Wednesday, July 31, 2024

တရုတ်ဩဇာနဲ့ ဝ တို့ခြေလှမ်း ဘယ်ထိဆက်မလဲ

 


စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ရှမ်းမြောက်မှာ တိုက်ပွဲပြင်းနေချိန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက ဇူလိုင်၊ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဝ ပြည်အနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ အကျိုးစီးပွားကိုရှေ့ထားကြောင်း၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်သင့်ကြောင်း၊ ဝ အနေနဲ့ မည်သည့်ဘက်မှ မလိုက်ကြောင်း၊ နိုင်ငံတော် ပြိုကွဲတော့မည်ဖြစ်ကြောင်း စသည်ဖြင့် ထုတ်ပြန်ချက်ထဲမှာ ပါရှိတယ်ပေါ့လေ။ ရှမ်းမြောက်မှာ ၁၀၂၇ ဒုတိယပိုင်း ပြန်လည်း စတင်လာချိန် MNDAA ကလားရှိုးကို သိမ်းပိုက်လိုက်ပြီးနောက် UWSA ဝ တပ်ဖွဲ့က လားရှိုးကို ဝင်ရောက်လာပါတယ်။ အဲ့မတိုင်ခင် တန့်ယန်မြို့ကိုလည်း UWSA ဝ တပ်ဖွဲ့က ဝင်ရောက်နေရာ ယူတာတွေရှိပါတယ်။ 

 ပထမ ၁၀၂၇ စစ်ဆင်ရေးတုန်းက ဟိုပန်းနဲ့ ပင်လုံကို MNDAA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် UWSA ဝ တပ်ဖွဲ့ကို လွှဲပေးလိုက်ပါတယ်။ အခုလည်း ဒီနည်းလားဆိုတာ မသေးကွဲပါဘူး။ ဒါပေမယ့် သေချာတာတခုကတော့ UWSA ဝ တပ်ဖွဲ့ဟာ ဆိုရင် ရှမ်းမြောက်ကတိုက်ပွဲတွေမှာ အများကြီး ကူညီပံ့ပိုးပေးခဲ့တာ ရှိပါတယ်။ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်တချို့ဖွဲ့စည်းထားတဲ့ FPNCC မှာဆိုလို့ရှိရင်လည်း UWSA ဝ တပ်ဖွဲ့ဟာ ခေါင်းကိုင် ကြီးဖြစ်နေ ပါတယ်။ ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေက စစ်အင်အား‌တွေပူး‌ပေါင်းပြီး မြို့တွေကိုသိမ်းတယ် UWSA ဝ က နေရာ လေးအသာယူ လိုက်တယ်။ ဆိုတော့ ဒီကြားထဲမှာ သူတို့ရဲ့ အပေးအယူတခုခုက ဘာလည်းဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ MNDAA က တိုက် ပေးတယ် ဝ ကထိုင်ခုံလေးအသာလာချလိုက်တယ်ဆိုတော့ MNDAA မှာလည်း ရည်ရွယ်ချက် တခုတော့ ရှိမှာပါ ရှမ်းမြောက်မှာ စစ်ကောင်စီကင်းစင်သွားရင် နယ်မြေခွဲဝေတဲ့အခါမှာ MNDAA က အခုကတည်းက ဝ ကို လာဘ်ထိုးထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီက UWSA ဝ တပ်ဖွဲ့ကို တိုက်ပွဲတွေမှာ မကူညီဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ ကလည်း UWSA ဝ ကို အခုချိန်မှာ နိုင်ငံရေးကစားနိုင်လောက်တဲ့ အဆင့်ထိမရှိပါဘူး။ UWSA ဝ ရဲ့ နောက်မှာ တရုတ် ခေါင်းကိုင်ဖခင်ကြီးရှိနေတာဆိုတော့ စစ်ကောင်စီက အောက်ကနေဝင်ရမယ့် အဆင့်ပါ။ UWSA ဝ နဲ့ MNDAA တို့ကြား အပေးအယူ ရှိနေသလို စစ်ကောင်စီနဲ့ UWSA ဝ တို့ကြားမှာလည်း ညှိနှိုင်းတာတွေ ရှိပါတယ်။ ဥပမာ - တန်းယန်မြို့ကို MNDAA လက်အောက်ကို မကျရောက်အောင် UWSA ဝ တပ်ကို ကြိုတင်နေရာ ယူခိုင်း တာမျိုး၊ မိုင်းရယ်မြို့ကို SSPP တပ်တွေ ဝင်ရောက်နေရာယူတာတွေ ဒါတွေက စစ်ကောင်စီရဲ့ အပေးအယူတွေ ဖြစ်ဖို့များပါတယ်။ စစ်ကောင်စီက အခုချိန်မှာ ဘေးကြပ်နံကျပ်ဖြစ်နေတဲ့အချိန်ပေါ့လေ။ UWSA ဝ တပ်ဖွဲ့ကို ထိုး ကျွေးနေပြီးတော့ ရှမ်းမြောက်မှာတိုက်နေတဲ့ အဖွဲ့တွေကို ထိန်းချုပ်ဖို့ ကြိုးစားခိုင်းပုံရပါတယ်။ 

