏ်ရာအရမ်းပြင်းထန်တဲ့ အတွက် ဘယ်လိုမှ သူမ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။  အစ်မဖြစ်သူ မလှဆန်းယဉ် သေပြီးနောက်  မကြာခင်မှာဘဲ ညီမ ဖြစ်သူလည်း သေဆုံးသွားပါတယ်။ တစ်ရွာလုံး ပူဆွေးသောက ရောက်ရတဲ့နေ့ပါ" ဟု ၎င်းက ပြောသည်။


ယနေ့ နေ့လယ် ၁၂နာရီ ခန့်တွင် မင်းပြားမြို့နယ် ဖုရားမတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးကျည်များကို ဖလောင်းပြင်ကျေးရွာထဲသို့  တမင်ရည်ရွယ်၍ ပစ်ခတ်ခဲ့သဖြင့်  ညီအစ်မ နှစ်ဦးဖြစ်ကြသည့် မလှဆန်းယဉ်နှင့် မခင်နွယ်စိုးတို့ နှစ်ဦး အပါအဝင်ဒေါ်ဦးမြစိန်(၆၅)တို့တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


“   လက်နက်ကြီးကျည်တွေ အရမ်းပြင်းပါတယ်။ စစ်တပ်က ပစ်တာပါ။ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ ကျွန်းသူကျွန်းသား နယ်သူ နယ်သားတွေ အကုန် သိပါတယ်။ တိုက်ပွဲဖြစ်ရင်  စစ်တပ်က ရွာတွေကို လက်နက်ကြီးနဲ့  အဝေးကနေ လှမ်းပစ်နေကျပါ။ သူတို့က ဒီလို ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်တာက လူမျိုးရေးအရလုပ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။



အဆိုပါသေဆုံးသွားခဲ့သည့် ညီအစ်မနှစ်ဦးစလုံးကို  သစ်ပုတ်တောင် ကျေးရွာတွင် သဂြိုလ်မည်ဟု သိရကြောင်း  အစ်မဖြစ်သူ မလှဆန်းယဉ်၏ အလောင်းကိုလည်း သစ်ပုတ်တောင်သို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည်။


"ကျမရဲ့ မောင်လေးနဲ့ လှဆန်းယဉ်က လင်မယားပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ ကျွန်မမောင်လေးက သမီးကို ဆိုင်ကယ်ပေါ်မှာ တင်ပြီးတော့ သစ်ပုတ်တောင်ကို လိုက်သွားပါတယ်။ သူ့ဇနီးသည်ကို အဲဒီမှာသဂြိုလ်မယ်လို့ပြောပါတယ်။  တူတူလိုက်ပါသွားတဲ့ သူတွေကပြောပါတယ်။ နှစ်နှစ်အရွယ်သမီး တစ်ယောက်ကျန်ခဲ့တာနဲ့  ကျွန်မမောင်လေး ဘယ်လိုဖြေသိမ့်ရမလဲမသိတော့ပါဘူး" ဟုပြောသည်။


ယနေ့ညနေသုံးနာရီခန့်က မင်းပြားမြို့နယ်၊ ထောင့်ချောင်းကျေးရွာ စာသင်ကျောင်းအဝနားတွင်လည်း လက်နက်ကြီးကျည်ကျ၍ အဆိုပါ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ကျောင်းဆရာမဒေါ်မမြစော ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


နောက်ထပ် ဖလောင်းပြင်ကျေးရွာမှ ဒဏ်ရာရသွားသူတစ်ဦးဖြစ်သည့် ဒေါ်ဦးညွန့်စိန်(၆၅)နှစ်ကိုလည်း  ပေါက်တောမြို့နယ် ဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။


အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်သည် အေအေနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သားများ အထိနာလျှင် အရပ်သားကျေးရွာများကို တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ လှမ်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။


ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က  ရက္ခိုင့်တပ်တော် (AA)နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စစ်သားအများအပြား သေဆုံးသွားပြီးနောက် မင်းပြား အခြေစိုက် တပ်ရင်းများက လူနေကျေးရွာများထဲကို တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။


ထိုသို့  ပစ်ခတ်မှုကြောင့် ဒေသခံ အပြစ်မဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့သည့် အပြင် အရပ်သား  (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။  


ယခုနှစ် သြဂုတ်လ (၂၈) ရက်နေ့ ညနေ ၅ နာရီခန့်တွင်လည်း မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို ၎င်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၇၇နှင့် ၅၄၀) တို့က ကျေးရွာအနီးတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများ ပစ်ခတ်သည့်အတွက် လက်နက်ကြီးကျည်ထိမှန်ကာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦးသေဆုံးပြီး (၉ ) ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သိရသည်။ 

Friday, August 19, 2022

ကော်ဘရာစစ်ကြောင်းနှင့် ANC/AA တို့၏ ပူးပေါင်းတိုက်ခိုက်မှု



အကြမ်းဖက်စစ်ကောင်စီ (မအလ) တပ်မှ ၂၀၂၂ ခုနှစ် ၊ သြဂုတ်လ ၊ ၁၉ ရက်နေ့ နံနက် (၃း၃၅) တွင် လေကြောင်းနှင့်အတူ တပ်မ ၄၄ လက်အောက်ခံ ခမရ(၁၀၂) တပ်ရင်းသည် မြဝတီ နှင့် ဝေါလေ လမ်းကြားရှိ ဘုရားကုန်း စခန်းအားသိမ်းပိုက်ရန်ကြိုးစားခဲ့ပြီး နှစ်ဘက်တိုက်ပွဲများ ပြင်ထန်ခဲ့ပါသည်။ မိမိတို့ ပူးပေါင်းတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNU/KNLA) ၊ ရခိုင်ပြည်တပ်မတော် (ANC/AA) နှင့် ကော်ဘရာ စစ်ကြောင်းမှ ထိခိုက်မှုများတစုံတရာမရှိ ခဲ့သည့်တိုင်အောင်စစ်ကောင်းစီတပ်မှ တပ်သားနှစ်ဦးအား အရှင်ဖမ်းမိခဲ့ပြီး လက်နတ်ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲပါသည်။

စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းနှစ်ဦး
ပုံစာ ။ ကော်ဘရာစစ်ကြောင်း page မှကူးယူသည်။

Tuesday, July 19, 2022

ANC/AA နှင့် ကော်ဘရာစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်မှု


ရခိုင်ပြည်တပ်မတော် (ANC/AA) ၊ ကော်ဘရာစစ်ကြောင်း ၊ KNU/KNLA နှင့် KNDO တို့ သည် ဇူလိုင်းလ ၊ ၁၂ ရက် ၊ နေ့လည် ၁၂ နာရီခန့်တွင် မြဝတီ - ဝေါလေ လမ်းကြားသို့ ထိုးစစ်ဆင်လာသည့် တပ်မ (၄၄) လက်အောက် ခံ ခလရ (၈) စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွါးကာ စစ်ကောင်စီဘက်မှ သေဆုံးမှုများနှင့် လက်နတ် ခဲယမ်းများကို မဟာမိတ်တပ်ပေါင်းစုမှ သိမ်းဆည်းရမိခဲ့ပါသည်။

"မည်သည့်နယ်မြေ၊ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့မဆို၊ မည်သည့် ဒီမိုကရေစီ အင်အားစုနဲ့မဆို ကျွန်တော်တို့ဟာ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ ရန်သူကို လက်နက်ကိုင် တိုက်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက်တူရင် ဘယ်သူနဲ့မဆို လက်တွဲသွားမယ်။ ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းနဲ့  လက်တွဲတိုက်ပွဲဝင်တဲ့ သဘောပေါ့လေ"ဟု ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မင်းထွန်းမှ ပြောသည်။