မြောက်ပိုင်းမှာ ရှိတဲ့ လက်နက်ကိုင်တပ်တွေကိုသာ UWSA ဝ ကကိုင်နိုင်ပြီးဆိုရင် တရုတ်ရဲ့ ဩဇာကတော့ ဒီနေ့ သို့မဟုတ် မနက်ဖြန် ကျရောက်လာမှာပဲ။ စစ်ကောင်စီကို ကြိုးကိုင်နိုင်ဖို့ တရုတ်က ကြိုးစားနေတာ အခုတော့ ဂျက်ခေါင်းကို တွေ့တော့တာပါပဲ။ တရုတ်က မြန်မာနိုင်ငံမငြိမ်သက်လေ ပိုကြိုက်လေပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားလေ ပိုကြိုက်လေပါပဲ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့လေ။ မြန်မာနိုင်ငံကို တရုတ် ဩဇာအောက်မှာ ဖြစ်လာအောင် ကြိုးပမ်းလာတာအခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်က အရင်တုန်းကဆိုရင် စစ်တပ်လောက်ကိုပဲ ဆက်ဆံတာတွေ့ရတယ်။ ဒါပေမယ့် အခု ၂၀၁၀ နောက်ပိုင်းကစလို့ တရုတ်ဟာ တိုင်းရင်းသားတွေကိုပါ ကစားလာတာတွေ့ရပါတယ်။ 

စစ်ကောင်စီလည်း မြောက်ပိုင်းတိုက်ပွဲတွေကြောင့် တော်တော်လေးကို အကျပ်ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲဟာ ဒီလောက်တင်မပြီးသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်လိုချင်တဲ့အရာတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေ ပါတယ်။ တရုတ်က မြန်မာနိုင်ငံကို “မြွေမသေ တုတ်မကျိုး” လုပ်ထားပြီး ဩဇာခံမဖြစ်ဖြစ်အောင် လုပ်‌နေပါ တယ်။ အခုလပိုင်းတွေအတွင်းမှာလည်း တရုတ်နဲ့ စစ်ကောင်စီ အပေးအယူတွေ လုပ်လာနေတာကိုလည်း တွေ့ရပါတယ်။ လားရှိုးမကျခင်အချိန်ထိပေါ့။ တရုတ်က သိန်းစိန်ကိုခေါ်လိုက်၊ စိုးဝင်းခေါ်လိုက်နဲ့ အမိန့်တွေ ပေးလိုက် ညွန်ကြားချက်တွေပေးလိုက်နဲ့သိပ်မကြာဘူး ကျောက်ဖြူက သဘာဝဓာတ်ငွေ့အတွက် တင်ဒါကို တရုတ် ကရသွားပါလေရော၊ နောက်ထပ် ဘာလုပ်သေးလဲဆိုတော့ မြစ်ဆုံစီမံကိန်းကို လုပ်ဖို့ စစ်ကောင်စီနိုင်ငံခြား ဝန်ကြီး သန်းဆွေကိုခေါ်ပါလေရော ဒီလိုနဲ့ စစ်ကောင်စီက ရှိတာအကုန် ချပေးနေရတော့တယ်။ ဒီလို ချပေးနေတဲ့ ကြားက လားရှိုးအသိမ်းခံလိုက်ရတယ်ပေါ့လေ။ မိုးကုတ်လည်း ပါသွားပုံရတယ်။ တရုတ်က ဒီတခါ စစ်ကောင်စီကို ပဲ ကိုင်ဖို့ကြိုးစားနေတာ မဟုတ်ဘူး၊ တော်လှန်ရေးလက်နက်ကိုင်တွေကိုပါ ကိုင်ဖို့ကြိုးစားနေတာ ဖြစ်တယ်။ တရုတ်က နောက်ကွယ်က လက်မဲကြီးလုပ်နေတဲ့အချိန်မှာ တော်လှန်ရေးတပ်တွေအနေနဲ့ ကိုယ်နေရာကိုယ် ရထားလိုက်မယ်ဆိုရင်တော့ သူတို့အတွက်ဆိုတော့ မဆိုးဘူး။ ဒါပေမယ့် တရုတ်က နှစ်ဖက်ခွထိုင်ဖို့ ကြိုးစားနေ တယ်ဆိုတာ မြင်သာလာပါတယ်။

 တရုတ်ကတော့ ရွှေမြန်မာကို ဗလူးဆိုင်းတီးပြီး ရုပ်သေးပဲကရမလား၊ မောင်ရွှေရိုးပဲ ကခိုင်းမလားဆိုတာ ကျွန်တော်တို့ပြောနေစကားအတိုင်းပဲ ဗမာဇာတ်ကားဆိုရင် “ဇာတ်သိမ်းကြည့်စရာမလိုဘူး၊ အစကြည်ရုံနဲ့ တန်းသိတယ်” လို့ပဲ ပြောရမလားပဲ။ စစ်ကောင်စီက အခုချိန်မှာ က ရမယ်ဆိုရင်လည်း က မယ်၊ ပေးရမယ် ဆိုရင် လည်းပေးတယ် အဓိကတရုတ်ဖိအားနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရေချိန်တွေ၊ ကြွေးကြော်သံတွေ နိမ့်ကျသွား က အဓိက ဖြစ်တယ်။ ဒီလို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရေချိန်တွေ လျော့သွားမယ်ဆိုရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်လည်း ဖြစ်လာနိုင်တယ်။ ဥပမာ - တိုင်းရင်းသားတွေက ပြောင်ပြောင်တင်းတင်း ခွဲမထွက် ပါဘူးလို့ အာမခံပေးသလိုမျိုးပေါ့။ အဲ့ဒါဆို စစ်ကောင်စီအတွက်လည်း ပိုပြီးနေသာထိုင်သာဖြစ်ပြီး စစ်ရေးအရ ရှုံး ပေမယ့် အနိုင်ငံရေးအရတော့ ထွက်ပေါက်ဖြစ်လာနိုင်တာပေါ့။ 

 ဆိုတော့ တရုတ်ခေါင်းဆောင် တိန်းရှောင်ဖိန်ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ကြောင်က ဖြူတာပဲ ဖြစ်ဖြစ်၊ မဲတာပဲ ဖြစ်ဖြစ် အဓိက ကြွက်ကို ခုတ်တက်ဖို့ပဲလိုတယ်။ တရုတ်က သူ့အကျိုးစီးပွားအတွက် အလုပ်ဖြစ်မယ် ထင်ရင် မဟာဗျူဟာကျကျတော့ ရအောင်လုပ်မှာပဲ။ အဲ့ထဲမှာ ကြွက်ကိုခုတ်ပေးနိုင်တဲ့ အဖွဲ့တွေကတော့ ပါသွား မှာကတော့ ဗေဒင်တွက်ရင်တောင် ဆန်ကုန်နေအုံးမယ်။ တရုတ်နဲ့ပေါင်းကို ယုံလို့ပုံအပ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံ တောင် တော်သေးတယ် နိုင်ငံကိုရောင်းပြီး အကြွေးမဆပ်လိုက်ရတာကံကောင်းပါပဲ။

Tuesday, July 23, 2024

ဘင်္ဂလားဒေရှ့် ဆန္ဒပြမှု ပြင်းထန်နေ

 

ဘင်္ဂလားဒေရှ့် ဆန္ဒပြမှု ပြင်းထန်နေ

၂၀၂၄ ခုနှစ်၊ ဇူလိုင်၊ ၂၄ ရက်

ဘင်္ဂလာဒေရှ့်ကျောင်းသားများ ဆန္ဒပြနေပုံ


ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအလုပ်အကိုင်ခွဲတမ်းစနစ်ကို ဆန္ဒပြတဲ့ ကျေင်းသားတွေဟာဆိုရင် အခုဆိုရင် လူခြောက် ဦးထက်မနည်း သေးဆုံးခဲ့ပြီး၊ ၄၀၀ ကျော်လောက် ဒဏ်ရရှိနေပါတယ်။ ဒီလိုဆန္ဒပြ အုံကြွမှုတွေကြောင့် ဘင်္ဂလာဒေရှ့် အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကိုလည်း ပိတ်ပင်ထားပါတယ်။