https://www.youtube.com/watch?v=0XN4dAKwGZM 



Tuesday, July 5, 2022

ရခိုင်စစ်မီးပြန်တောက်လာနိုင်သလား


ကျဆုံးသွားသည့် ရဲဘော် (၆) ဦးပုံ

          ပြီးခဲ့သည့် ရက်ပိုင်တွေက ရခိုင်ပြည်မှာ စစ်ကောင်းစီနှင့် ရက္ခိုင့်တပ်တော်တို့ အပြန်အလှန် လူဖမ်းကြတာ တွေကို ကြားလိုက်ရပါတယ်။ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၀ ခုနှစ်လောက်က အပြန်အလှန်နားလည်မှုဖြင့် အပစ်ရပ်စဲနိုင်ခဲ့ပြီးနောက် ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်ဘက်မှ နယ်မြေစိုးမိုးရေးတွင် အုပ်ချုပ်ရေးနှင့် တရားစီရင် ရေး ပိုင်းများကို အရှိန်ဟုန်ပြင်းစွာဖြင့် လုပ်ဆောင်လာခဲ့ပြီး ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဘက်တွင်ဆိုလျင် အများအား ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။ရက္ခိုင်တပ်တော်၏ စစ်သည်အင်အားများမှာလဲ ထောင်ဂဏာန်းထိရှိလာပြီး ရခိုင် ပြည်တွင်း အခြေချစခန်းများနှင့်လဲတည်ရှိနေပြီးဖြစ်ပါသည်။

ထိုမှ တဆင့် ရက္ခိုင်တပ်တော်သည် ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေကိုလဲ အုပ်ချုပ်ရေးပိုင်းတွင် စိုးမိုးလာနိုင် ရေးကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ပါ၍ ရက္ခိုင်တပ်တော် တပ်မှူးချပ်ကလဲ ပြီးခဲ့သည့် ရက်အနည်းငယ်ကြာက လူမှုကွန်ရက်စာမျက်နှာ တခုဖြစ်သည့် တွစ်တာပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ အမ်းတိုင်းမှူး ဗိုလ်မှူးချုပ် ထင်လတ်ဦးအား စိန်ခေါ်သည့်ပုံစံမျိုးရေးသားခဲ့သည်။

သို့နှင့်တဆက်တည်းမှာ ရခိုင်ပြည်တွင်းရှိ စစ်ကောင်းစီ တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးခြင်းများပြုလုပ်ခဲ့နောက်တွင် စစ်ကောင်စီဖက်မှ ဇွန်လ ၁၃ ရက် နေ့တုန်းက ကျောက်ဖြူမြို့ ၊ သံဇစ်မြစ်မှာ ရေငုတ်သင်္ဘောကိုတောင်မှ ထုတ်ပြခဲ့တယ်။

ဆေးကုသမှုခံယူနေခြင်း

ရခိုင်ပြည်တွင်း ၊ ရက္ခိုင်တပ်တော်မှ  အွန်လှိုင်းပေါ်မှတဆင့် စိန်ခေါ်ခြင်း ၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီမှ ရခိုင်ပြည်တွင်း သွားလာရေး ကုန်းကြောင်း‌ ၊ ရေကြောင်းလမ်းများကို ပိတ်ဆို့တင်းကျပ်မှုများ ပြုလုပ် လာတာ အားလုံးအမြင်ပဲဖြစ်မှာပါ။ဒီဟာတွေ မတိုင်တုန်းက စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရခိုင်ပြည်သူတွေကို ငဲ့ကွပ်နေရလို့ဆိုပြီးတော့ ခြိမ်းခြောက်တဲ့သဘောကိုပြောသွားတာလဲ ရှိပါတယ်။ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များကိုလဲ စစ်ကောင်းစီမှ စစ်တွေမြို့အဝင်အထွက် များကိုအင်အားအလုံးအရင် နဲ့ ပိတ်ဆို့ ပြီး ဖမ်းဆီးခြင်းတွေပြုလုပ်လာတယ်။စစ်တွေမြို့ကို ရက္ခိုင့်တပ်တော်ဘက်မှ ထိန်းချုပ်သွားမည်မှာ မလွယ်ကူသော်လဲ နေရာအနှံ့အပြားမှာ စိမ့်ဝင်နေပြီးဖြစ်ပါတယ်။