ဇူလိုင်လ (၁၆) ရက်နေ့ကတည်းက စတင်လာတဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုဟာဆိုရင် တဖြေးဖြေးနဲ့ ပြင်းထန်လာနေပါတယ်။ ဒီဆန္ဒပြပွဲကို ရဲတွေက ရော်ဘာတုတ်တွေ၊ မီးခိုးဗုံးတွေ၊ ရော်ဘာ ကျည်ဆံတွေနဲ့ ပစ်ခတ်ပြီး လူစုကွဲအောင် လုပ်နေပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဟာဆိုရင် လူဦးရေ သန်း ၁၇၀ ရှိပြီး လူငယ် ၃၂ သန်းနီးပါးမှာ အလုပ်နှင့် ပညာသင်ကြား ခွင့်အတွက် လက်လှမ်းမီနိုင်မှု မရှိ ဖြစ်နေပါတယ်။ လူဦးရေများပြီး အလုပ်အကိုင် မရှိတာကြောင့် အလုပ်လက်မဲ့ ဖြစ်တာတွေကို လျော့ချနိုင်ဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေရှ့် အစိုးရက ဒီအချက် တွေကို လစ်လျူရှုခဲ့ပါတယ်။

ဒီကျောင်းသားလှုပ်ရှားမှုမှာ သေဆုံးဒဏ်ရာ ရတာတွေရှိတဲ့အပြင်၊ ဖမ်းဆီးခံရတာတွေလည်းရှိနေပါတယ်။ ကျောင်းသားတွေကို ကျောင်းပြင်ပကိုထွက်ခိုင်းပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။

 

Saturday, July 20, 2024

ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွေမှာ AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံး ရပ်တန့်ဖို့ ချင်းပြည်ကောင်စီ (Chinland) ထုတ်ပြန်

 

ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွေ မှာ AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံး ရပ်တန့်ဖို့ ချင်းပြည်ကောင်စီ   (Chinland)  ထုတ်ပြန်

-------------





  ၂၀၂၄ ခုနှစ်၊ ဇူလိုင်၊ ၂၀ ရက်

ချင်းပြည်နယ်အတွင်း ချင်းညီနောင်အဖွဲ့ဝင်များကို စတင်ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းနှင့် အာရက္ခတပ်တော် ( AA ) သည် ချင်းနယ်နိမိတ်ကိုကျူးကျော် ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွါခဲ့ကြောင်းကို ချင်းပြည်ကောင်စီ ( Chanland ) က ဇူလိုင်၊ (၁၉) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်ကောင်စီ (Chinland) ၏ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေချိန်မှာ အခုလို  ချင်းပြည်အတွင်းသို့ အားကျူးကျော်နေသော ရန်သူမှန်သမျှတွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland) အစိုးရသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် ရည်မှန်းချက်တူညီသော မည်သည့် အဖွဲ့ အစည်း၊ မည်သည့် လူမျိုး၊ မည်သည့်အစိုးရနှင့်မဆို လက်တွဲ၍ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန် ချထားကာ၊ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများ၏ အကူ အညီကိုလည်း လိုအပ်သလိုရယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ချင်းပြည်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်နေချိန်မှာ ချင်းလူမျိုးအကြားသွေးကွဲသွား စေမည့်လုပ်ရပ်မျိုးကို လုံးဝလက်ခံမည်မဟုတ်ကြောင်းကိုလည်း ပြောဆိုထားပါတယ်။

ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသူအချင်းချင်းအကြား ချင်းပြည်အတွင်း ထိတွေ့ခိုက်မှု ဖြစ်ပွါးနေခြင်းသည် မလိုလားအပ်သည့် ပြသာနားများကိုဖြစ်စေကြောင်းကိုလည်း ထုတ်ပြန်ချက် မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ချင်းပြည်(Chinland)အစိုးရသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေချိန် တွင် အာရက္ခတပ်တော် (Arakan Army)အနေဖြင့် ချင်းပြည် (Chinland) နယ်နိမိတ်အတွင်း စစ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက်ကျူးကျော်နေသဖြင့်  တိုင်းရင်းသားအချင်းချင်းကြား မလိုလား အပ်သည့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။ ယခုလို အချင်းချင်းထိတွေ့မှုဖြစ်ခြင်းသည် ချင်းသမိုင်းတွင်း အဆိုးရွားဆုံးဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

Friday, May 31, 2024

ရခိုင်တွင် စစ်ကောင်စီမှအရပ်သား ၄၀ ကျော်ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်

ရခိုင်တွင် စစ်ကောင်စီမှအရပ်သား ၄၀ ကျော်ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်


၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၁

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ၂၀၂၄ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့က ဒေသခံ အရပ်သား ၂၀၀ ခန့်ကို စစ်ကောင်စီတပ် ခလရ (၂၀) တပ်ရင်းမှ ဖွဲ့ဝင်အင်းအား ၁၀၀ ခန့် ဗျိုင်းဖြူရွာ၏ အရှေ့ဖက်ရွာထဲရှိ ရေကန်ကြီး အနီးသို့ လက်ပြန်တုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ထိုဖမ်းဆီးခေါ်ဆောင်ခံရသော ဒေသခံအရပ်သား ၂၀၀ ကို နေပူထဲတွင် လက်ပြန်ကြိုးတုတ်ထားပြီး သေနတ်ဒင်ဖြင့် ရိုက်နှက်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ မေလ၊ ၃၁ ရက်နေ့တွင် အရပ်သား ၂၀၀ ထဲမှ ၄၀ ကျော်ကို သေနတ်ဖြင့်ပစ်သတ်လိုက်သည့်အပြင် အမျိုးသမီး ၃ ဦးကိုလည်း မုဒိန်းကျင့်သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရှိရပါသည်။

“အဲ့ဒီနေ့က စစ်ကားတွေနဲ့ စစ်သားတွေ အများကြီးရောက်လာတယ်။ ပြီးတော့ လူ ၂၀၀ လောက်ကို ဖမ်းခေါ် သွားတယ်။နောက်တနေ့တော့ လူအယောက် ၄၀ လောက်ကို ပစ်သတ်လိုက်တယ် အခုကျွန်တော်တို့လည်း ရွာထဲမှာ မနေရဲလို့ တိမ်းရှောင်နေရတယ်” ဟု အမည်မဖော်လိုတဲ့ ဒေသခံတဦးထံမှ သိရှိရပါသည်။

စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများမှာ ဦးကျော်ဆန်းဦး (ဗျိုင်းဖြူရွာ၊ အောင်ချမ်းသာရပ်ကွက်)၊ ဦးကျော်သိန်း (ဗျိုင်းဖြူရွာ ၊အောင်ချမ်းသာရပ်ကွက်)၊ ဦးကုလားအောင် (ဗျိုင်းဖြူရွာ၊အောင်ချမ်းသာရပ်ကွက်)၊ ဦးဖိုးသန်းစိန် (ဗျိုင်းဖြူရွာ၊ ဆက်ရိုးကျအရှေ့)၊ ဦးချဘုကောင် (ဗျိုင်းဖြူရွာ ၊ဆက်ရိုးကျအရှေ့) ဦးဘောက်သာ၏ သား( ဗျိုင်းဖြူရွာ၊ ဆက်ရိုးကျအရှေ့)၊ ကိုကိုမောင် (အသက် ၃၀ ကျော်)၊ ခင်မောင်အေး (အသက် ၃၆ )၊ကိုမောင်သန်း (အသက် ၂၉ )၊ ဦးကျော်နိုင် (အသက် ၄၂ )၊ ကိုမောင်ချီး (အသက် ၂၂ )၊ ရဲကျော် (အသက် ၂၁ )၊ ကိုအောင်နိုင်ဌေး (အသက် ၃၁)၊ ဦးဇော်မင်းထွန်း (အသက် ၄၀ ကျော်)၊ ဦးမောင်လှဦး (အသက် ၄၀ ကျော်)၊ ဦးသားချေ (အသက် ၃၀ ကျော်)၊ ဦးမြင့်ချေ (အသက် ၃၆)၊ ကိုဦးမောင်ဆန်း (အသက် ၂၆)၊ မောင်လှယေ (အသက် ၃၂)၊ မောင်ထွီး (အသက် ၂၂) ၊ ကိုမောင်လုံးချေ (အသက် ၄၀ )၊ ဦးဦးကျော်နိုင် (အသက် ၄၀ ကျော်)၊ဦးမောင်သိန်းထွန်း (အသက် ၅၀ ကျော်)၊ ဦးမောင်စံသား (အသက် ၆၀)၊ ဦးကျန်သာထွန်း (အသက် ၇၀)၊ဘုမောင် (အသက် ၁၈)၊ ဦးသန်းဌေးမောင် (အသက် ၄၀ ကျော်)၊ ဦးဖားချေ (အသက် ၅၀ ကျော်)၊ကိုကိုအောင် (အသက် ၃၆ )၊ ကိုအောင်သူချေ (အသက် ၂၉ )၊ မောင်ဖြိုးဖြိုးနိုင် (ဘ)ဦးမောင်သိန်းထွန်း (အသက် ၁၅)၊ ဦးဇော်ထွန်းနိုင် (အသက် ၃၅ )၊ ဦးကျော်လှ၊ ဦးကျော်ဝင်း၊ ဦးကုလားကြီး၊ ဦးကုလားချေ၊ ဦးမျိုးချေ၊ ဦးမျိုးသိန်းထွန်း၊ ဒေါ်ဦးခင်မြ၊ ဒေါ်မသန်းနု တို့ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံခဲ့ရပါသည်။