ရခိုင်ပြည်တွင်းမှာ စစ်ရေးတင်းမာမှုက သိပ်မတွေ့ရပဲ တနည်းအားဖြင့်ပြောရရင် အွန်လှိုင်းတိုက်ပွဲများသာ ဆင်နွဲ နေပုံရသည်။သို့သော်လဲ မထင်မှတ်ပဲ စစ်ကောင်စီဘက်မှ ထိုင်း - မြန်မာနယ်စပ် သံလွင်မြစ်ကမ်း နားမှာ တည်ရှိတဲ့ KUN/KNLA တပ်မဟာ(၅) နယ်မြေရှိ ရက္ခိုင်တပ်တော် စခန်းကို ဇူလိုင်လ (၄) ရက်နေ့ ၊ နေ့ခင်း ဘက်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုင်တာ (၂) စီးနှင့် တိုက်ခိုက်သွားခြင်းကြောင့် ရက္ခိုင့်တပ်တော်ဘက်မှ အကျအဆုံးများတယ်လို့ သတင်းကြားရပါတယ်။ဆိုတော့ ဒီလိုလုပ်ရပ်တွေဟာ လွန်ခဲ့သည့် ၂၀၁၄ တုန်းကလဲ KIA လိုင်ဇာ မှာ ဗိုလ်လောင်း သင်တန်းတက်နေတဲ့ တိုင်းရင်းသားများ၏ သင်တန်းကွင်းကို စစ်ကောင်စီမှဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ရက္ခိုင့် တပ်တော်ဘက်မှ ဗိုလ်လောင်း (၈) ဦးကျဆုံးသွားပါတယ်။

ယခုလက်ရှိချိန်မှာတော့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကတော့ ပြန်ပြီးတော့ လက်တုန့်ပြန်သွားမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းချပြသွားတယ်။

ပြည်သူလူထုတွေလဲ ရခိုင်တွင်စစ်မီးများပြန်လည်တောက်လောင်လာမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဖြစ်နေကြ တယ်။က


                                                              စောမြတ်သွီး ရေးသားသည်။


Friday, July 1, 2022

ပဋိပက္ခအသွင်မှ ငြိမ်းချမ်း​ရေးဆီသို့



ကျွန်တော်တို့ လူရယ်လို့မွေးဖွားလာပြီးဆိုရင် လူ့ဂုဏ်သိက္ခာအညီနေထိုင်နိုင်ဖို့အတွက် လူ့အသိုင်းအဝိုင်းမှာသင့်တင့်လျောက် ပတ်အောင် နေထိုင်နိုင်ဖို့အတွက် လူ့ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းရပါတယ်။လူ့အသိုင်းအဝိုင်းဆိုတာ မတူကွဲပြားတဲ့ ရောင်စုံကာလာများနဲ့ဖွဲ့စည်းထားတာမို့ မတူညီတဲ့အကြောင်းအရာတွေများစွာရှိတက်ပါတယ်။ဒါပေမယ့် မတူကွဲပြားတာက ပြသာနာမဟုတ်ပါဘူး မတူကွဲပြားခြင်းကို ခွဲခြားဆက်ဆံလိုက်မယ်ဆိုရင်တော့ ပြသာနာဖြစ်သွားပါပြီ အဲ့တော့မတူညီတဲ့ လူ့အသိုင်းအဝိုင်း တွေမှာလွတ်လပ်စွာရှင်သန်နိုင်ဖို့ ၊ လွတ်လပ်စွာတွေးခေါ်နိုင်ဖို့တွက် လွတ်လပ်တဲ့လူ့ အဖွဲ့အစည်းတွေရှိဖို့ လိုပါတယ်။ မတူညီ တဲ့အသိုင်းအဝိုင်းတွေနဲ့အတူ ကျွန်တော်တို့က ကမ္ဘာကြီးကိုလှပအောင်ဖန်တီးနိုင်ဖို့တွက် အရည်အချင်း တွေဆိုတာလဲ လိုလာပါတယ်။ဘာကြောင့်လိုအပ်သလဲဆိုရင် မတူညီတဲ့နေရာတွေမှာ ပြသာနာဆိုတာဖြစ်ပေါ် တက်ပါတယ် တနည်းအားဖြင့် ဆိုရင်တော့ပဋိပက္ခပေ့ါ။ဒီပဋိပက္ခတွေကိုဆိုတာလဲ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသမရွေး ဖြစ်တက်ပါ တယ်။