ယခု သေဆုံးသွားသည့်စာရင်းသည် ဇွန်လ၊ ၁ ရက်နေ့ နောက်ဆုံးပြုစုထားသည့် စာရင်းဖြစ်ပါသည်။အခြား အမည်မသိရသေးများကို ဆတ်လက်၍စုံစမ်းလျက်ရှိပါသည်။

AA က စစ်တွေမြို့ ကို မထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင်၊ အထွက် လမ်းများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပိတ်ဆို့ထားပြီး မြို့ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ် ကင်းလှည့်နေသည်ဟု သိရှိရပါသည်။

Thursday, May 23, 2024

Gsc တပ်ပေါင်းစုအတွင်းမှ အဖွဲ့အစည်းတချို့ ယာယီနှုတ်ထွက်

(GSC) တပ်ပေါင်းစုအတွင်း အဖွဲ့အစည်းတချို့ ယာယီနှုတ်ထွက် ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၄ ၂၀၂၁ ခုနှစ် ၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းပေါ်ပေါက်လာတဲ့ အထွေထွေ သပိတ်ကော်မတီ General Strike Committee (GSC) ဟာ တပ်ပေါင်းစုတခုအနေဖြင့် လည်ပတ်နေတာဖြစ်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး မှာ မူပိုင်းဆိုင်ရာကိစ္စတွေက တချို့နိုင်ငံရေးတော်လှန်ရေးအင်အားစုတွေနဲ့ သဘောထားတူညီမှု တွေရှိတာကြောင့် (GSC) မှာ တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ အတူတကွပါဝင် တော်လှန်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၂ ရက်နေ့က အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့က ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သတ်ပြီး သဘောထားတခု ကြေငြာချက်တစောင်ထွက်လာပါတယ်။

အဲ့အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့ထဲမှာ General Strike Committee (GSC) ကပါဝင်ထားတာကို တွေ့ရပါတယ်။

General Strike Committee (GSC) ဟာ တပ်ပေါင်းစုတခုဖြစ်တာကြောင့် (GSC) ပါဝင်မှုဟာ တပ်ပေါင်းစုတခုလုံး ပါဝင်မှုလို့ အများကယူဆနိုင်ပါတယ်။သို့သော် (GSC) ခြင်းသည် တပ်ပေါင်းစုထဲမှာပါသည့် အဖွဲ့အစည်းအားလုံးကို ကိုယ်စားမပြုဘူးဆိုတာကို ရခိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၂ ရက်စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာ (GSC) အနေဖြင့် တပ်ပေါင်းစုကိုယ်စားပြုမှုလုပ်ဆောင်တဲ့နေရာမှာ မိမိတို့အဖွဲ့အစည်း၏ ဆန္ဒသဘောထားအား ထင်ဟပ်မှုနှင့် အလေးထားစဉ်းစားမှုများ အထူးအားနည်းလာသဖြင့် (GSC) နဲ့ပူးပေါင်းဆောင်ရွက်မှု ယာယီရပ်နား လိုက်တယ်လို့ ဖော်ပြသွားပါတယ်။

ထို့နောက် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး (SDUF) တာဝန်ခံတဦးဖြစ်တဲ့ ကိုကျော်ကိုကိုက ဘူးသီးတောင်ကိစ္စကို တပ်ပေါင်းစုအတွင်း ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့အချိန်က တပ်ပေါင်းစုကိုယ်စားလှယ်တွေရဲ့ သဘောထားတွေနဲ့ ဆုံးဖြတ်ချက်တွေ မတူညီတာတွေ ရှိတဲ့အတွက် အစည်းအဝေးအတွင်း ကန့်ကွက်မှုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အခုလို (GSC) ကထုတ်ပြန်ချက်တွေမှာ ပါဝင်လိုက်တာကြောင့် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး အနဲ့ (GSC) မှာပါဝင်မှု ရပ်ဆိုင်းထားတယ်လို့ ကိုကျော်ကိုကိုရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