ပဋိပက္ခတခုဖြစ်လာပြီးဆိုလို့ရှိရင်လဲ ဘယ်လိုအကြောင်းတရာတွေက ပဋိပက္ခအသွင်းကိုဖြစ်စေတာလဲဆိုတာ ဆန်းစစ်ဖို့လိုလာပါ တယ်။ပဋိပက္ခဆိုတာ အမှိုက်ကအစ ပြာသာဒ်မီးလောင်ဆိုသလို တဖြည်းဖြည်းနဲ့တိုက်စားလာတက်ပါတယ်။ဒါကြောင့် ပဋိပက္ခ ဖြစ်စေနိုင်တဲ့ အခြေခံချက် (၃) ချက်ရှိပါတယ် -

၁။ပဋိပက္ခကိုဖြစ်စေနိုင်တဲ့အခြေခံအကြောင်းတရား

ကျွန်တော်တို့ ပဋိပက္ခတခုကို ပထမဦးဆုံးဖြစ်စေနိုင်တာကတော့ လူသားတယောက်တဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေ ကြောင့်ပါပဲ လူတယောက်ဟာ မွေးဖွားလာတာနဲအမျှ လူ့ဂုဏ်သိက္ခာနဲ့အညီ ဝတ်စားဆင်ယင်မှုတွေ၊ ဝမ်းဝအောင် ဖြည့်တင်း နိုင်မှုတွေ နှင့် နေထိုင်စရာအခင်းအကျင်းလေးတွေက လိုအပ်လာပါတယ်။လူသားတယောက်ဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ တွက် စားဖို့၊ ဝတ်ဖို့ ၊ နေထိုင်ဖို့တွက် ရုန်းကန်ရပါလိမ့်မယ်။ဒီလိုမျိုး ရုန်းကန်နေတဲ့အချိန်တွေမှာ အဆင်မပြေမှုတွေဖြစ်လာ မယ်ဆိုရင် တောင်းလာမယ် ၊ တောင်းလို့မရရင် ခိုးလာမယ်၊ ခိုးလိုမရရင် လုလာမယ်၊ ဓါးမြတိုက်လာမယ် နောက်ဆုံး အုပ်စုဖွဲ့ ပြီးအနိုင်ကျင့်မှုတွေ ဖြစ်လာမယ်လူ့ကျင့်ဝတ်တွေကို ဖောက်ဖျတ်လာမယ် ဒါတွေဟာ ပြသာနာတွေဖြစ်လာဖို့တွက် အခြေခံ အကြောင်းတရားတွေပဲဖြစ်တယ်။

အဲ့ဒီနောက် ထပ်မံဖြစ်ပွားနိုင်တဲ့အချိန်တွေက အာဏာကိုအလွဲသုံးလုပ်ကြတဲ့အချိန်တွေ၊ နိုင်ငံတခု၏တည်ဆောက်ဆဲကာလ တွေမှာဆိုရင် ပိုပြီးတော့ကို လူ့အခွင့်အရေးချိုးမှုတွေက များတက်ပါတယ်။ အာဏာကိုအလွဲသုံးစားလုပ်လာကြပြီးဆိုရင် တရားဥပဒေဆိုတာလဲ ကင်းမဲ့လာပါတယ်။တရားဥပဒေ ကင်းမဲ့လာပြီဆိုလို့ရှိရင်လဲ အုပ်ချုပ်ရေးတခု၏ အထက်/ အောက် တွေက တကိုယ်တော် အကျိုးစီးပွားတွေကို လုပ်ဆောင်လာတက်ကြပြီး အရမ်းကိုမတရားမှုပြုလုပ်လာတက်ကြပါတယ် ဆိုတော့ တယောက်ကိုတယောက် တစုကို တစု မတရားလွှမ်းမိုးလာပြီဆိုရင် သေချာတယ် ပဋိပက္ခဖြစ်လာဖို့တွက် အခွင့်အရေး ကပိုပြီးလာပါတယ်။

ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်လဲ ၊ ဘာသာရေးခွဲခြားကြောင့် ခရုဆိတ်စစ်ပွဲလိုမျိုးဖြစ်သွားတာ တွေရှိသလို ၊ လူမျိုးရေးခွဲခြားကြောင့် တောင်အာဖရိကလိုမျိုးစစ်ပွဲတွေ ၊ ဖိနှိပ်မှုတွေကြောင့်ဖြစ်လာတဲ့ မြန်မာနိုင်ငံလို ပြည်တွင်း စစ်တွေက ဒီနေ့ချိန်ထိ မြင်တွေ့နေရတုန်းပါပဲ။ သဘာဝအရင်းအမြစ်တွေနဲ့ သူတပါးနယ်မြေ တွေကို လောဘ ရမ္မမီးတွေကြောင့် ပ/ဒု ကမ္ဘာစစ်ပွဲလိုမျိုးတွေဟာလဲ ကျွန်တော်တို့တွက် သင်ခန်းယူရမယ့်အချက်တွေပါပဲ။ဒီလို ပဋိပက္ခတွေ ကြောင့် လူသန်းပေါင်းများစွာ အပြစ်မဲ့စွာနဲ့ လူသားမဆန်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်။ဒါတွေကို မမြင်နိုင်ဘူးဆိုရင်တော့ သေချာတယ် ငြိမ်းချမ်းရေးဟာ ဘယ်တော့မှဖြစ်လာမဟုတ်ပါဘူး။

၂။ပဋိပက္ခတွေကြောင့်ဘာအကျိုးဆက်တွေ ဖြစ်လာလဲ

ဒီလိုပဋိပက္ခတွေဖြစ်လာပြီးဆိုရင် အများအားဖြင့်တော့ ဆိုးကျိုးတွေကအတော်များပါတယ်။ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင် မှာ ဆိုလို့ရှိရင် ဆိုဗီးယက်ပြည်ထောင်စုထဲက နိုင်ငံငယ်လေးတွေက ကွဲထွက်သွားခဲ့တယ်။မြန်မာနိုင်ငံမှာဆိုရင်လဲ နိုင်ငံရေးပဋိပက္ခ တွေကြောင့် စစ်ပွဲဖြစ်လာတယ် စစ်ပွဲဖြစ်တွေကြောင့် အသက်ပေါင်းများစွာဆုံးရှုံးရတယ် အိုးမဲ့၊အိမ်မဲ့တွေဖြစ်လာရတယ်။ အပြစ်ရှိလို့ အပြစ်ဒဏ်ခံရတာမျိုးမဟုတ်တော့ပဲ အပြစ်ရှိပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အသက်တွေကို ပိုးမွှားတကောင် ကဲ့သို့ အလွယ်လေးကို သတ်ဖြတ်နေကြတာတွေ ရှိလာပါတယ်။ဒါတွေကိုက ပဋိပက္ခတွေကြားက အပြစ်မဲ့သူတွေရဲ့ မြေစာပင် ဘဝတွေပါပဲ။နောက်ပြီးတော့ စစ်ပွဲတွေဖြစ်လာပြီဆိုလို့ရှိရင်လဲ ထိုနိုင်ငံရဲ့စီးပွားရေး ၊ လူမှုရေး၊ ယဉ်ကျေးမှုတွေ၊ ဖွံဖြိုး တိုးတက်မှုတွေက အစကျဆင်းသွားပါတယ်။ အဲ့တော့ လူတွေဟာ ဆင်းရဲခြင်းဆိုတဲ့ ဒဏ်တွေကိုခါးစီးပြီးတော့ ခံစားရပါတယ်။ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ဒဏ်ရာတွေနဲ့ ကျန်ရှိနေပါ တယ်။ဒါတွေကိုဘယ်သူ တွေက တာဝန်ယူ ဖြေရှင်းမှာလဲ ဘယ်သူတွေက တာဝန်ခံမှာလဲ။တာဝန်ယူတယ်ဆိုရင် တာဝန်ခံမှု တော့ရှိရမှာဖြစ်ပါတယ်။