General Strike Committee (GSC) ၏ တပ်ပေါင်းစုအတွင်း ပါဝင်တဲ့အဖွဲ့အစည်းကိုယ်စားပြုမှုအသံတွေကို နားထောင်မှု အားနည်းလာတာကြောင့် အခုလို တပ်ပေါင်းစုအတွင်းက နှုတ်ထွက်မှုတွေဖြစ်လာတာပါ။

Sunday, May 19, 2024

ဘူးသီးတောင်မြို့တွင် တိုက်ပွဲပြင်းထန်မှုအကြား မူဆလင်အများအပြားသေဆုံး၊ဒဏ်ရာရရှိ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁၉ ရက် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မေလ (၁၇) ရက်နေ့တွင် စစ်ကောင်စီနှင့် ULA/AA တို့အကြားတိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး‌နှစ်ဖက်တိုက်ခိုက်မှုအကြား လေယာဉ် နဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် မူဆလင် (၃၀) နီးပါးခန့် သေဆုံးသွားခဲ့ပြီး၊ ရာဂဏန်းနီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ မေလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ်တွေအသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် ULA/AA ဘက်ကလည်း ညနေ (၄) ခန့်လောက်မှာ ဒရုန်းနဲ့ဗုံးကြဲသွားခဲ့တယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုတွင် ရွာတွေပါ မီးရှို့ခံရသည့်အပြင် အထက်တန်းကျောင်ရှိ ခိုလုံနေတဲ့ မူဆလင်တွေ သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဘူးသီးတောင်ဖြစ်စဉ်ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက War has rules ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားခြင်းမှာ “ဘူးသီးတောင်မြို့မသိမ်းခင် AA မှ မူဆလင်တွေကိုခေါ်ပြီး ရွာမှထွက်သွားဖို့ပြောတယ် နောက်နေ့ ဘူးသီးတာင်မှာ မီးရှို့ခံရတယ်၊ စစ်ပွဲမှာ စည်းကမ်းရှိဖို့လိုတယ်လို့” ရေးသားထားပါတယ်။ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုးနေဆန်းလွင်က သူဖေ့ဘုခ် စာမျက်နှာတွင် “ဘူးသီးတောင်မြို့ပေါ်ရှိ ရိုဟင်ဂျာနေအိမ် တွေကို AA ကမီးရှို့လိုက်လို့ ပြာဖြစ်သွားတယ် တစ်သိန်းခွဲကျော်လောက်ရှိမယ့် ရိုဟင်ဂျာတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး အစားအသောက်မရှိ၊ ခိုလှုံစရာမရှိလို့” ပြောထားပါတယ်။ထို့နောက် အင်တာဗျူးတခုတွင်လည်း AA မှ ရိုဟင်ဂျာ နေအိမ် များကို မီးရှို့သွားကြောင်း အခိုင်အမာပြောကြားထားပါတယ်။ ဘူးသီးတောင်တိုက်ပွဲဖြစ်စဉ်နဲ့ ULA/AA ပြောခွင့်ရ ခိုင်သုခ မှ နိရိဉ္စရာသတင်းဌာန အင်တာဗျူးမှာ “မီးရှို့ဖျတ်စီးတာ မရှိဘူးလို့ဖြေကြားထားပါတယ်။အခြေခံစာသင်ကျောင်းကိုလည်း အရပ်သားပစ်မှတ်ထားတာမရှိဘူးလို့” ပြောကြား ထားပါတယ်။ ဘူးသီးတောင်မြို့ကို မေလ (၁၈) ရက်နေ့က သိမ်းလိုက်ပြီး စစ်ကောင်စီမှဖမ်းဆီးထားသည့် မူဆလင်များကို ကယ် ထုတ်နိုင်ခဲ့ပုံတွေကို AA မှ ဗွီဒီယိုနှင့်တကွထုတ်ပြန်ထားပါတယ်။ ဘူးသီးတောင်တွင် နှစ်ဘက်တိုက်ပွဲများအကြား မူဆလင်နေအိမ်များမီးရှို့ခံမှု၊ မူဆလင်အများအပြားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတို့သည် စစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများဖြစ်ပါသည်။

Saturday, May 18, 2024

KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ

KIA မှ ထိန်းချုပ်နယ်မြေရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁၈ ရက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှနိုင်ငံအာဏာကို သိမ်းယူလိုက်ပြီးနောက် အာဏာသိမ်းခြင်းကိုလက်မခံသည့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဟာ အာဏာသိမ်းခြင်းသည် အဓမ္မ ဖြစ်ပြီး ဓမ္မဘက်ကသာ ရပ်တည်မည်ဟု KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်ဘလန်၏ စကားအတိုင်း KIA ဟာအဖိနှိပ်ခံပြည်သူတရပ်လုံးနဲ့ရပ်တည်ကာ စစ်ကောင်စီတပ်များကို စတင်ထိုးစစ်ဆင်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာ သိမ်းလိုက်ပြီးနောက် နွေဦးတော်လှန်ရေးတွင်ပေါက်ဖွားလာသည့် PDF များနှင့် တိုက်ပွဲများတစနှင့်တစ ကြီးထွားလာခဲ့ ပါတယ်။သို့သော် KIA အနေဖြင့် အစပိုင်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF များကိုသာ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း KIA မှ စစ်ရေးတွင် ဦးဆောင်ကာ PDF ပူးပေါင်းတပ်များနှင့်အတူ စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့သိမ်းတိုက်ပွဲအထိ ထင်ထင်ရှား ရှား ပါဝင်တိုက်ခိုက်တာကိုတွေ့နိုင်ပါတယ်။ ထို့နောက် (၀၃၀၇) စစ်ဆင်းရေးဖြင့် ကချင်ပြည်အတွင်းမှ စစ်ကောင်စီတပ် အားလုံး ရှင်းလင်းရန် အတွက် ထိုးစစ်များကို အရှိန်ဟုန်ပြင်းစွာဖြင့်တိုက်ပွဲဖော်ဆောင်လာခဲ့ပါတယ်။ KIA ဌာနချုပ်ရှိရာလိုင်ဇာမြို့ကို ခြိမ်းခြောက် နေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ တပ်ရင်း၊စခန်းများကို ခြေမှုန်းပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များကိုပါ KIA မှ သိမ်းပိုက်လာသည်ကို တွေ့ရပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၀) ရက်နေ့တွင် ကချင်ပြည်၊ အင်ဂျင်းယန်မြို့ကို စတင်း သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ၊ မော်လူးမြို့ကိုပါ PDF ပူးပေါင်း တပ်များနှင့်အတူ စတင်သိမ်းပိုက်ခဲ့ပါ တယ်။၂၀၂၄ ဇန်နဝါရီလ (၂၀) တွင် ရှမ်းမြောက်ရှိ မံစီမြို့နယ်၊ မဘိမ်မြို့အပါအဝင်၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် မြစ်ကြီးနား မြို့နယ်၊ ဆင်ဘိုမြို့ ၊ မတ်လ (၂၉) ရက်နေ့တွင် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်တခုဖြစ်သည့် လွယ်ဂျယ်မြို့၊ မေလ (၅) ရက်နေ့ တွင် ကချင်ပြည်နယ်၊ ဆွမ်ဘရာမြို့ စသည့် မြို့(၆) မြို့ကို KIA မှ သိမ်းပိုက်ထားပါတယ်။ဆက်လက်ပြီး မိုးမောက်မြို့၊ ရွှေ နှင့် ပယင်းများထွက်ရှိရာ တနိုင်း တို့ကို KIA အပြင်းအထန်ထိုး စစ်ဆင်တိုက်ခိုက်လျှက်ရှိနေပါတယ်။ KIA ၏ စစ်ရေးအရဦးဆောင်ဦးရွက်ပြုမှုသည် ကချင်ဒေသ ၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းဒေသအထိ တိုက်ခိုက်ခြင်း သည် နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် များစွာအထောက်အကူပြုဖြစ်စေပါသည်။စစ်ရေးအ ရှိန် မြင့်လားတဲ့ KIA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ကချင်၊ ရှမ်းမြောက်၊ မန္တလေးတိုင်းရှိ မဟာ မိတ် များနှင့် ပူးတွဲတိုက်ကွက်ဖော်လာတာကြောင့် စစ်ကောင်စီတပ်များ ကချင်ဒေသမှာ အထိနာနေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...