၃။ဒီပဋိပက္ခတွေဖြစ်လာအောင် ဘယ်သူတွေက ဖန်တီးတာလဲ

ပြသာနာတခုဖြစ်လာပြီးဆိုရင် အဲ့ဒီပြသာနာတွေကို ဖန်တီးတဲ့သူတွေဆိုတာလဲ ရှိလာပါတယ်။ပဋိပက္ခတခုဖြစ်လာဖို့တွက်က မီးလောင်ရာ လေ့ပင်ဆိုသလိုအားပေးအားမြှောက် ပြုတဲ့သူတွေရှိပါတယ်။တနည်းအားဖြင့်တော့ မြန်မာစစ်တပ်ကို အရေးယူနိုင်ဖို့တွက် ကမ္ဘာနိုင်ငံတွေက ဘယ်လောက်ပဲပြောနေပါစေ တရုတ်လို ဗီတိုအာဏာရှိတဲ့ နိုင်ငံနှင့် ရုရားလို ဗီတို အာဏာ ရှိတဲ့နိုင်ငံတွေက ကန့်ကွပ်နေမယ်ဆိုရင် ဒါက မြန်မာစစ်တပ်ကို ထပ်ပြီးလူသတ်ခိုင်နေတာနဲ့တူတူပါပဲ။နောက်ပြီးတော့ အစွန်းရောက်တဲ့သူတွေပေါ့ အမျိုးသားရေးတခုကို ဖော်ဆောင်ဖို့တွက် တည်ဆောက်ဆဲကာလမှာ အစွန်းရောက်တဲ့ဝါဒတွေကို ကျင့်သုံးနေမယ်ဆိုရင် ဥပမာ - ငါနဲ့မတူ ငါ့ရန်သူ ပုံစံမျိုးတွေကျင့်သုံးနေမယ်ဆိုရင် ဒါဟာ ပဋိက္ခကို အသက်ရှည်စေမယ့် လမ်းကြောင်းတွေဖြစ်သွားနိုင်ပါတယ်။တဆတ်တည်းမှာပါပဲ မိသားစုတစုဖြစ်စေ၊ အဖွဲ့အစည်းတခုဖြစ်စေ ၊ နိုင်ငံတခုပင်ဖြစ် စေ၊ အုပ်ချုပ်သူတွေက ညံ့ဖျင်းနေမယ်ဆိုရင်လဲ ဒါကပဋိပက္ခအသွင်းကို ဆောင်ကျဉ်းသွားပါလိမ့်မယ်။

ဒါကြောင့် ဒီလိုပဋိပက္ခတွေမဖြစ်လာအောင် ဘယ်လိုတားဆီးရမလဲဆိုတာ ဘယ်အပိုင်းကိုအရင်ဆုံးပြုပြင်ရမလဲဆိုတာ ကျွန်တော်တို့လူ့ အဖွဲ့အစည်းတွေမှာ ကောင်းမွန်တဲ့ စဉ်းစားချက်တွေရှိဖို့လိုပါတယ်။ကျွန်တော်တို့က လူတယောက်ရဲ့ အသက် ဆိုတာ လမ်းဘေးမှာရောင်းနေတဲ့ ကင်းစွန်း၊ဟင်းရွက်တွေရောင်းသလိုမျိုး ဝယ်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။အဲ့တာကြောင့် ဒီပဋိပက္ခအသွင်ကနေ ငြိမ်းချမ်းရေးအသွင်းကိုပြောင်းလာပြီး အမျိုးသားစီးပွားပြန်လည်ထွန်းကားလိုဖို့လိုပါမယ်။ဒါမှလဲ လူတ ဦးချင်းစီဟာ လွတ်လပ်စွာအသက်ရှင်ရပ်တည်နိုင်မယ်၊ လွတ်လပ်စွာတွေးခေါ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် စိုးရိမ်ကြောင်းကြ မှုကင်းစွာဖြင့် လူသားတို့၏ဘဝရပ်တည်နိုင်မှသာလျင် ကမ္ဘာကြီးကိုအလှဆင်နိုင်မှာလဲဖြစ်ပါတယ်။

                                                                                                စောမြတ်သွီး ရေးသည်။

 


ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...